MyCars Myanmar

ဆိုက်ဘာ တိုက်ခိုက်ခံရပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တစ်ချို့ ပါသွားတဲ့ General Motors ကားကုမ္ပဏီ !

အခုလို တစ်ဟုန်ထိုး တိုးတက်နေတဲ့ နည်းပညာနဲ့ သတင်း အချက်အလက် ခေတ်ကြီးထဲမှာတော့ မိမိကိုယ်ပိုင် အချက်အလက်တွေရဲ့ လုံခြုံ ရေးဆိုတာကလည်း ကိုယ့်ရဲ့ပိုက်ဆံအိတ်လိုကို အတော်လေး အရေးကြီးလာနေခဲ့ပြီ ဖြစ်ပါတယ်။ နည်းပညာသစ်တွေထဲက အချက်အလက် တွေကို ဟက်ကာတွေ ကလည်း အချိန်မရွေး ရယူသွားနိုင်ဖို့ ရှိနေတာ ဖြစ်ပြီး ဘယ်လိုပဲ ဖြစ်ဖြစ် ပိုင်ရှင်‌အတွက်ကတော့ အကျိုးယုတ်စေ တာတွေပါပဲ။ အခုဆိုရင်လည်း အဆိုပါ ကိစ္စလိုမျိုး ဆိုက်ဘာတိုက်ခိုက်ခံရမှုကို General Motors လိုကား ကုမ္ပဏီကြီးတောင် ကြုံတွေ့ လိုက်ရပါပြီ။ ကုမ္ပဏီ ရဲ့ သတင်းထုတ်ပြန်ချက်အရတော့ GM အနေနဲ့ ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက် ကနေ ၂၉ ရက်အတွင်း အတည်မပြုနိုင်တဲ့ တရားဝင် Login ဝင်ရောက်မှုပေါင်း များစွာကို သတိပြုမိခဲ့ပြီး အထူးသဖြင့် Customers တွေ အကျိုးခံစားခွင့် ရထားတဲ့ Gift Cards တွေဆီကနေ အချက်အလက်တွေ ယူသွားတာမျိုးတွေ ရှိလာတယ်လို့ သိရပါတယ်။ GM ကတော့ လောလောဆယ်မှာ Customers တွေ ရဲ့ အဆိုပါ Gift Card ထဲက ပွိုင့်တွေနဲ့ လဲလှယ်တာလိုမျိုး အကျိုးခံစားခွင့်တွေ ကို လုံခြုံမှုမရှိသေးမချင်း ခေတ္တပိတ် ပေးထားတယ်လို့ လည်း ဆိုထားပါတယ်။

Photo Credit: motor 1.com

ကုမ္ပဏီရဲ့ အဆိုအရတော့ အခုလို အချက်အလက်တွေကို GM ရဲ့ Online Mobile Application အကောင့်တွေ ကနေ တစ်ဆင့် ဖောက် ထွင်းသွားခဲ့တာလို့ သိရပါတယ်။ တစ်ချို့သော နာမည်တွေ ၊ အီးမေးလ် လိပ်စာတွေ၊ နေရပ် လိပ်စာတွေ ၊ အသုံးပြုသူ အမည်တွေနဲ့ ဖုန်းနံ ပါတ်တွေ ၊ နောက်ဆုံး အသုံးပြုခဲ့တဲ့ နေရာနဲ့ Favourite မှတ်သား ထားတဲ့ နေရာ အတိအကျတွေစတဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေ ပါသွားခဲ့တယ် လို့သိရပါတယ်။ အထူးသဖြင့် OnStar ဆိုတဲ့ Package ကနေ မိသားစုဝင်တွေရဲ့ ပုံတွေ ၊ နာမည်တွေ ၊ ရှာဖွေထားတဲ့ မှတ် တမ်းတွေ ၊ Reward Card အသုံးပြုထားတဲ့ မှတ်တမ်းတွေနဲ့ မကြာသေးမီကမှ လဲလှယ်အသုံးပြုထားတဲ့ ပွိုင့်တွေအကြောင်း စတာ တွေ ကိုပါ ယူဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ အခုလို အချက်အလက်တွေ ပါသွားခဲ့ရတယ် ဆိုပေမယ့်လည်း ပိုပြီးတော့ အရေးကြီးတဲ့ အချက် အလက်တွေ ကတော့ GM ရဲ့ အဆိုပါ App တွေပေါ်မှာ သိမ်းဆည်းထားတာ မဟုတ်လို့ ဟက်ကာ တွေ လက်ထဲ မရောက်ရှိခဲ့ဘူးလို့ သိရ ပါတယ်။ အထူးသဖြင့် မွေးနေ့လိုမျိုး နေ့ရက် အမှန်တွေ ၊ မှတ်ပုံတင် လို အရေးကြီး နံပါတ်တွေ ၊ ယာဉ်မောင်းလိုင်စင် အချက်အလက်တွေ ၊ အကြွေးဝယ်ကတ် မှတ်တမ်းတွေနဲ့ ဘဏ် အကောင့် အချက်အလက်တွေကိုတော့ ကောင်းကောင်း သိမ်ဆည်းပေးထားနိုင် ခဲ့တယ်လို့ သိရပါတယ်။

Photo Credit: motor 1.com

အခုလိုမျိုး Gift Card အသုံးပြုခွင့် ခေတ္တ ပိတ်ထားရတာ မျိုး ရှိပေမယ့်လည်း ကုမ္ပဏီဘက်ကတော့ ပိုင်ရှင်တွေဆီကို အခုလိုမျိုး ဆိုက်ဘာ တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွေ ရှိခဲ့တယ် ဆိုတာကို ကြိုတင် အသိပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် သုံးစွဲ သူတွေဘက်ကလည်း အကောင့်တွေထဲ ပြန်ဝင်လို့ရတဲ့ အခါမှာ ပိုလုံခြုံတဲ့ Password အသစ်တွေ ပြန်လည် ဖန်တီးပေးဖို့ လိုပြီး ဥပဒေအရလည်း အခုကိစ္စကို ဖြေရှင်းဖို့ အတွက် ကုမ္ပဏီဘက်က လုပ်ဆောင်ထားပြီးပါပြီ။ တကယ်လို့ သင်လည်း GM ကား တစ်စီး စီးကို ပိုင်ဆိုင်ထားပြီး အခုလိုမျိုး Gift Card တွေကို လုံခြုံရေးပိုင်း မစိစစ် ရသေးဘူး ဆိုရင်တော့ အခုချက်ချင်း အကောင့်တွေ စစ်ဆေးသင့်ပြီလို့ပဲ အကြံပြုရတော့မှာ ဖြစ်ပါတယ်။

Ref: motor 1.com

Exit mobile version