MyCars Myanmar

လူနဲ့ အတူတူကနိုင်နေပြီ ဖြစ်တဲ့ Hyundai ရဲ့ စက်ရုပ်ခွေးလေး !

Hyundai Motor Group to Acquire Controlling Interest in Boston Dynamics from SoftBank Group, Boston Dynamics' Spot® and Atlas (PRNewsfoto/Hyundai Motor Group)

Boston Dynamics ဆိုတဲ့ စက်ရုပ်ကုမ္ပဏီကို တောင်ကိုရီးယား ကားကုမ္ပဏီ Hyundai တို့ ဝယ်ယူလိုက် ပြီး ကတည်းက သူတို့ရဲ့ပထမဆုံးစက်ရုပ်ဖန်တီးမှုအဖြစ် ခွေးပုံစံ Robot Dog လေးကို ပြုလုပ်ခဲ့ကြပါတယ်။ အခုဆိုရင် တော့ ကုမ္ပဏီရဲ့ အင်ဂျင်နီယာနဲ့ ဒီဇိုင်းပိုင်း ပညာရှင်တွေ ကြိုးပမ်းမှုနဲ့အတူ စက်ရုပ်လေးမှာ ပိုကောင်းတဲ့ Sensors တွေ ၊ စက်ရုပ်ကို ထိန်းချုပ်နိုင်မယ့် Tablet အသစ်တစ်ခုနဲ့ အတူ ပိုမြန် ပိုကောင်းတဲ့ အားသွင်းစက်တို့လည်း ပါဝင်လာ နိုင်ပြီ ဖြစ်ပါတယ်။ ဒါတင်မက သေးပါဘူး ထူးထူးခြားခြားပဲ လှလှပပ တောင် ကပြနိုင်တဲ့ အထိ တိုးတက်လာပါတယ်။ လက်ရှိ မြင်ရသလောက်ကတော့ အဆိုပါ စက်ရုပ်လေးရဲ့ ကိုယ်ထည်ပေါ်မှာ ကင်မရာ ၅ လုံး အထိ ရှိထားပြီး အရောင် အသွေးတွေ အကုန်လုံး ခွဲခြားနိုင်ပြီလို့လည်း သိရပါတယ်။ တကယ်တော့ စက်ရုပ်အတွက် အရောင်ခွဲခြားနိုင်ဖို့ မလိုအပ်ဘူးဆိုပေမယ့် တစ်ချို့သောလုပ် ငန်း တွေမှာတော့ အရောင်ကွဲပြားဖို့က အရေးကြီးတာကြောင့် ထည့်ပေးထားတာ ဖြစ်ပါတယ်။ အခုလို တိုးတက်လာတဲ့ ‌အခြေအနေမှာမှ ပိုကောင်းစေမယ့် Remote Operation Software ဒါမှမဟုတ် Tablet တို့ကို သုံးပြီး စက်ရုပ်လေးကို ကောင်းကောင်း ထိန်းချုပ်နိုင် တော့မှာပါ။ အခု Robot Dog လေးအတွက် ဒီတစ်ခေါက် အကြီးမားဆုံးတိုးတက်လာတဲ့ တစ်ချက်ကိုပြပါဆိုရင်တော့ Tablet လေး ပါဝင်လာတာပါပဲ။ စက်ရုပ်လေးကို အဆိုပါ Tablet ကနေတစ်ဆင့် အဝေးကနေ ထိန်းချုပ်တာမျိုး လုပ်လာနိုင်သလို ဒါမှမဟုတ် စက်ရုပ် ကိုယ်တိုင်ကလည်း ပိုစမတ်ကျတဲ့ လုပ်ဆောင်ချက်တွေနဲ့ မောင်းသူမဲ့ လုပ်ငန်း ပိုင်းတွေ ကို ဖန်တီး လာနိုင်ပြီ ဖြစ်ပါတယ်။ စက်ရုပ်ကို အားသွင်းပေမယ့် Charger ကလည်း ပိုမြန် ၊ ပိုကောင်းလာခဲ့သလို ဘက် ထရီအပြည့် အားသွင်းထားဖို့ကိုတောင် ၁ နာရီပဲကြာမြင့်တော့မှာပါ။ ဒ့ါအပြင် နောက်ထပ် ပိုလွယ်ကူသွားတဲ့ တစ်ချက်ကတော့ စက်ရုပ်လေးနဲ့ ဘက်ထရီပိုင်း တွေဖြုတ်တပ်လဲ ရတာဖြစ်ပြီး အတော်လေး အဆင်ပြေစေ ပါတယ်။ အဆိုပါ စက်ရုပ် ကုမ္ပဏီကို ပြီးခဲ့တဲ့ ၂၀၂၀ ကတည်းက Hyundai တို့ ဝယ်ယူပြီး နောက်ပိုင်းမှာ တင် စက်ရုပ်တွေကို ကုမ္ပဏီမှာ နည်းအမျိုးမျိုး နဲ့ စတင် အသုံးချလာနေခဲ့တာ ဖြစ်ပါတယ်။

Kia ရဲ့ တောင်ကိုရီးယား ကားထုတ်လုပ်ရေး စက်ရုံ ထဲမှာလည်း ၂၀၂၁ စက်တင်ဘာ လ ကတည်းက အခု လို စက်ရုပ်လေး တစ်ရုပ်ပို့ကာ ဝန်ဆောင်မှု ပေးထား စေပါ သေးတယ်။ အဆိုပါ စက်ရုပ်လေးကိုတော့ စက်ရုံဝန်ဆောင်မှု အတွက် သုံးဖို့ ရည်ရွယ်ကာ ပေးထားခဲ့တာ ဖြစ်ပြီး စက်ပိုင်း ဆိုင်ရာ လုပ်ငန်းကြီးတွေ ၊ လူရှိမရှိ ထောက်လှမ်းတာမျိုး တွေ ၊ အပူချိန် အရမ်းများပြီး မီးအန္တရာယ်ရှိနိုင်တဲ့ နေရာမျိုးတွေမှာဝင် အလုပ် လုပ်နိုင်တာတွေနဲ့ တံခါးတွေ ပိတ်ထားလား ၊ ဖွင့်ထားလား စတာမျိုးတွေ ကအစ ကောင်းကောင်း အသုံးပြု နိုင်နေပြီ ဖြစ်ပါတယ်။ အဆိုပါ Spot စက်ရုပ်လေး ကတော့ ကုမ္ပဏီ ရဲ့ Brand Ambassador ကိုရီးယားရဲ့ နာမည်ကျော် BTS အနုပညာ ရှင် အဖွဲ့နဲ့ ပူးပေါင်းဖန်တီးထားတဲ့ ရောင်းအား မြှင့်တင့်ရေး Video တစ်ခုမှာ တောင် ပါဝင်ခဲ့ဖူးပါသေးတယ်။ အဆိုပါ Video ထဲမှာလည်း စက်ရုပ်လေးက အတော်ကို အံ့အားသင့်ဖို့ ကောင်းလောက်တဲ့ ကကွက်လေးတွေ ကပြနိုင်ခဲ့သေးတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် တော်တော်လေးကို ထူးခြား တိုးတက်လာနေပြီ ဖြစ်တဲ့ အဆိုပါ စက်ရုပ်လေးကို အခုလိုမျိုး အကျိုး ရှိတဲ့ စက်ရုံ လုပ်ငန်းတွေမှာပဲ ကူညီ ပေးနိုင်ဖို့  မျှော်လင့်ရပြီး သိပ္ပံရုပ်ရှင်တွေထဲကလိုမျိုး လက်နက်တွေနဲ့ သုံးတာ မျိုးတော့ မဖြစ်လာပါစေနဲ့လို့ ပဲ ‌ဆုတောင်းရမှာပါ။

Ref: motor 1.com

Exit mobile version