MyCars Myanmar

မီးလောင်နိုင်တဲ့ ပြဿနာကြောင့် အိမ်အပြင်ဘက်မှာ ရပ်ထားရမယ့် Ford Expedition 2021 Model!

Ford ကတော့ Expedition Model နဲ့ Lincoln Navigator SUV ပေါင်း ၃၉,၀၁၃ စီးကို ပြန်လည် သိမ်း ဆည်းနေပြီး မီးလောင်နိုင်တဲ့ အန္တရာယ်ကြောင့်လို့လည်း သိရပါတယ်။ အဆိုပါကားတွေ အကုန်လုံးကတော့ ၂၀၂၁ မော်ဒယ်တွေ ချည်းပဲ ဖြစ်ပြီး Expedition ကားက အစီးရေ ၃၂,၇၁၁ စီး နဲ့ Navigator ကားက ၆,၃၀၂ စီး ပါဝင်နေတာပဲ ဖြစ်ပါတယ်။ NHTSA နဲ့ Ford တို့ကတော့ အဆိုပါ ကားတွေကို လောလောဆယ် မှာ အိမ်အပြင်ဘက်မှာပဲ ရပ်ထားဖို့ အကြံပြုထားပြီး ကားစက်သတ်ထားတဲ့ အချိန်မှာ မီးလောင်မှု ပိုဖြစ်နိုင် လို့ပါပဲလို့လည်း ဆိုထားပါတယ်။ လက်ရှိမှာတော့ အခု ပြဿနာ ကြောင့် မီးထလောင်မှုပေါင်း ကလည်း ၁၆ မှု အထိ ရှိထားပြီ ဖြစ်ပြီး ပြီးခဲ့တဲ့ မတ် လ ကတည်းက စုံစမ်းစစ်ဆေးမှုတွေ အရ ဆိုရင်လည်း အမှု ၈ ခု လောက်က အင်ဂျင်အောက်ပိုင်းက မီးလောင်တာလို့ သိရပါတယ်။ မီးလောင်မှုပေါင်း ၆ ခု လောက်ကတော့ ခရီးသည်ဘက် အခြမ်းက ဖြစ်ပြီး ကျန် ၂ ခု ကတော့ ဘယ်နေရာက လောင်မှန်းမသိရသေးတာ ဖြစ်ပါတယ်။ ဒ့ါအပြင် မီးလောင်မှုတွေထဲက ၁၂ ခု လောက်ကပါ ယာဉ်ကို စက်သတ်ထားတဲ့ အချိန်လောင်တာ ဖြစ်ပြီး လေးခုကတော့ ကားမောင်းနေရင်း ထလောင်တာပါ။ အခုချိန် အထိတော့ အဆိုပါအပိုင်းတွေကလွဲလို့ အခြား သော ဘက်ထရီပိုင်းတွေကြောင့်မီးလောင်ရတယ်ဆိုတဲ့ သတင်းမကြားသေးသလို မီးလောင်မှု ကြောင့်လည်း ဒဏ်ရာရ သတင်း တစ်ခေါက်ပဲကြားထား ပါသေးတယ်။

Photo Credit: motor 1.com

အခု မီးလောင်မှုတွေမှာ တစ်ချို့ အခြေအနေတွေ အကြောင်းအရင်း မသိရသေးပေမယ့်လည်း ခရီးသည်တင် တဲ့ ဘက် အခြမ်းကပဲ စလောင်တာ များပြီး လက်ရှိ သိထားရသလောက်ကတော့ တစ်ချို့ ခရီးသည်တွေက လည်း အဆိုပါ နေရာ ဘက်ကလည်း မီးလောင်တဲ့ညှော်နံ့နဲ့ မီးခိုးတွေပါ တွေ့ရတယ်လို့ ဖော်ပြထားဖူးကြ ပါတယ်။ ပိုပြီး တိကျတာကတော့ အခု ကားမီးလောင်မှု ၁၆ မှုထဲက ၁၄ မှု ကတော့ ကားအငှား ဝန်ဆောင်မှု ကို အသုံးပြုနေရင်း လောင်တာ ဖြစ်နေတာပါ။ ဒါပေမယ့် ဒီလို အငှားဝန်ဆောင်မှုနဲ့ မီးလောင်မှု ဘယ်လိုများ ဆက်စပ်သလဲ ဆိုတာကိုတော့ NHTSA လည်း မဖော်ပြထား သေးပါဘူး။ လက်ရှိ ဈေးကွက်ထဲ ရှိနေတဲ့ ကားတွေက လွဲလို့ Ford က အဆိုပါ Expedition ကားတွေ ထုတ်လုပ်မှု ခဏရပ်ထားသလို Navigator ကား တွေကိုလည်း ၂၀၂၀ ဒီဇင်ဘာ ၁ ရက် နေ့ ကနေ ၂၀၂၁ ဧပြီလ ၃၀ ရက်နေ့ အတွင်း ထုတ်လုပ်ထားတဲ့ ကားတွေပြန်အပ်ရမယ် ‌ဆိုပြီး ကန့်သတ်ထားလိုက် ပါတယ်။ အခု ပြန်အပ်ရမယ့် စာရင်းထဲ ပါနေသူတွေက တော့ Ford ရဲ့ အရောင်း ကိုယ်စားလှယ် ‌ဆိုင်တွေကို အမြန်ဆုံး အကြောင်းကြားရမှာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

လက်ရှိ အချိန်အထိ စုံစမ်းသိရသလောက် ကတော့ တိတိကျကျ ပြန်ပြင်လိုက်နိုင်တာမျိုးလည်း မကြားရ သေး ပြန်ပါဘူး။ အဆိုပါ ပြန်လည် သိမ်းဆည်းရမယ့် စာတွေကတော့ မေ ၁၇ ရက်နေ့ကတည်းက ထွက်လာ ခဲ့တာဖြစ်ပြီး Ford ကတော့ သူတို့ရဲ့အရောင်းကိုယ်စားလှယ်တွေဆီ အခု မေလ ၁၉ မှာတင် အကြောင်း ကြား ကာ ၂၃ ရက် နေ့မှာ ပိုင်ရှင်တွေဆီ တိုက်ရိုက် အကြောင်းကြားနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ပြဿ နာရဲ့ ရင်းမြစ်ကို အဖြေရှာလို့ မရသေးတဲ့ အထိတော့ အဆိုပါ ကား ၂ မျိုး လုံးကို အိမ်ထဲမှာ ထည့်မရပ်သေးပဲ အိမ်အပြင် ဘက်မှာသာ သီးသန့် ရပ်ထားဖို့တော့ Ford က အကြံပြုထားတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com

Exit mobile version