MyCars Myanmar

သာမန် Grille ဒီဇိုင်းတွေက ရိုးလာလို့ ဆန်းသစ်ဖို့ ကြံစည်နေတဲ့ Hyundai!

ကားလောကကြီး တစ်ခုလုံးကို ကုန်ကြမ်း ပစ္စည်းတွေကအစ ထုတ်လုပ်တဲ့ အဆင့်တွေအဆုံး တစ်စတစ်စ ပြောင်းလဲ ပေးလိုက်တာကတော့ လျှပ်စစ်ကားတွေပါပဲ။ နောက်ထပ် ပြောင်းပေးလိုက်တာလည်း ရှိပါသေး တယ်၊ အဲ့ဒါကတော့ ယာဉ် တွေရဲ့ဒီဇိုင်းတွေကိုပဲ ဖြစ်ပါတယ်။ အခုဆိုရင်လည်း တောင်ကိုရီးယား ကား မ္ပဏီ Hyundai ရဲ့ ဒီဇိုင်းပိုင်းဆိုင်ရာ အကြီးအကဲဖြစ်သူ SangYup Lee က Car And Driver Magazine နဲ့ အင်တာဗျူး တစ်ခုမှာ သူ့ကုမ္ပဏီရဲ့ ဒီဇိုင်းအသစ် တွေက လျှပ်စစ်ကားလောကကို စတင် ဆန်းသစ်ပေးနိုင် လာတာ ဖြစ်ပြီး Grille တွေက စပြောင်းလာတာလို့လည်း ဆိုထားပါတယ်။ အဓိက ကတော့ လျှပ်စစ်ကား တွေ ဆိုတာက ယခင် သာမန် အင်ဂျင်သုံး ကားတွေမှာလိုမျိုး စက်ဖုံး အောက်က အင်ဂျင်အေးနေဖို့ အတွက် Grille Design ကောင်းကောင်းနဲ့ လေဝင်လေထွက်တွေ ရှိနေဖို့ မလိုပါဘူး။ တကယ်လို့ ဆန္ဒရှိမယ်ဆိုရင် လျှပ်စစ်ကားတွေ ဆိုတာ မောင်းနေတုန်း ဘာသံမှ မကြားရပဲ တိတ်ဆိတ်နေတာမျိုး အထိတောင် ဖြစ်နိုင် သေးတာပါပဲ။ ဒါပေမယ့် Hyundai ကတော့ အဆိုပါ Grille Design ကစလို့ လျှပ်စစ်ကားသစ် တွေမှာ ပို ကောင်းတဲ့ ပုံစံကောင်းတွေကို ဖန်တီးလာဖို့ စိတ်ကူးတွေ ရှိလို့နေတာ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

Hyundai ရဲ့ သာမန် ဂတ်စ် အင်ဂျင်ကားတွေကို ကြည့်လိုက်မယ်ဆိုရင်တော့ အတော်လေး ကြီးမားလှပတဲ့ Grille တွေ သိသိသာသာ မြင်သာနေခဲ့ပြီး အခုဆိုရင်လည်း နောက်ပိုင်း ဖန်တီးထားတဲ့ Hyundai ရဲ့ Grille Design သစ်တွေက အတော် ဆန်းသစ်နေပါတယ်။ ဥပမာ ပြရမယ်ဆိုရင် Headlight တွေကအစ လှပလာ တာ ဖြစ်ပြီး Tucson SUV အသစ် တို့လို ကားတွေမှာ ဆိုရင်လည်း Integrated LED Lights တွေကိုပါ Grille နဲ့ တွဲပေးလိုက်တဲ့ဆွဲဆောင်မှုရှိ ဒီဇိုင်း မျိုးတွေအထိ လုပ်ပေးလာနိုင်တာပါပဲ။ ဒါကြောင့် ဒီဇိုင်နာ Lee ကတော့ လာမယ့် လျှပ်စစ်ကားသစ် တွေမှာလည်း ယခင် ICE အင်ဂျင်ကားတွေတုန်းကလိုမျိုး Grille ဒီဇိုင်း ကောင်းကောင်းတွေ ဆက်ပြီး လိုအပ်နေဆဲ ဖြစ်တယ်လို့ ဆိုထား တာပါ။ ဒါပေမယ့် ယခင် ကားအဟောင်း တွေရဲ့ Grille Design တွေကို လျှပ်စစ်ကား လွှမ်းမိုး လာမယ့် အနာဂါတ် ကမ္ဘာသစ်ကြီးရဲ့ ကားတွေမှာ ထည့်ထားဖို့ ဆိုတာကတော့ ကောင်းမွန်တဲ့ အယူအဆ တစ်ရပ်မဟုတ်ဘူး လို့ Lee က ခံယူထားပါတယ်။ ဒါ့အပြင် လျှပ်စစ် ကားတစ်စီးမှာတော့ အလင်းရောင်ပေးနိုင်မယ့် အမှတ်အသား အစိတ်အပိုင်းတွေ ကလည်း တော်တော်လေး အရေးပါတယ်လို့ ၎င်းက ခံယူထားတာဖြစ်ပြီး လက်ရှိ Hyundai ကားတွေ ရဲ့ အနေအထား ဒီဇိုင်းပိုင်းကိုကြည့်မယ်ဆိုရင်ပဲ အနာဂါတ်ရဲ့ဖြစ်နိုင်ဖွယ် အရွေ့တွေကိုခန့်မှန်းကြည့်လို့ရနေမှာ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

Ioniq Line ကားသစ်တစ်စီး ဖြစ်တဲ့ Ioniq 5 မှာ ဆိုရင် ယခင် LED Lights ဒီဇိုင်းတွေကိုပဲ Pixel ပုံစံ ခေတ်မှီ အတုံးလေးတွေနဲ့ လှလှပပ ပေါင်းစပ် ပြထားပါတယ်။ အဆိုပါ ဒီဇိုင်း အယူအဆကိုတော့ နောက် ထွက်လာမယ့် Ioniq 6 နဲ့ မျိုးဆက်သစ်ကားတွေ မှာလည်း ဆက်သုံးလာနိုင်ပြီး အခြားသော ကုမ္ပဏီတွေက သူတို့ရဲ့ လျှပ်စစ် ကားတွေမှာ သုံးထားသလိုမျိုး Grille ဒီဇိုင်းအတုတွေတော့ သုံးလာမှာမဟုတ်ဘူးလို့လည်း Lee က ဆိုထားပါတယ်။ Lee ရဲ့ အခု လို ချပြပြောဆိုလာတာတွေကတကယ်တော့ အတော် စိတ်ဝင်စား စရာ ကောင်းလို့ နေပါတယ်။ အကြောင်း ကတော့ လျှပ်စစ်ကားတွေ ကိုယ်တိုင်ကလည်း ကားသစ် တွေရဲ့ အနာဂါတ်ကို ကောင်းကောင်း ပြောင်းလဲပေးထားနိုင်ခဲ့လို့ ဖြစ်ပြီး အထူးသဖြင့် ယာဉ်အရှေ့ဘက် ဒီဇိုင်းပိုင်း အတွေးအခေါ် တွေကို တစ်ဆစ်ချိုး ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီ တိုင်းကလည်း သူတို့ရဲ့ လျှပ်စစ် ကားတိုင်းကို ကောင်းကောင်း အဓိပ္ပါယ်ဖွင့်ဆို ချပြနေကြတာ ဖြစ်ပြီး အထူးသဖြင့် ကားရဲ့ စွမ်းဆောင်ရည် ၊ တိတ်ဆိတ်ငြိမ်သက်နေမှုတွေနဲ့ ၊ ပိုမို ကောင်းမွန်လာတဲ့ ဒီဇိုင်းပိုင်းတွေနဲ့ နည်းပညာသစ်တွေ အကြောင်းကို အမြဲဦးစားပေးလာ ကြတာပါ။ ဆူညံနေတဲ့ အင်ဂျင်သုံး ကားတွေ မရှိတော့တဲ့ ခေတ်မှာတော့ လျှပ်စစ် ကား တွေက လူသားတွေအတွက် သာယာငြိမ့်ညောင်းမှုနဲ့ တိတ်ဆိတ် အေးချမ်းမှုတွေကို ယူဆောင် လာပေးနိုင် မယ်လို့ ယူဆရပါတယ်။

Ref: carbuzz.com

Exit mobile version