MyCars Myanmar

မောင်းသူမဲ့ ယာဉ်တွေစီးနင်းရာမှာ ကားမူးတာကိုခံနိုင်ရည်ရှ်ိမယ့် နည်းပညာသစ် ဖန်တီးလာတဲ့ GM!

General Motors ကား ကုမ္ပဏီကြီးကတော့ Anti Motion Sickness လို့ အမည်ရတဲ့ နည်းပညာသစ် တစ်ရပ်ကို မောင်းသူမဲ့ ကားတွေ အတွက် တီထွင်ပြီး မူပိုင်ခွင့်အနေနဲ့မှတ်ပုံတင်လိုက်ပြီ ဖြစ်ပါတယ်။ အဆိုပါ မူပိုင်ခွင့်ကိုတော့ အမေရိကမှာရှိတဲ့ နည်းပညာနဲ့ ကုန်ပစ္စည်း တွေ မူပိုင်ခွင့်တင်ရာ USPTO မှာတင်ခဲ့တာ ဖြစ်ပြီး GM ကတော့ တကယ်လို့ မောင်းသူမဲ့ ကားတွေ ကောင်းကောင်း တိုးတက်များပြား လာရင်တောင်မှ ရဲရဲတင်းတင်း စီးနင် ရဲသူတွေက နည်းနေသေးတာကြောင့် အခု နည်းပညာကို တီထွင်ခဲ့တာလို့ ဆိုထားပါတယ်။ ကားပေါ် ရောက်တာနဲ့ ရွေ့လျားလိုက်တဲ့အခါ အနည်းငယ် ထိတ်လန့်သွားစေနိုင်မယ့် မောင်းသူမဲ့ကားတွေ ဆိုတာကတော့ လုံးဝကို ပထမဆုံး အမြင် မှာလို ကောင်းမွန်တဲ့ ရလဒ်တွေ မပေးနိုင်မှာ သေချာနေပါတယ်။

Photo Credit: MotorAuthority

အခုလိုမျိုး Motion Sickness ဆိုတာကတော့ ကားပေါ်မှာ စာအုပ်ဖတ်နေတဲ့အချိန် ဖုန်းအသုံး ပြုနေချိန်မှာ ရုတ်တရတ် ကားကရပ်လိုက် သွားလိုက် ဖြစ်တဲ့အခါ ဖြစ်လာတဲ့ ခံစားချက်ကို ဆိုလိုချင်တာလည်း ဖြစ်ပါတယ်။ အခု လိုမျိုး ရုတ်တရတ် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်သွား နိုင်တဲ့ ခံစားချက်မျိုးကို မောင်းသူမဲ့ ကားပေါ် ပထမဆုံးတက်လာ သူတွေသာ ခံစားမိမယ်ဆိုရင် တော့တော်တော်လေးကို ထိတ်လန့် ကောင်း ထိတ်လန့်သွားနိုင်မှာပါ။ ဒါကြောင့် အခုလို မျိုး ခံစားချက်တွေ မဖြစ်အောင် ကားကို ချောချောမွေ့မွေ့ မောင်းပေးနိုင်ခြင်းကလည်း မောင်းသူမဲ့ ကားတွေ အတွက် အရေးကြီးတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာခဲ့ပါပြီ။ ဒါကြောင့် အခု နည်းပညာသစ်မှာ GM ဟာ မီးအလင်းရောင် သစ် တွေနဲ့ ပုံရိပ်သစ်တွေကို အသုံး ပြုဖန်တီးထားပြီး မြန်နှုန်း ၊ ဘရိတ်နဲ့ ကားကွေ့တော့မယ် ဆိုတဲ့ အချက်တွေကို ကြိုတင် အချက်ပြပေး နိုင်မယ့် သဘောဖြစ်ပါတယ်။ အထူးသဖြင့် ယာဉ်ပေါ်ပါလာမယ့် Screen တွေဆီက ပုံရိပ်တွေ ပြပေးနေတာမျိုး ၊ အရောင် ဒါမှမဟုတ် ပုံစံလေးတွေ ပြောင်းပေးနေတာမျိုးတွေနဲ့ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် အသံ စနစ် ဒါမှမဟုတ် ထိတွေ့ခံစားနိုင်မယ့် Haptic Feedback လို အရာမျိုးတွေကိုလည်း အခုစနစ်မှာ သုံးပေးလာ နိုင်တယ်လို့ GM က ဆိုထားပြန်တာပါ။

Photo Credit: MotorAuthority

အခုလို နည်းပညာ အကူအညီကတော့ မောင်းသူမဲ့ ကားပေါ်က လူတိုင်းရဲ့ အာရုံကြောတွေနဲ့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုတွေ ပိုကောင်းစေဖို့ အတွက် အသုံးဝင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် Motion Sickness ဖြစ်တယ် ဆိုတဲ့ ကားမူးတတ်တာမျိုးဟာ ဆိုရင် အခုလိုမျိုး ယာဉ်က ဘယ်လိုမောင်းနေတယ် ဆိုတာကို သိရှိနိုင်မယ်ဆိုရင် တစ်နည်း တစ်ဖုံ ကာကွယ်နိုင်မှာ ဖြစ်တယ်လို့လည်း GM က ပြောကြားထားပါ တယ်။ လက်ရှိမှာတော့ အခု နည်းပညာ ကိုထုတ်လုပ် နိုင်မယ့် အဆင့်အထိ ဘယ်အချိန်လောက် ရောက်လာနိုင်မယ် ဆိုတာကို မသိရသေး ပေမယ့်လည်း သေချာတာ တစ်ခုကတော့ လက်ရှိမှာ မောင်းသူမဲ့ ကားတွေအတွက် GM တို့ အတော်လေး အရှိန်မြှင့် ဖန်တီးနေတာ ပဲ ဖြစ်ပါတယ်။ အခုဆိုရင်လည်း GM ပိုင်ဆိုင်ထားတဲ့ လုပ်ငန်းတစ်စုကနေ ဆန်ဖရန်စစ္စကို မြို့ကြီးထဲမှာ မောင်းသူနဲ့ တက္ကစီ တွေကို စတင် စမ်းသပ်ပြေးဆွဲဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ အဆိုပါ တက္ကစီတွေ ထဲမှာ Chevrolet Bolt EV Hatchback ကား တွေကိုသာ ပြန်လည် ပြုပြင်မွမ်းမံကာ အသုံးပြုနေတာ တွေ့ရပြီး နောက်ပိုင်းမှာ တော့ Origin လို့ အမည်ရတဲ့ ဘက်စုံသုံး မောင်းသူမဲ့ ယာဉ်တစ်စီး အဖြစ်ကို ကူးပြောင်းသွားမှာပဲ ဖြစ်ပါတယ်။ အဆိုပါ ကားတွေကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ကတည်းက ပြသခဲ့ဖူးပြီး ထုတ်လုပ်ဖြစ် မယ် ဆိုရင်လည်း Detroit မှာရှိတဲ့ GM ရဲ့ Zero ဆိုတဲ့ စက်ရုံမှာ စတင်ထုတ်လုပ် သွားတော့မှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority

Exit mobile version