MyCars Myanmar

အရေအတွက် အများအပြားသိမ်းဆည်း ခံနေရတဲ့ Ford Mustang ကားများ !

တကယ်လို့ သင်က Ford Mustang ကားတွေထဲကမှ ၂၀၁၅ ကနေ ၂၀၁၇ ခုနှစ်ထုတ် ကားတစ်ချို့ကို ပိုင်ဆိုင် ထားတယ် ဆိုရင်တော့ အခု ကားတွေ သိမ်းဆည်းခံရ မှုထဲမှာ ပါဝင်ဖို့ ရှိနေပါတယ်။ Ford ကတော့ အဆိုပါ နှစ်တွေထဲ က ထုတ်လုပ်ခဲ့တဲ့ Mustang ကားအစီးရေ ပေါင်း ၃၃,၀၀၀ ကျော်ကို Backup Camera တပ်ဆင်မှု ချို့ယွင်းချက် တွေကြောင့် ပြန်လည် သိမ်းဆည်း နေရတယ်လို့ တရားဝင် ‌ဆိုလာတာပါ။ အခု မှားယွင်းမှုကြောင့် ကားရဲ့ ကင်မရာ က ရုတ်တရတ် မှောင်မည်းပြီး ဘာမှ မပြနိုင်တော့တာမျိုး ဒါမှမဟုတ် ပုံမှန်အောင်မပြပေးနိုင် တော့တာမျိုး ဖြစ်နိုင်တယ်လို့ သိရပါတယ်။ အခု ပြဿနာ ကိုတော့ ကုမ္ပဏီဘက်က အန္တရာယ် ရှိတယ်လို့ ယူဆထားပြီး ကင်မရာ က နေပုံရိပ်တွေ မှန်မှန်ကန်ကန် မပြပေးနိုင်ရင်တော့ မတော် တဆမှုတွေ ဖြစ်လာနိုင်တယ်လို့ တွက်ချက်ထား ပါတယ်။ အခု ပြန်လည် သိမ်းဆည်းမှုမှာတော့ အဆိုပါ ပြဿနာနဲ့ ဆက်စပ်ပြဿနာ ၂ မျိုး ရှိနေပါတယ်။ ပထမ တစ်မျိုးကတော့ ၂၀၁၄ ခုနှစ် မေလ ကနေ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ လအတွင်း တပ်ဆင်ခဲ့တဲ့ ကားတွေရဲ့ ကင်မရာတွေရဲ့ ဆားကစ်ပြားပေါ်တွေမှာ နေရာမမှန် မှု ရှိနေနိုင်တာ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

ဒုတိယ တစ်မျိုးကတော့ ဖေဖော်ဝါရီ ၂၀၁၄ ခုနှစ် ကနေ အောက်တိုဘာ ၂၀၁၇ အထိ ထုတ်လုပ်ခဲ့တဲ့ ကား တွေထဲ Truck အဖွင့်အပိတ်မှာ ကင်မရာပျက်စီးမှု ရှိနိုင်တယ်ဆိုတဲ့ အချက်ကြောင့် ဖြစ်ပါတယ်။ နောက်ပိုင်း မှာလည်း အဆိုပါ ဖြစ်ရပ်တွေကြောင့် အစိတ်အပိုင်းတွေကို ပြင်ဆင်တဲ့ မှတ်တမ်းတွေ ပိုများလာခဲ့ပြီး အဝေး ပြေး လမ်းမများ ဆိုင်ရာ လုံခြုံရေး အဖွဲ့ NHTSA ကလည်း အခု ကိစ္စတွေနဲ့ ပတ်သက်တဲ့ အာမခံ ကိစ္စပေါင်း ၈,၅၀၀ ကျော်ကို စိစစ်တွေ့ရှိ ထား ပါတယ်။ အဆိုပါ ပြဿနာနဲ့ ပတ်သက်လို့တော့ Ford တို့က ကားရဲ့ အစိတ်အပိုင်းကို ထုတ်လုပ်ပေးခဲ့တဲ့ Supplier ‌ဆီ တိုက်ရိုက်ဆက်သွယ်ကာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေ ပြီ ဖြစ်ပြီး ပြန်လည် သိမ်းဆည်းခံရမယ့် အထဲပါတဲ့ ပိုင်ရှင် တွေကိုတော့ လာမယ့် ၂၀၂၂ မတ်လ ၇ ရက်နေ့ နောက်ဆုံးထား အကြောင်းကြားတော့မှာပါ။ နောက်ဆက်တွဲ အကြောင်းကြား စာကတော့ သက်ဆိုင်ရာ အစိတ်အပိုင်းတွေ အစားထိုးပေးဖို့ အဆင်သင့် ဖြစ်တဲ့အချိန် ပို့ပေးမှာ ဖြစ်ပြီး နီးစပ်ရာ Ford ဒါမှမဟုတ် Lincoln ရဲ့ အရောင်းကိုယ်စားလှယ်တွေဆီမှာ သွားရောက်လဲလှယ် နိုင်ပါလိမ့်မယ်။ ကျွမ်းကျင် ပညာရှင် တွေကတော့ Decklid Wiring Harness အပိုင်းကို အဓိက စစ်ဆေးပြုပြင်ပေးရမှာ ဖြစ်ပြီး လိုအပ်လာရင် တော့ ကင်မရာ တစ်ခုလုံးကို လဲလှယ်ပေးရ‌မှာပါ။

Photo Credit: CARBUZZ

အဆိုပါ ပြန်လည် ပြင်ဆင်ရမှုတွေ အကုန်လုံးကတော့ အခမဲ့ဖြစ်ပြီး ယခင် အဆိုပါ အစိတ်အပိုင်းကို ပြင်ဆင် ခဲ့ရတဲ့ သူတွေအဖို့ကိုလည်း လျော်ကြေးပြန်ပေးဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုလက်ရှိ ပြဿနာနဲ့ ဆက်စပ် ပြီး ဖြစ်တဲ့ မတော်တဆမှု ပေါင်း ၂ ခုကိုလည်း သိရှိထားရပြီး ဆိုးဆိုးရွားရွား ထိခိုက်တာမျိုးတွေ မရှိခဲ့လို့ ကံကောင်း ခဲ့ရပါတယ်။ အဆိုပါ ကာလအတွင်းက ထုတ်ထားတဲ့ Mustang ကားတွေ ပိုင်ဆိုင်ထားတယ် ဆိုရင်တော့ NHTSA ရဲ့ Website မှာ ကားရဲ့ နံပါတ် ၁၇ လုံးပါ VIN နံပါတ်ကို ရိုက်ပြီးရှာဖွေနိုင်ပြီ ဖြစ်ပါ တယ်။ တကယ်လို့ အသိမ်းခံရမယ့် စာရင်းထဲ ပါနေတယ်ဆိုရင်တော့ Ford ဆီ ဆက်သွယ်ပြီး မပါခဲ့ရင်တော့ အတော် ကံကောင်းတယ်လို့ပဲ မှတ်ယူရမှာပါ။

Ref: carbuzz.com

Exit mobile version