MyCars Myanmar

မီးလောင်နိုင်ခြေရှိလို့ ပြန်လည် သိမ်းဆည်းရမယ့် Hyundai Palisade နဲ့ Kia Telluride!

Ford Expedition တို့လိုမျိုး လျှပ်စစ်ကား အတော် များများရဲ့ မီးလောင်တတ်တဲ့ ပြဿနာတွေကို ကြားနေကြရတာနဲ့တင် အခြားသော အမျိုးအစားတွေရဲ့ သာမန်အင်ဂျင်ကားတွေ ကတော့ဒီလို ပြဿနာမကြုံတော့ ဘူးလား ဆိုတော့လည်း မဟုတ်ပြန်တာကို အခု Hyundai Palisade နဲ့ Kia Telluride တို့မှာ မြင်ရပါပြီ။ အလားတူ ပြဿနာ မျိုးကို ဒီကား ၂ စီးမှာ အခုကြုံတွေ့ရပြီ ဖြစ်ပြီး စက်ရုံကထုတ်ကတည်းက ဖြစ်ဖြစ် ၊ အရောင်းကိုယ်စားလှယ် ဆီက ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ပိုင်ရှင်လက်ထဲ ရောက်ပြီးမှပဲ ဖြစ်ဖြစ် တပ်ဆင်ထားတဲ့ နောက်တွဲအတွက် Trailer ဝိုင်ယာ ကြိုးတွေက အပူလွန်ကဲပြီး မီးထလောင်တတ်တာပဲ ဖြစ်ပါတယ်။ အဆိုပါ အနေအထားကို ပြန်လည် မပြင်ဆင်ပေးရ သ၍ ကားတွေကို အိမ်အပြင်ဘက်မှာပဲ ရပ်ထားကြဖို့တော့ တိုက်တွန်းထားပါတယ်။

Photo Credit: MotorTrend

အခု ပြဿနာကြောင့် ပြန်လည် သိမ်းဆည်းရမယ့် ကားတွေကတော့ ၂၀၂၀ ကနေ ၂၀၂၂ အတွင်း ထုတ်လုပ်ထားတဲ့ အဆိုပါ ကားအမျိုးအစား ၂ မျိုးဖြစ်ပြီး အဓိက နေရာကတော့ နောက်တွဲကို SUV ရဲ့ မီးလုံးတွေနဲ့ တွဲဖက်ချိတ်ဆက် ထားတဲ့ Four-Pin Trailer Connector မှာ ပြဿနာ ဖြစ်နေတာပါ။ NHTSA ရဲ့ သတင်း ထုတ်ပြန်ချက်အရတော့ ထုတ်လုပ်တဲ့ အဆင့်မှာကို ကတည်းကအစိုဓာတ် တစ်ချို့ကြောင့် PCB ပြဿနာ နဲ့ လျှပ်စစ်ရှော့ ရှိထာ ပုံရတယ်လို့ သိရပါတယ်။ ပုံမှန်အားဖြင့်ကတော့ အဆိုပါ ပစ္စည်းတွေကို စက်ရုံမှာကတည်းက တပ်ဆင်ပေးလိုက်တာ ဖြစ်ပေမယ့် ကားဝယ်ပြီးမှ Showroom ဒါမှမဟုတ် ပိုင်ရှင်ကိုယ်တိုင်က သပ်သပ်ဝယ်တပ်တာမျိုးလည်း လုပ်လို့ ရပါသေးတယ်။ ဘယ်လိုပဲ တပ်ဆင်ဆင် အဓိက အရေးကြီးတဲ့ ပြဿနာကို ရှာမယ်ဆိုရင်တော့ ကားရဲ့ မူလဆားကစ်ပြားမှာ ကတည်း ကိုကရှော့ ရှိနေနိုင်တာပဲ ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိကတော့ အခုလို အိမ်အပြင်ဘက်မှာပဲ ရပ်တန့် ထားဖို့ ညွှန်ကြားချက်တွေကို အဆိုပါ ကားအစီးရေ ၂၈၁,၀၀၀ မှာပဲ ရရှိထားပါတယ်။ တကယ်ကို မီးထလောင်တာ ကြုံထားရတဲ့ Telluride နဲ့ Palisade ‌ကား ၄ စီးလည်း ရှိထားခဲ့ပြီးကား အစီး ရေ ၂၀ မှာတော့ မီးမလောင်ပေမယ့် ဝါယာ အရည်ပျော်တာမျိုး ရှိခဲ့တယ်လို့ သိရပါတယ်။ အခုလို ကားအရေအတွက် အများအပြားအထိ ပြန်လည် သိမ်းဆည်း ရတာကတော့ ကားအစီးရေ အတော်များများမှာ စက်ရုံက ထုတ်လုပ်ပြီးမှ အပို ထပ်တပ်ဆင်ထားတာ မျိုးတွေ ရှိနိုင်သေးလို့ပဲ ဖြစ်ပါတယ်။

Photo Credit: MotorTrend

တကယ်လို့ ကိုယ့်ကားက ဒီ အမျိုးအစားထဲက ဖြစ်နေပြီး အန္တရာယ်ရှိမရှိ သိချင်တယ်ဆိုရင်တော့ ဝယ်ယူခဲ့တဲ့ အရောင်းကိုယ်စားလှယ်ဆိုင်ကို အကြောင်းကြားကာ အဆိုပါ ပစ္စည်းတပ်ဆင်ထားခြင်း ရှိမရှိ မှတ်တမ်း ကို ပြန်လည် စစ်ဆေးပေးရမှာပါ။ ဒါပေမယ့်လည်း ကိုယ့်ကားမှာ တပ်ဆင်ထားတဲ့ မှတ်တမ်းကို မတွေ့ရဘူး ဆိုရင် တောင် အလုံးစုံ စိတ်ချရတဲ့ အနေအထားလို့ မသတ်မှတ်နိုင်သေးပါဘူး။ အကြောင်းကတော့ Hyundai ဒါမှမဟုတ် Kia က တရားဝင် ထုတ်ထားတဲ့  ပစ္စည်း ဟုတ်မဟုတ်ကိုလည်း သေချာစစ်ဆေးဖို့ လိုအပ်ပါသေးတယ်။ ဒါကို မှသေသေချာချာ မသိရသေးဘူး ဆိုရင်တော့ ကုမ္ပဏီကို သွားပြီး ကိုယ့်ကားမှာ တပ်ဆင်ထားမိတဲ့ အဆိုပါ ပစ္စည်း ဝါယာကြိုးက ကုမ္ပဏီက ထုတ်ထားတာလည်း ပြင်ပဝယ်တပ်ထားမိတာလားဆိုတာ သေချာအောင် စစ်ဆေးလို့ ရသေးပြီး နောက်ဆုံးအဆင့် အန္တရာယ်ကင်းဖို့ ကတော့ အိမ်အပြင် ဘက်မှာ ရပ်တန့်ထားလိုက်ဖို့ပဲ ဖြစ်ပါတယ်။

Ref: MotorTrend

Exit mobile version