MyCars Myanmar

အမေရိကန် နိုင်ငံ၊ မိုင်ယာမီကို ရောက်ရှိလာတဲ့ Hyundai ရဲ့ Air Taxi ဝန်ဆောင်မှု!

တောင်ကိုရီးယား အင်အားကြီး ကားကုမ္ပဏီ Hyundai တို့ကတော့ ၂၀၂၂ ကို Ioniq 5 EV အသစ်နဲ့ အောင် အောင် မြင်မြင် စတင် ဖွင့်လှစ်နိုင်ခဲ့ပြီး နောက်ပိုင်း Performance N အမျိုးအစားနဲ့ပိုကြီးတဲ့ Ioniq 7 SUV တို့ကိုဆက်တိုက်ထုတ်လုပ်ပေးလာဖို့ ရှိနေပါတယ်။ အခုဆိုရင်တော့ပိုပြီးထူးခြားကောင်းမွန်တဲ့ လေကြောင်း Air Taxi ဝန်ဆောင်မှုကိုပါ လုပ်ဆောင်နေပြီဖြစ်ပါတယ်။ အဆိုပါ ဝန်ဆောင်မှုကိုတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ လမှာ စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပြီး လာမယ့် ၂၀၂၈ အရောက်မှာတော့ ပထမဆုံး ခရီးစဉ် စတင်နိုင်ဖို့ ရည် မှန်းထားပါတယ်။ Supernal Brand နဲ့ ပူးပေါင်းထားတဲ့ အဆိုပါ ဝန်ဆောင်မှု အသစ်မှာတော့ တစ်မိနစ်ကို တစ်မိုင်နှုန်းလောက် သွားနိုင်မယ့် အနာဂါတ်လွန် ခေတ်သစ်လေယာဉ် ဒီဇိုင်းတွေကို သုံးသွားမှာပါ။ တကယ့် ကို သိပ္ပံကားတွေထဲက လို ခံစားရစေနိုင်တဲ့ ခရီးစဉ်တွေ ဖြစ်နိုင်ပြီးစိတ်ကူးယဉ်စရာ ကောင်းနေပါသေးတယ် လို့ ထင်မှတ်နိုင်ရပေမယ့် အခုဆိုရင် တော့ Supernal Brand ကနေ အမေရိကန်က မိုင်ယာမီ မြို့မှာ အခု ဝန်ဆောင်မှုကို စတင်နိုင်ဖို့အတွက် သဘော တူနိုင်ခဲ့ပါပြီ။

Photo Credit: CARBUZZ

မြို့တော် ရဲ့ တာဝန်ရှိသူတွေနဲ့ သဘောတူညီခဲ့တဲ့ MOU အရဆိုရင်တော့ မြို့နေလူထုအတွက် ပထမဆုံး အတွေ့အကြုံ ဖြစ်လာမယ့် မြို့တွင်းလေကြောင်း ပို့ဆောင်ရေးစနစ်ကို အကောင်အထည်ဖော်ပေးနိုင်မယ်လို့ သိရပါတယ်။ Supernal ရဲ့ CEO လည်း ဖြစ် Hyundai Motor Group ရဲ့ ဥက္ကဌ လည်း ဖြစ်တဲ့ Jaiwon Shin ကတော့ မိုင်ယာမီ မြို့ရဲ့ အနာဂါတ် ပို့ဆောင်ရေး စနစ်မှာ အခုလို ဆန်းသစ်စွာ ပူးပေါင်းခွင့်ရလို့ ဂုဏ် ယူမိပြီး မြို့တော်ဝန် Suarez ရဲ့ ဦးဆောင်မှု ကောင်းမွန်တာကြောင့်လည်း မိုင်ယာမီဟာ အခုနည်းပညာသစ် ရဲ့ ရှေ့ဆောင်လမ်းပြ ဖြစ်လာတော့မယ်လို့ ဆိုလိုက်ပါတယ်။

Photo Credit: CARBUZZ

လက်ရှိ သဘောတူညီချက် တွေထဲမှာတော့ တစ်ချို့သော အချက်တွေက အခုလက်ရှိ အနေအထားတွေနဲ့ အဆင်မပြေ သေးနိုင်တဲ့ လိုအပ်ချက်တွေ အဖြစ် ရှိနေသေးပြီး အဆိုပါလိုအပ်ချက်တွေကိုသာ တဖြည်းဖြည်း ပြင်ဆင်လာနိုင်ပြီ ဆိုရင်တော့ AAM လို့ ခေါ်တဲ့ လေကြောင်းတက္ကစီ ဝန်ဆောင်မှုကို မြို့အတွင်း စတင် အသုံးပြုနိုင် တော့မှာပါ။ အခု ဝန်ဆောင်မှုကို သာမန်အပြင် စီးပွားရေးလုပ်ငန်းတွေ၊ ပညာရေးတွေအတွက် လည်း အကျိုးရှိအောင် သုံးလာနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ခရီးတို ကောင်းကင်လမ်းကြောင်းအတွက်တော့ မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်ချက် မျိုး Supernal မှာ ရှိနေခဲ့ပြီး ဖြစ်ကာ နောက်ပိုင်းမှာ လည်း  Air Taxi တွေနဲ့ လက်ရှိ သုံးနေတဲ့ Metrorail တွေ ၊ Metrobus နဲ့ Metromover System တွေ နဲ့ တစ်သားတည်း ဖြစ်လာမယ့် အချိန်ကိုလည်း ရောက်ရှိ လာတော့မှာပါ။ ကုမ္ပဏီ ၂ ခုအကြား သဘောတူညီမှု တွေရဲ့ အဓိက အချက်တွေကိုဖော်ဆောင်ပေးနိုင် မှာကတော့ Venture Miami Group ဖြစ်ပြီး နောက်ပိုင်း အရေးကြီးတဲ့ အပိုင်းတွေ အကုန်လုံးကို တာဝန်ယူ အကောင်အထည် ဖော်သွားတော့မှာ ဖြစ်ပါတယ်။

Ref: carbuzz.com

Exit mobile version