MyCars Myanmar

၂၀၂၅ အရောက်မှာ လျှပ်စစ်ဆိုင်ကယ် ၁၀ မျိုးထက်မနည်း မိတ်ဆက်လာမယ့် Honda!

ဂျပန် ကားကုမ္ပဏီကြီး Honda ကတော့ သူတို့ရဲ့ လျှပ်စစ်ဆိုင်ကယ်တွေ အနာဂတ်အတွက် ထူးခြားတဲ့ အပြင်အဆင်တွေကို စတင်ချပြလာခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ လာမယ့် ၂၀၂၅ အရောက်မှာ လျှပ်စစ် ဆိုင်ကယ် အမျိုးအစား ၁၀ မျိုးထက်မနည်း ဈေးကွက်ထဲ မိတ်ဆက် ပေးမယ်လို့ ဆိုလာခဲ့ပါတယ်။ ဒါ့အပြင် ကုမ္ပဏီရဲ့ နှစ်စဉ် ရောင်းအား သန်း ၃၀ လောက် ရဲ့ ၃ ပုံ ၂ ပုံသော ပမာဏကိုလည်း ဆိုင်ကယ်တွေကနေ ရရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ ကိန်းဂဏန်းအချက်အလက် တွေအရ ကြည့်မယ်ဆိုရင် လျှပ်စစ်ဆိုင်ကယ် တွေကိုလည်း ဈေးကွက်ထဲ လိုအပ်လာတော့မယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့် ကုမ္ပဏီရဲ့ အရေးကြီး တဲ့ ဆိုင်ကယ်ထုတ်လုပ်ရေး အပိုင်းတွေကို သာမန် အင်ဂျင်တွေအစား ကားတွေလိုပဲ သဘာဝပတ်ဝန်းကျင်နဲ့ ပို အဆင်ပြေစေမယ့် လျှပ်စစ်ဆိုင်ကယ်တွေအဖြစ် ပြောင်းလဲပေးလာတော့မှာပါ။

Photo Credit: AllAutoExperts

Honda ရဲ့ နောက်ပိုင်း လျှပ်စစ် ဆိုင်ကယ်တွေမှာတော့ ၃ မျိုး ခွဲခြား ထားမယ်လို့ သိရပါတယ်။ တစ်နာရီကို ၁၅.၅ မိုင်လောက် အထိ မောင်းနိုင်မယ့် ဆိုင်ကယ်တွေ၊ တစ်နာရီကို ၃၁ မိုင် လောက်အထိ မောင်းနိုင်မယ့် ဆိုင်ကယ်တွေနဲ့ တစ်နာရီ မိုင် ၅၀ အထက် အထိကို မောင်းနိုင်မယ့် ဆိုင်ကယ်တွေ ဆိုပြီး ရရှိ နိုင်ပါလိမ့်မယ်။ အဆိုပါ အမျိုးအစား ၃ မျိုးနဲ့ ဆိုင်ကယ်တွေကို အမေရိက ဈေးကွက်ထဲအထိ တင်ပို့ဖို့ ရည်ရွယ်ထားပြီး အခြားသော ဂျပန်နဲ့ ဥရောပ ဈေးကွက် တွေထဲကိုလည်း တင်ပို့ဦးမှာပါ။ ထူးခြားတာကတော့ ကလေးတွေအတွက်ပါ သီးသန့် ဖန်တီးထားမယ့် လျှပ်စစ်ဆိုင်ကယ်တွေကိုလည်း ထုတ်လုပ်ပေးဦးမှာဖြစ်ပြီး အခုနှစ်ကုန် ကစလို့ တစ်ချို့သော ဆိုင်ကယ်တွေကို စမြင်ရဖို့ ရှိနေပါပြီ။

Photo Credit: AllAutoExperts

Honda အနေနဲ့ လာမယ့် ၂၀၂၅ အကုန် မှာလည်း ဂျပန်ဈေးကွက်ထဲမှာ Electric Commuter ကားအမျိုးအစား သစ် ၂ မျိုးကို မိတ်ဆက်ပေးဖို့ ပြင်ဆင်ထားပါသေးတယ်။ လျှပ်စစ် ဆိုင်ကယ်တွေကိုမှ တစ်စီးနဲ့ တစ်စီး ချိတ်ဆက် နိုင်မယ့် အဆင့်မြင့်နည်းပညာတွေနဲ့ ဆိုင်ကယ်တွေကိုတော့ လာမယ့် ၂၀၂၄ လောက်မှာ စတင်မြင်ရမှာပါ။ ဒါ့အပြင် အနာဂတ်မှာ လျှပ်စစ်ဆိုင်ကယ်တွေဟာ ကျန်ရှိတဲ့ဘက်ထရီ ပမာဏနဲ့ မောင်းနှင် နိုင်ဦးမယ့် Range ပမာဏတွေကို တွက်ချက်ပြီး အကောင်းဆုံးနဲ့ အမြန်ဆုံး လမ်းကြောင်းတွေကိုအထိ တွက်ချက်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆိုင်ကယ်တွေအတွက် လုံခြုံစေမယ့် နည်းပညာသစ်တွေ After-Sale Service အပိုင်း တွေမှာလည်း ပိုပြီး ကောင်းအောင် လုပ်ဆောင် ပေးလာနိုင်ဖို့ အတွက် Honda တို့က ရည်ရွယ်ထားပြီး ဖြစ်ပါတယ်။

Ref: AllAutoExperts

Exit mobile version