MyCars Myanmar

Hybrid (သို့) လျှပ်စစ် ကားသီးသန့်ကို ဝေခွဲမရဖြစ်နေသေးတဲ့ Toyota!

Normal
0

false
false
false

EN-US
X-NONE
MY

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:8.0pt;
mso-para-margin-left:0in;
line-height:107%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,sans-serif;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Myanmar Text”;
mso-bidi-theme-font:minor-bidi;}

Toyota ကတော့ လက်ရှိ ကမ္ဘာပေါ်မှာ ကားထုတ်လုပ်မှု အပိုင်းအရရော ရောင်းချရမှု အပိုင်းမှာပါ အကြီးဆုံးကား ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ထုတ်ကုန်တိုင်းရဲ့ အရည်အသွေး ကောင်းမွန်မှုကြောင့်လည်း ကမ္ဘာတစ်ဝန်းက နိုင်ငံတိုင်း မသိတဲ့သူ မရှိသလောက်ရှားတဲ့ကား Brand တစ်ခုပါပဲ။ ကမ္ဘာပေါ်က တိုက်ကြီး ၅ တိုက် လောက်အထိကို ခြေဆန့် ထားနိုင်ပြီး ဒီစက်ရုံတွေ ၊ Showroom တွေ အထိလည်း အများအပြား ဖွင့်လှစ်ထား နိုင်ပါသေးတယ်။ Toyota အတွက် နာမည်ရစရာ တစ်ခုကတော့ ဈေးကွက်တစ်ခုချင်းစီအလိုက် လိုက်ဖက်တဲ့ ကားကောင်းတွေ ဖန်တီးနိုင်တာပဲ ဖြစ်ပြီး Corolla RAV4 Land Cruiser နဲ့ Yaris တွေဆိုရင်ကိုပဲ ဈေးကွက်အားလုံးကိုဖြန့်နိုင်ပြီး လိုက်ဖက် တဲ့ကားကောင်းတွေအဖြစ် နမူနာ မြင်နိုင်ပါတယ်။ ကုမ္ပဏီအတွက် နောက်ထပ် အရေးပါတဲ့ ကားအပိုင်းကတော့ ထုတ်လုပ်လာတာ နှစ် ၂၀ လောက် ရှိပြီဖြစ်တဲ့ Hybrid ကား အမျိုးအစားတွေပါပဲ။ လက်ရှိ အချိန်အထိ အစီးရေ သန်းပေါင်းများစွာ ရောင်းချထားရပြီးဖြစ်တဲ့ Hybrid ကားတွေနဲ့အတူ အခုလိုမျိုး အင်ဂျင်ကားတွေ ခေတ်ကုန်စ ပြုလာချိန် မတိုင်ခင်ကတည်းက အကျိုးအမြတ် ရလာခဲ့တာပါ။

Photo Credit: motor 1.com

အခုလိုမျိုး Hybrid ကားတွေနဲ့ အတူ အောင်မြင်ထားပြီးသား နာမည်ကျော် Brand တစ်ခု အတွက်တော့ နောက်ထပ် ခြေလှမ်းသစ်တွေ မဖြစ်မနေလှမ်းရဖို့ စဉ်းစား‌စရာ တွေရှိလာ ခဲ့ပြန်ပါတယ်။ အဲ့ဒါကတော့ လက်ရှိကောင်းနေပြီးသား Hybrid နည်းပညာကိုပဲ ဆက်သုံးဖြစ်လား ဒါမှမဟုတ် အများနည်းတူ လျှပ်စစ်သီးသန့်ကားတွေကိုပဲ ပြောင်းလဲ ထုတ်ဖြစ်မလား ဆိုတာပါပဲ။ ဒါပေမယ့် အဓိက ပြဿနာကတော့ လျှပ်စစ်ကား ဆိုတာက Toyota အတွက် ရင်းနှီးတဲ့ နည်းပညာ တစ်ခု မဟုတ်နေတာ ဖြစ်ပါတယ်။ အဓိက ကတော့ နှစ်ပေါင်း ၂၀ လောက် အထိကို Hybrid နဲ့ ရင်းနှီးလာ နေပြီး လျှပ်စစ်ကားဘက်ကို ကောင်းကောင်း မရင်းနှီးထား မိတာပါပဲ။ ရလဒ်ကတော့ လက်ရှိ ဈေးကွက်ထဲ Hybrid ကား အများဆုံးထုတ်နေတဲ့ ကုမ္ပဏီ ဖြစ်လာပြီး တစ်ဖက်မှာတော့ လျှပ်စစ်ကား အနည်းဆုံးထုတ်တဲ့ ကုမ္ပဏီဖြစ်သွားတာပါပဲ။

Photo Credit: motor 1.com


ကမ္ဘာတစ်ဝန်းလုံးက အခြေအနေကတော့ ကာဗွန်ထုတ်လုပ်မှု အပိုင်းကို အတော်လေး ပိုပိုတင်းကြပ်လာကြပြီ ဖြစ်တာကြောင့် ရှေ့လျှောက် Hybrid ကားတွေနေရာ မရတော့မှာက သေချာနေပါတယ်။ Hybrid ဆိုတာ ကတော့ သာမန် Internal Combustion အင်ဂျင်တွေကိုမှ လျှပ်စစ်စွမ်းအင်နဲ့ ပေါင်းပေးထား‌တာလောက်ပဲ ဖြစ်နေတာပါ။ နောက်ဆက်တွဲ အရတော့ သဘာဝပတ်ဝန်းကျင်အတွက် မထိခိုက်စေတဲ့ ရလဒ်ကောင်းတွေ ရတယ် ဆိုပေမယ့်လည်း တစ်ဖက်မှာတော့ အများစုလိုချင်ကြတဲ့ ကာဗွန်ထုတ်လုပ်မှု လုံးဝမရှိတဲ့ ကားတွေတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ လတ်တလောမှာတော့ အဆင်ပြေပေမယ့် အနာဂတ် ၁၀ နှစ် စာလောက် အတွက်တော့ လုံးဝအဖြေ မဟုတ်နိုင်တဲ့ Hybrid နည်းပညာကို Toyota တို့ ဆက်လုပ်ဖြစ်မလား ၊ ဒါမှမဟုတ် လျှပ်စစ်သီးသန့် အနာဂတ်ကိုပဲ လုံးဝပြောင်းလဲ သွားတော့မလား ဆိုတာကို စောင့်ကြည့်ရတော့မှာပါ။

Ref: motor 1.com

Exit mobile version