MyCars Myanmar

ခေါင်မိုးပေါ်လိပ်တင်လို့ရမယ့် အနောက်ဖက် ထိုးတံခါးကို ဖန်တီးနေတဲ့ Hyundai !

SUV ကားတွေအတွက် ရည်ရွယ်ထားတဲ့ အနောက်ဘက် ထိုးတံခါးပုံစံ အသစ်ခပ်ဆန်းဆန်းကို အမေရိကန် ရဲ့ မူပိုင်ခွင့် ရုံးမှာ တောင်ကိုရီးယား ကားကုမ္ပဏီတွေဖြစ်ကြတဲ့ Hyundai နဲ့ Kia တို့က မှတ်ပုံတင် လိုက်ကြ ပါတယ်။ ပထမဆုံး ကတော့ အဆိုပါ ပုံစံကို Nissan Z Forum ဆီက နေမြင်ခဲ့ကြရတာဖြစ်ပြီး ပုံကြမ်းတွေ အရတော့ ကားရဲ့ အနောက်ဘက် တံခါးကို လမ်းကြောင်းလေး ဖန်တီးထားပြီး ထိုးတံခါးလို လုပ်ပေးမှာပါ။ ဒါပေမယ့် ယခင် Minivan တစ်ချို့မှာမြင်ခဲ့ရတဲ့ ဘေးဘက် Sliding ထိုးတံခါးလိုမဟုတ်ပဲ အခုတံခါးအသစ် ကတော့ အမိုးပေါ်ကို တွန်းတင် နိုင်မယ့် ထိုးတံခါး ဒီဇိုင်းအသစ် ဖြစ်နေပါတယ်။

Photo Credit: MotorAuthority

အခု နည်းပညာအသစ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ နေရာစား သက်သာစေဖို့ဖြစ်ပြီး အရင်လို နောက် အဖုံးကြီးလှန်ဖွင့်နေစရာ မလိုတော့တာကြောင့် နေရာမပုပ်သွားတော့ပဲ ဂိုဒေါင်တွေထဲလည်းသုံးဖို့ရာ အဆင် ပြေနိုင်ပါတယ်။ ဒါ့အပြင် ကားအနောက် တံခါးသွားဖွင့်ဖို့ အတွက် လူတစ်ယောက်က သပ်သပ်သွားပြီး အဖွင့် အပိတ် လုပ်ပေးနေစရာ လည်း မလိုတော့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခု တံခါးကို ဖန်တီးရမှာက တော့ သာမန်ထက် ပိုပြီး တော်တော် လေး လက်ဝင်ဖို့ ရှိနေပါတယ်။ ကားရဲ့ အမိုးပေါ် လမ်းကြောင်းလေး ဖောက်နိုင်ဖို့အတွက် နေရာရှာဖို့ အင်ဂျင်နီယာတွေ ကြိုးစားရမှာ ဖြစ်သလို Minivan တွေရဲ့ ထိုးတံခါး ထက် လည်း သိသိသာသာတော့ ပိုပြီး ခုံးလာနိုင် ပါတယ်။ အဆိုပါ တံခါးကို ဖွင့်ထားမယ်ဆိုရင်လည်းအမိုးနဲ့ညိ နေနိုင်မယ့် ပြဿနာနဲ့အမိုးပေါ်က ကုန်တင်ထားချင် သူတွေ အတွက်တော့ နည်းနည်း ပြဿနာရှိလာ နိုင်ပါ သေးတယ်။

Photo Credit: MotorAuthority

အခုကတော့ နည်းပညာ အကြမ်းထည် အဆင့်ပဲ ရှိ‌သေးတာကြောင့် Hyundai ရော Kia ရောကပါ ဘယ် ကားမော်ဒယ် တွေမှာ ထည့်လာမလဲဆိုတာ မဖော်ပြ‌ထား သေးပါဘူး။ လက်ရှိ မှာတော့ ဒီဇိုင်းအတွက် မူပိုင် ခွင့်သာအရင် တင်ထား သေးတဲ့ သဘောဖြစ်ပေမယ့် အခုလို နေရာကျယ်ကျယ် ပေးနိုင်မယ့် အနာဂါတ် လျှပ်စစ် SUV ကားတွေလည်း Hyundai နဲ့ Kia တို့ထံက ထွက်လာနိုင်သေးတာကြောင့် စောင့်ကြည့်ရဖို့ ရှိနေပါသေးတယ်။ အခုလိုမျိုး ကားနောက်ဖုံးနဲ့ ပတ်သက်လို့ မတူကွဲပြားတဲ့ နည်းပညာအသစ် အဆန်းတွေ ကိုလည်း မြင်ခဲ့ကြရဖူးပြီး Ford ဆိုရင်လည်း Trisected Design ဆိုတဲ့ တံခါး ဒီဇိုင်းကို ရည်ရွယ်ထားသလို ၊ Rivian ကလည်း Telescoping And Folding Tailgate ဆိုတဲ့ တံခါးကို မှတ်ပုံတင်ထား ကြတာကြောင့် ဘယ်ဒီဇိုင်းက အရင်ဆုံး လက်တွေ့မှာ အဆင်ပြေလာမလဲ စောင့်ကြည့်ကြရမှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority

Exit mobile version