MyCars Myanmar

ဇူလိုင် လမှာ ထုတ်လုပ်မှုတွေ ရပ်ဆိုင်း သွားတော့မယ့် Hyundai Veloster ကားများ!

တောင်ကိုရီးယား သတင်း Hankyung ရဲ့အဆိုအရတော့ Hyundai ဟာ သူတို့ရဲ့ Veloster ကား ထုတ်လုပ် မှုတွေကို နိုင်ငံတွင်းမှာ လာမယ့် ဇူလိုင် လ ကုန်မှာတင် ရပ်ဆိုင်းသွားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ သတင်း ရင်းမြစ် အရတော့ Veloster ကားလေးဟာ သက်တမ်း ၁၁ နှစ် အကုန်မှာတင် ဆက်လက် ခရီးဆက်ဖို့ မဖြစ်နိုင် တော့ ဘူးလို့ ဆိုထားပါတယ်။ အဆိုပါ ဆုံးဖြတ်ချက်ကို Hyundai တို့ ချပြရတာက တော့ နောက်လာမယ့် မျိုးဆက်သစ် Kona ကားသစ် ထုတ်လုပ်မှုတွေကို ပိုပြီး အစားထိုး မြှင့်တင်ဖို့ ဖြစ်ပြီး တောင်ကိုရီးယား ဈေးကွက်အတွင်း Avante N လို့ လူသိများတဲ့ Elantra N ရောင်းအားတွေကိုလည်း မြင့်တက် စေချင်လို့ ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit: motor 1.com

လက်ရှိမှာတော့ Hyundai ဟာ Veloster N အမျိုးအစားကိုသာ သီးသန့် ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ အဆိုပါ ကားတွေကိုတော့ Hyundai ရဲ့ Ulsan 1 စက်ရုံကြီးထဲက Production Line တွေမှာ ထုတ်လုပ်နေ တာ ဖြစ်ပါတယ်။ မျိုးဆက်သစ် Kona လာမယ့်နှစ်ထဲ ရောက်လာတော့မှာနဲ့ အတူ Veloster တို့ရဲ့ အဆုံး သတ်ကလည်း အောင်မြင်မှုတွေ နဲ့ပဲ နှုတ်ဆက် အဆုံးသတ်နိုင်ဖို့ လိုအပ်လာခဲ့ပါပြီ။ လက်ရှိ သတင်းတွေ အရတော့ ဈေးကွက်ပိုင်း အကြိုက်တွေ့မှုတွေ မှာ တောင်ကိုရီးယား ပြည်တွင်းအပြင် အခြားသော ကမ္ဘာ့ ဈေးကွက်တွေထဲမှာလည်း Veloster N ထက် Elantra N ကို ပိုကြိုက်ကြတာ တွေ့ရပါတယ်။ ဒါ့အပြင် Veloster N ကိုလည်း မနှစ်က စတင် မိတ်ဆက်ခဲ့ကတည်းကိုက ထင်ထား သလောက် သိပ်မရောင်းရ ခဲ့ရ တာပါ။ တကယ်တော့လည်း အဆိုပါ ကားနှစ်မျိုးရဲ့ စွမ်းဆောင်ရည် အမြင့်ပိုင်းတွေက မတိမ်းမယိမ်း ဖြစ်နေ လို့သာ အခုလို ဖြစ်ရတာပါ။

Photo Credit: motor 1.com

လက်ရှိ အနေအထားအရတော့ မျိုးဆက်သစ် Hyundai Kona ကို အများ ပြည်သူသုံး လမ်းတွေမှာ မြင်တွေ့ ထားရပြီ ဖြစ်ပြီး Camouflage ခပ်နည်းနည်းနဲ့ကို ရုပ်လုံးပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒုတိယမြောက် မျိုးဆက် သစ် အဆိုပါ Kona ကား ကတော့ ယခင် အတိုင်း Headlight အခွဲ ပုံစံမျိုးကို သုံးလာနိုင်ပုံ ရပါတယ်။ မျှော်လင့်ရသလောက် ကတော့ လာမယ့် ၂၀၂၃ အရောက် မှာ Kona အသစ်ကို ချပြလာနိုင်ဖွယ်ရာ ရှိပြီး Facelifted Model အသစ်ကိုလည်း ပြီးခဲ့တဲ့ ၂၀၂၀ နှောင်းပိုင်း လောက်ကမှ ချပြခဲ့ဖူးတာကြောင့် ဒီအချိန် က ပိုဖြစ်နိုင်နေတာပါ။ လက်ရှိမှာတော့ တစ်စုံတစ်ရာအတည်ပြုထားတာ မရှိသေးပေမယ့် အဆိုပါ မျိုးဆက် သစ်ကားကို မျှော်လင့်ရင်း Hybrid နဲ့ လျှပ်စစ်သီးသန့် Version တွေ ကိုပါ မျှော်လင့်လို့ ရလာနိုင်ပြီ ဖြစ်ပါ တယ်။

Ref: motor 1.com

Exit mobile version