MyCars Myanmar

ထိုင်ခုံ ၈ လုံး ၊ ၆၂၅ မိုင် Range တို့နဲ့ အတော်လေး ထူးဆန်းတဲ့ လျှပ်စစ်ကားသစ် တစ်စီး !

တစ်နာရီ အားသွင်းထားရင် ဘယ်လောက် မောင်းနိုင်မလဲဆိုတဲ့ Range ပမာဏ က လျှပ်စစ် ကားဝယ်ယူ ချင်သူတွေ အတွက် ကောင်းကောင်း ခေါင်းခဲစရာ ကိစ္စတစ်ခု ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့နှစ် တွေ အတွင်းမှာတော့ သာမန် အင်ဂျင်တွေရဲ့ စွမ်းဆောင်ရည်ကို ယှဉ်လာတဲ့ လျှပ်စစ်ကားတွေ အများကြီး တွေ့ခဲ့ရပြီး အထူးသဖြင့် Lucid Air လို ကားမျိုးဆိုရင် တစ်ကြိမ် အားသွင်းရုံနဲ့ ၅၂၀ မိုင်လောက် အထိသွား နိုင်တဲ့ Range ဆိုတာ မျိုးတွေ ရလာခဲ့ ပါတယ်။ အခု ဆိုရင်တော့ ဒီ စံချိန်ကို ကျော်ဖြတ်ဖို့ ရှိလာခဲ့တာက နော်ဝေး အခြေစိုက် လျှပ်စစ်ကားကုမ္ပဏီ ရဲ့ ၆၂၅ မိုင် Range ရှိတဲ့ ထိုင်ခုံ ၈ လုံးပါ ထူးထူးဆန်းဆန်း ကား တစ်စီးပါပဲ။ Fresco XL လို့ အမည်ရတဲ့ နည်းပညာ ကုမ္ပဏီ တစ်ခုကနေ အဆိုပါ ကားကိုချပြခဲ့တာ ဖြစ်ပြီး အထူးသဖြင့် ကားရဲ့စွမ်းအင်တွေကို စိတ်ပူစရာမလိုပဲ တစ်ခါအားသွင်းပြီး မေ့လောက်အောင်မောင်းလို့ရ မယ့် ကားအဖြစ် ဖော်ပြလာတာလည်း ဖြစ်ပါတယ်။ နော်ဝေးရဲ့ နှင်း အပြည့်နဲ့ အေးခဲ ကြမ်းတမ်းတတ်တဲ့ ရာသီဥတုကြောင့်လည်း အခု ကားသစ်မှာ လျှပ်စစ်မော်တာတွေကို ဝင်ရိုး တစ်ဖက် တစ်ချက်ဆီမှာ တပ်ဆင် ထားဖို့ ရှိပါတယ်။ အထူးသဖြင့်အဆိုပါ လျှပ်စစ်ကားကို လမ်းကြမ်း ပိုင်းပါ မောင်းလို့ ရတဲ့ Off Road ကား တစ်စီးအဖြစ် ဖော်ပြထားပြီး ဒီဇိုင်းပိုင်း အရလည်း အတော်လေးကို ထူးခြားနေကာ လက်ရှိလမ်း‌မ တွေထက် မှာမြင် နေရတဲ့ ကားတွေနဲ့တော့ ဘာမှကို မဆိုင်တာ ဖြစ်ပါတယ်။

 

ကားရဲ့ ဘက်ထရီတွေနဲ့ စွမ်းဆောင်ရည်ပိုင်းတွေကို မသိရသေးပေမယ့်လည်း တစ်ခြားသော ပြင်ပ ကုမ္ပဏီ တွေ ဆီက ဘက်ထရီ တွေကို ယူသုံးလာနိုင်ပါတယ်။ ကုမ္ပဏီရဲ့ COO Adrian Kristofer Locklindlh ကလည်း အခု ကားရဲ့ ဘက်ထရီ တွေက သာမန်ထက် အများကြီး ကြီးတဲ့ ဘက်ထရီတွေ ဖြစ်လာမယ်လို့ ဆိုထားပါတယ်။ ဘက်ထရီ ကြီးလာတာနဲ့အမျှ စွမ်းဆောင်ရည်ကလည်း Range အနေနဲ့ ၆၁၅ မိုင် (ကီလို ၁၀၀၀ ) အထိရှိလာမှာ ဖြစ်ပြီး Aerodynamic Trims တွေ ကလည်း ဘယ်ကားနဲ့မှ မတူတဲ့ ဒီဇိုင်း မို့ စွမ်းအင်ပါ ချွေတာ နိုင်ဦးမှာ ပါ။ ဒါပေမယ့် တစ်ခု စိတ်ဝင်စားစရာ ကောင်းတာကတော့ အခု ကားကို “ကား” လို့ မသုံးနှုံးထားပဲ Pod လို့ပဲ မိတ်ဆက် သုံးနှုန်း သွားတာ ကြောင့် အခုလက်ရှိ Ford F-150 Lightning က လုပ်ပြထားသလို မီးပြတ်တောက်တဲ့ နေရာတွေမှာ ဆိုရင် Backup Storage Supply တစ်ခု အနေနဲ့ ပြန်ပြီး ထောက်ပံ့ပေးနိုင်တာ မျိုးတွေများရှိမလား ဆိုတာ စိတ်ဝင်စားစရာ ပါပဲ။ ဒ့ါအပြင် COO ကိုယ်တိုင် ကလည်း အခုကားက သင့်ရဲ့ အိမ်နဲ့တောင် ကောင်းကောင်း ချိတ်ဆက်နိုင်တယ်လို့ ဆိုထားတာကြောင့် ဖြစ်နိုင်ချေ ကတော့ များပါတယ်။

Photo Credit: CARBUZZ

သေချာတာ ကတော့ အခုကားကို ဘယ်စုံသုံး အတွက် ရည်ရွယ်ထားတာပါ။ Range အရလည်း များသလို ၊ လိုက်ပါနိုင်တဲ့ လူဦးရေ ပမာဏလည်း များတာကြောင့် သာမန် ထက်ပိုတဲ့ Camping တွေလိုမျိုး ကိုလည်း သွားနိုင် အောင် စီစဉ်ပေးမယ့် ပုံပါပဲ။ ကားရဲ့ ကြီးမားတဲ့ အရွယ်ကြောင့် အထဲကပါလာတဲ့ ထိုင်ခုံတွေ အကုန် ခေါက် လိုက်ရင် တောင် Camper Van တစ်စီးလိုမျိုး သုံးနိုင်ဦးမှာပါ။ အသေးစိတ် အချက်အလက်တွေ အများကြီး သိဖို့ လိုဦးမယ် ဆိုပေမယ့် အခုမြင်ရကြားရတာတွေနဲ့တင် အတော်လေး အံ့အားသင့်ဖို့ ကောင်း နေပါပြီ။ ဒါပေမယ့် Fresco ကုမ္ပဏီရဲ့ Website မှာတော့ အခု ကားအတွက် အကြိုမှာယူမှုတောင် လုပ်လို့ရ နေတာ အံ့ဩဖွယ်ရာ တွေ့လိုက်ရပါတယ်။ ဒါပေမယ့် အရှေ့မှာတုန်းကလည်း Tesla Cybertruck လို ဟိုးလေးတကျော် တစ်ခေတ်ဆန်းကားမျိုးကို အမှာစာတွေ လက်ခံထားပေမယ့် အခုထိ မရေရာ သေးတာ မျိုးတွေ ရှိထားတာကြောင့် သိပ်တော့ မဆန်းတော့ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ၂၀၂၃ မှာ ထွက်လာမယ်လို့ တော့ ဆိုပြန်တဲ့ Elon Musk ရဲ့ Tesla Cybertruck လိုပဲ အခု နော်ဝေ တို့ရဲ့ လက်ရာ ၈ ယောက် စီး ကား အလန်းကြီးကိုလည်း ဘယ်တော့လောက် မြင်ရမလဲ မျှော်ရဦးမှာပါ။

Ref: carbuzz.com

Exit mobile version