MyCars Myanmar

ခေတ်လွန် ဆန်းသစ်လှပလွန်းတဲ့ အပြင်အဆင်တွေနဲ့ Genesis X အမိုးဖွင့်ကား Concept!

ဒီဇိုင်း ပိုင်းတွေနဲ့ ပတ်သက်လာရင် အလန်းစားတွေကိုသာ ဖန်တီးပေးလေ့ရှိတဲ့ တောင်ကိုရီးယား ဇိမ်ခံကားကုမ္ပဏီ Genesis ကတော့ အခုလည်းပိုပြီး ဆွဲဆောင်မှုရှိတဲ့ ကားတစ်မျိုးကိုချပြလိုက်ပြန်ပါပြီ။ ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ အမေရိကန် နိုင်ငံ ၊ ကယ်လီဖိုးနီးယား ပြည်နယ်ထဲက Malibu မှာ ပြသခဲ့တာ ဖြစ်ကာ အဆိုပါ ကားကတော့ Genesis X ဆိုတဲ့ နာမည်နဲ့ လျှပ်စစ်အမိုးဖွင့်ကား Concept ပဲ ဖြစ်ပါတယ်။ ကားကို ကြည့်လိုက်တာနဲ့ တင်ထင်းထင်းကြီး အသေးစိတ် ကျလွန်းနေတဲ့ အလင်းရောင်ပိုင်းတွေနဲ့ ခပ်ရှည်ရှည် အသွင်မျိုးက ၄ ယောက်စီး ကားတစ်စီး အဖြစ် ကွဲထွက်လာကာ ဒီဇိုင်းအချိုးအပြောင်း တစ်ရပ်ဖြစ်လာမလား စောင့်ကြည့်ရမှာပါ။

Photo Credit: MotorAuthority

အခု မြင်လိုက်ရတဲ့ အလန်းစား Concept ကားကတော့ ထုတ်လုပ်ပေးနိုင်ဖို့ရာ အတည်မပြုနိုင်သေးပါဘူး။ ဒါပေမယ့် အခု Concept ကိုတော့ ၂၀၂၁ တုန်းက Genesis X Concept နဲ့ Genesis X Speedium Concept ကားတို့တုန်းက အတိုင်း လျှပ်စစ် Platform ကိုပဲ အတူတူ သုံးပေးထားတာ တွေ့ရပါတယ်။ Genesis ရဲ့ ဒီဇိုင်းပိုင်း ခေါင်းဆောင်ဖြစ်သူ Luc Donckerwolke ကတော့ အခု Concept ၃ မျိုးလုံးကို ဒီဇိုင်း ပိုင်း ပြန်လည် ဆန်းသစ်နိုင်ဖို့နဲ့ အကန့်အသတ်နဲ့ သီးသန့် ထုတ်ပေးနိုင်ဖို့လောက်ပဲ စီစဉ်ထားတာ ဖြစ်တယ်လို့တော့ ဆိုထားပါတယ်။ အခု Concept ရဲ့ အတွင်းခန်းကို ဝင်ကြည့်ရင်တော့ ယာဉ်မောင်းအတွက် ပိုသီး သန့် ဆန်ပေးထားတဲ့ Cockpit အပိုင်းကို သိသိသာသာမြင်ရမှာ ဖြစ်ပြီး X Speedium Coupe Concept ရဲ့ အတွင်းခန်းနဲ့ ခပ်ဆင်ဆင်ပါပဲ။ ကားရဲ့ အလယ်မှာတော့ Center Console ကို ယာဉ်မောင်းဘက်ပဲ သိသိ သာသာ လှည့်ပေးထားပြီး ခရီးသည်တွေအတွက် Control တွေကိုလည်း သပ်သပ်ခွဲ ပေးထားပါတယ်။ ခေါက်သိမ်းလို့ရတဲ့ အမိုးအမာအမျိုးအစားကိုတော့ အခု Concept ပြပွဲမှာ သရုပ်ပြခဲ့ခြင်းမရှိပဲ တံခါး ပိတ်ထား ရင်တောင်မှ လွတ်လပ်တဲ့ အရသာခံစားရနိုင်စေဖို့ ဖောက်ထွင်းမြင်ရတဲ့ မှန်အမိုး ဖြစ်လိမ့်မယ်လို့လည်း သိရပါတယ်။

Photo Credit: MotorAuthority

ခပ်နိမ့်နိမ့် ခပ်ပါးပါး ကားကိုယ်ထည်ကိုမှ Dash-To-Axle အချိုးအစားခပ်ရှည်ရှည် ၊ စက်ဖုံး အရှည် ၊ Overhang တွေ အတို ပုံစံတွေနဲ့အတူ ကားက အတော်လေး ကြည့်ကောင်းနေပါတယ်။ ပိုလိုက်ဖက်သွားစေတဲ့ တစ်ချက်ကတော့ ကားရဲ့ လေးဘက်ထောင့်လေးတိုင်းမှာ ပတ်ပြီး ထည့်ပေးထားတဲ့ LED မီးလုံးတန်းတွေနဲ့ Ducktail Spoiler ပါပဲ။ အကုန်လုံးက သူ့နေရာနဲ့သူ တိတိကျကျနဲ့ ဆွဲဆောင်မှုကောင်းကောင်း ရှိနေခဲ့ ပါတယ်။ Genesis ကတော့ အခု ကားဘီးတွေဟာ Aero-Dish Design တွေနဲ့ဖြစ်လို့ ကားမောင်းနှင်မှုနဲ့ လိုက်လျောညီထွေ ဖြစ်နိုင်ပြီး တစ်ချို့နေရာ တွေမှာ ကားရဲ့ အခြေအနေကို လိုက်ကာ ဘရိတ်တွေကနေ အပူထုတ်ပေးတာ မျိုးတွေအထိ လုပ်ပေးနိုင်ပါတယ်။ ယခင် Concept ၂ မျိုးနဲ့ ပုံစံအတူ ထည့်ပေးထားတဲ့ အခု ကားကတော့ Grand Tourer ကြိုက်သူသမားတွေ အတွက် တော်တော်လေးကို မျှောလင့်ချင်စရာ ကောင်းတဲ့ ကားတစ်စီး ဖြစ်လာမှာပါ။

Ref: MotorAuthority

Exit mobile version