MyCars Myanmar

လမ်းမပေါ် ပုံရိပ်ဖော်ပေးနိုင်မယ့် ကားရှေ့မီး နည်းပညာကို တီထွင်နေတဲ့ Ford!

The new technology can project directions, speed limits or weather information onto the road so the driver’s gaze can remain fixed on the way ahead. LICENSE EXPIRES: In perpetuity. LICENSE BY: MAKERHOUSE Europe. LICENSE SCOPE: A - Earned editorial, press releases, press kits, B - All non-broadcast digital and online media, D - All print media (newspaper, magazine etc). REGION: EU. COPYRIGHT AND IMAGE RIGHTS: This content is solely for editorial use and for providing individual users with information. Any storage in databases, or any distribution to third parties within the scope of commercial use, or for commercial use is permitted with written consent from Ford of Europe GmbH only.

ဥရောပ မှာရှိတဲ့ Ford ရဲ့ အင်ဂျင်နီယာ တွေကတော့ လမ်းမတွေထက်မှာ အနှောင့်အယှက် ကင်းကင်းနဲ့ အထောက် အကူပြုနိုင်မယ့် ပုံရိပ်ဖော်ရှေ့မီးကြီး Headlights တွေကို တီထွင်စမ်းသပ်နေတယ်လို့ သိရပါတယ်။ နောက်ပိုင်း ကားတွေမှာ ပါလာတဲ့ Head-Up Display တွေမှာဆိုရင် ယာဉ်မောင်းရဲ့ အရှေ့ဘက် မြင်ကွင်းတစ်လျှောက် အတွက် လိုအပ်တဲ့ အချက်အလက်တွေကို ပြပေးနေသလို အခုမီးကြီးတွေနဲ့လည်း အဆိုပါ အချက်အလက်တွေ ပြပေးနိုင်ဖို့ ပြင်ဆင် လာနေတာပါ။ အထူးသဖြင့် ကိုယ့်ကားသွားရမယ့် လမ်းကြောင်း ၊ မြန်နှုန်းကန့်သတ်ချက် ဒါမှမဟုတ် ရာသီဥတုအခြေအနေ စတာတွေကို မီးထိုးပြီး ပုံရိပ်ဖော်ပေးနိုင်ဖို့ပါပဲ။ ဒီလို နည်းပညာသစ်ကြောင့် ယာဉ်မောင်း အနေနဲ့ ကားမောင်းနေရင်း Screen ကို လှမ်းကြည့်ရတာထက် ရှေ့မြင်ကွင်းကို အာရုံစိုက်ရင်းနဲ့တင် အရေးကြီး အချက်အလက် တွေမြင်နိုင်မှာ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

အခု နည်းပညာသစ်ရဲ့ နောက်ထပ်အကျိုးရှိမယ့် နေရာတစ်နေရာကတော့ လမ်းအသုံးပြုသူတွေနဲ့ ဆက်သွယ်ရေး အပိုင်းမှာပါပဲ။ လမ်းဖြတ်ကူးမယ့်သူတွေနဲ့ စက်ဘီးသမားတွေအဖို့လည်း လမ်းပေါ်က ကားတစ်စီးက ထိုးလာမယ့် အမှတ်အသားတွေကို ကြည့်ပြီး နှစ်ဦးနှစ်ဖက် အန္တရာယ်ကင်းကင်း ရှောင်ရှားနိုင်မှာပါ။ ဒါ့အပြင် Ford ကတော့ အခု စနစ်နဲ့ အရှေ့မှာ နှင်းကျနေတာတို့ ၊ မြူထနေတာတို့နဲ့ ရေခဲဖုန်းနေတာစတဲ့ အခြေ အနေတွေကိုလည်း ဖော်ပြပေးနိုင်မယ်လို့ ဆိုပါတယ်။ လမ်းညွှန် စနစ်တွေနဲ့လည်း ချိတ်ဆက်ထားနိုင် သေးတာကြောင့် အရှေ့မှာ ရောက်လာမယ့် အကွေ့တွေကို ကြိုပြပေးနိုင်ကာ ပြိုင်ဘက် Mercedes-Benz Model တွေရဲ့ AR နည်းပညာ ပုံရိပ်ယောင် ထက်လည်း ပိုအသုံးတည့်မယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုယ့်ကားရဲ့ ကိုယ်ထည်အတိုင်းအတာ ကိုလည်း ပြပေးထားနိုင်မှာကြောင့် ကားပါကင် ထိုးမယ့် နေရာမှာလည်း လွတ်နိုင်မလွတ်နိုင် ပြပေးနိုင်ဦးမှာပါ။ ဒါပေမယ့် အခု နည်းပညာကို စတင်တာ Ford တော့ မဟုတ်နေခဲ့ပဲယခင် ၂၀၁၈ ကတည်းက Mercedes ကနေ အလားတူ နည်းပညာ တစ်ရပ်ကို Maybach S-Class ဇိမ်ခံ Sedan ကားမှာ သုံးခဲ့ဖူးပါသေးတယ်။ အဆိုပါ Mercedes ရဲ့ နည်းပညာမှာတုန်းကလည်း မီးလုံးမှာပါတဲ့ သန်းနဲ့ချီတဲ့ Pixel တွေကနေတစ်ဆင့် အရှေ့မှာ လမ်းပြင်နေတာတွေ ဘာတွေကအစ ပြပေးနိုင်ဖို့ ပြုလုပ်ပေး ထားနိုင်ပြီး လမ်းသွားလမ်းလာ တွေအဖို့လည်း အထောက်အကူ ဖြစ်နိုင် လိမ့်မယ်လို့ ချပြခဲ့ဖူးတာပါ။

Photo Credit: MotorAuthority

ဒါပေမယ့် အမေရိက မှာဆိုရင်တော့ အခု နည်းပညာကို သုံးမယ်ဆိုရင် လွန်ခဲ့တဲ့ ၁၉၆၇ ခုနှစ်တုန်းကတည်းက သတ်မှတ်ထားတဲ့ High beam နဲ့ Low Beam မီးရောင်တွေဆိုင်ရာ ယာဉ်ဥပဒေတွေနဲ့ပဲ ကိုက်ညီ နိုင်ပါ တယ်။ ဒါပေမယ့် အလားတူ နည်းပညာနဲ့ ရှေ့မီးကြီးတွေသုံးဖို့ကိုတော့ အခုနှစ် အစောပိုင်းတုန်းကပဲ NHTSA ကနေ အတည်ပြု ပေးနိုင်ခဲ့ပြီး ယခင်နှစ် နှောင်းပိုင်း ကတည်းက ပြင်ဆင်ခဲ့တဲ့ အခြေခံ အဆောက်အဦ များဆိုင်ရာ ဥပဒေ နဲ့သက်ဆိုင်လာခဲ့တာ ဖြစ်ပါတယ်။ Ford ကတော့ သူတို့ရဲ့ အခုလို ပုံရိပ်ဖော် မီးရောင်ကိုယ်ပိုင် နည်းပညာကို စီးပွားဖြစ် ထုတ်လုပ်နိုင်ဖို့ အစီအစဉ်တွေ မကြေညာထားသေးပေမယ့် နောက်ပိုင်းမှာ တော့ အမေရိကရဲ့ သုံးစွဲသူတွေ အဖို့ နည်းပညာအဆန်း တစ်ခု မြင်လာရဖို့ နီးစပ်နေတယ်လို့ပဲ ဆိုရတော့မှာပါ။

Ref: MotorAuthority

Exit mobile version