MyCars Myanmar

ဂတ်စ်အင်ဂျင်နဲ့ ပွဲထွက်လာမှာဖြစ်တဲ့ မျိုးဆက်သစ် Hyundai Elantra N!

Hyundai ရဲ့ နာမည်ကျော် N Series အသစ်တွေအတွက် သတင်းကောင်းရော သတင်းဆိုးရော တစ်ပြိုင်နက် ထွက်ပေါ်လာ ခဲ့ပါတယ်။ သတင်းကောင်းကတော့ မျိုးဆက်သစ် Elantra N ကားက ဂတ်စ်အင်ဂျင်နဲ့ ပဲ ဆက်လက် ပွဲထွက်လာဦးမယ် ဆိုတာပဲဖြစ်ကာ သတင်းဆိုးကတော့ i30 N ကားက ဂတ်စ်အင်ဂျင် မဟုတ်လာ နိုင်တာပါပဲ။ အခု သတင်းတွေကိုတော့ N Brand ကားတွေရဲ့ ၄ ကြိမ်မြောက် ပုံမှန်တွေ့ ဆုံပွဲမှာ ကုမ္ပဏီရဲ့ Executive Technical Advisor တစ်ဦးဖြစ်သူ Albert Biermann ကိုယ်တိုင်က CarExpert သတင်းကို အတည်ပြု ပေးခဲ့တာပါ။ ၎င်းကတော့ i30 N Sedan ကားအမျိုးအစားက မျိုးဆက်သစ်ကား အနေနဲ့ဆိုရင် လျှပ်စစ် မဟုတ်သေးပဲ ဓာတ်ဆီ အင်ဂျင်ကိုပဲ သုံးထားမှာ ဖြစ်တယ်လို့ ဆိုထားပြီး အဆိုပါကားကို တစ်ချို့ ဈေးကွက်တွေမှာ Elantra N လို့ ခေါ်ဆိုပြီး တောင်ကိုရီးယားဈေးကွက်ထဲ မှာဆိုရင်တော့ Avante N လို့ လူသိများတာလည်း ဖြစ်ပါတယ်။

Photo Credit: motor 1.com

ဒါကြောင့် တစ်ဖက်က အမျိုးအစားတူကားပုံစံ ကွဲတဲ့ i30 N Hatchback ကားမှာ ဆိုရင်တော့ ဓာတ်ဆီ ကား အနေနဲ့ အနာဂတ် မသေချာတော့တာ ဖြစ်ပါတယ်။ အဆိုပါ ကားက‌လည်း နဂိုကတည်းက ကာဗွန် စည်းမျဉ်းတွေ တင်းကြပ်လာနေတဲ့ ဥရောပ ဈေးကွက် အတွက် အဓိကတင်ပို့ ထုတ်လုပ်နေတာဖြစ်ပြီး အခုဆိုရင်လည်း ပိုပြီး ကြပ်တည်းလာတဲ့ Euro 7 Standard အသစ်တွေကြောင့်တစ်ချို့ ဈေးကွက်တွေထဲ N တံဆိပ်နဲ့ စွမ်းဆောင်ရည် မြင့် ကား တစ်ချို့ကို လက်လွှတ်လာရဖို့ ရှိနေတာပါ။ Albert ရဲ့ အဆိုအရတော့ ဥရောပ ဈေးကွက်အတွင်းက အခုလို စည်းမျဉ်းတွေကြောင့် အင်ဂျင်ကား ဖြစ်ကြတဲ့ N ကားတွေ အတွက် အနာဂတ် မသေချာဖြစ်လာနေပြီး Kona N Crossover အတွက်ပါ ရှေ့ဆက်ဖို့က မသေမချာဖြစ်လာ နိုင်ပြန်ပါတယ်။

Photo Credit: motor 1.com

ဒါပေမယ့် ပိုသေးတဲ့ အင်ဂျင်ဖြစ်တဲ့ 1.6 Liter အင်ဂျင်သုံးထားတဲ့ i20 N ကားတွေကိုတော့ ဆက်ပြီး ထုတ်လုပ် ပေးလာနိုင်ကာ ပိုကောင်းတဲ့ စွမ်းဆောင်ရည်နဲ့ Turbo သုံးထားတဲ့ 2.0 Liter Engine ကားတွေ ကတော့ အနှေးနဲ့ အမြန်ပျောက်ကွယ်လာ နိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် Albert ကတော့ ဈေးကွက်အကုန် မဟုတ်ရင်တောင်မှ တစ်ချို့သော ဈေးကွက်တွေအတွက် ပိုကောင်းတဲ့ 2.5 Liter အင်ဂျင်နဲ့ ကားတွေကို အစားထိုးပေးလာ နိုင်သေးတယ် လို့ ဆိုထားသေးတာကြောင့် မျှော်လင့်လို့ ရနိုင်ပါသေးတယ်။ တစ်ဖက်မှာလည်း တံခါး ၅ ပေါက်နဲ့ i30 N ကားက လျှပ်စစ်သီးသန့်အဖြစ် ဆက်လက် ပွဲထွက်လာနိုင် ပြီး အချိန်တစ်ခုတော့ ယူရနိုင်သေးတယ်လို့ ခန့်မှန်းရပါတယ်။ Albert ကိုယ်တိုင်ကလည်း ကုမ္ပဏီရဲ့ B-Segment ၊ C-Segment တွေနဲ့အတူ All-Electric i30 N Hatchback ကားကိုလည်း မိတ်ဆက်ပေးလာ နိုင်ပြီး အချိန်ကတော့ ကြာဦးမှာ ဖြစ်တယ်လို့ အတည်ပြု ပေးထားတာပါ။ လက်ရှိ မှာတော့ N Version တွေထဲ နောက်ဆုံးပေါ် ဖြစ်လာမယ့် Ioniq 5 N ကားသစ်ကို ၂၀၂၃ ထဲ မှာ ထုတ်လုပ်ပေးလာ နိုင်ဖို့အတွက် အားစိုက်နေခဲ့ပြီး Ioniq 6 ကိုလည်း N Version အဖြစ် ထပ်ထုတ်ပေးလာနိုင်ဖို့ စီစဉ်နေဆဲပဲ ဖြစ်ပါတယ်။

Ref: motor 1.com

Exit mobile version