MyCars Myanmar

အင်ဂျင်ကို အဝေးကနေ စက်နှိုးပေးမယ့် ရီမုကို Ford တီထွင်!

အခု နောက်ပိုင်းမှာတော့ ကားကုမ္ပဏီတွေ ဆီကနေ အမျိုးမျိုးသော ဆန်းသစ်တဲ့ တီထွင်မှုတွေကို မူပိုင်ခွင့် တင်လာကြတာ ဆက်တိုက်မြင်နေရပြီး ထူးခြားဆန်းပြားတဲ့ ဒီဇိုင်းတွေ အပြင် ခေတ်လွန် အနာဂါတ်နည်း ပညာ တွေပါ မြင်နေရပါတယ်။ အခု နောက်ဆုံး ခပ်ဆန်းဆန်း မြင်တွေ့ထားရတဲ့ နည်းပညာသစ်ကတော့ ၇ ကြိမ်မြောက် Gen Mustang Forum ကနေထွက်ပေါ်လာတာ ဖြစ်ပြီး အင်ဂျင်ကို အဝေးကနေ ထိန်းချုပ် စက်နှိုးပေးနိုင်ဖို့ပါပဲ။ Ford ကတော့ စွမ်းဆောင်ရည်မြင့်ကားတွေကို ဝယ်ယူကြသူတွေတိုင်းက အင်ဂျင်အ သံ ကောင်းကောင်းကို အများကြီးမျှော်လင့်လာကြတယ်လို့ ဆိုထားပါတယ်။ ‌ဒါကြောင့်အဝေးကနေ အင်ဂျင် သံကို ဖွင့်ကြည့်စမ်းသပ်ပြီး ကြိုတင် ရွေးချယ် သတ်မှတ်ထားတဲ့အသံတွေကို လုပ်နိုင်ဖို့အထိ ရည်ရွယ်ထား တာ ဖြစ်ပါတယ်။ ဒီထဲမှာမှ ထူးခြားပြီး နည်းနည်း ပျော်စရာ ကောင်းမှာကတော့ အင်ဂျင်သံကို သီချင်းသံစဉ် အလိုက်နဲ့ ‌ထုတ်ပေးနိုင်မယ့် လုပ်ဆောင်ချက် တစ်ရပ်ပါပဲ။ ကားမှာ ကြိုတင်ထည့်ထားမယ့် သီချင်းသံအ လိုက်နဲ့ Music Notes တွေအလိုက် အင်ဂျင်သံကို အဝေးကနေ ကြိုဖွင့် နိုင်မှာဖြစ်ပြီး အင်ဂျင်ရဲ့ လည်ပတ် နှုန်း အလိုက်လည်း သံစဉ်အနိမ့်အမြင့် အတက်အကျတွေ လုပ်နိုင် ဦးမယ်လို့ သိရပါတယ်။

Photo Credit: CARBUZZ

တစ်ချို့ကတော့ အခု လုပ်ဆောင်ချက်က ‌မလိုအပ်ဖူးလို့ ယူဆကြပေမယ့်လည်း တစ်ချို့အတွက်ကတော့ အတော် ပျော်စရာ ကောင်းနေမှာပါ။ အထူးသဖြင့် Mustang GT မှာ V 8 Engine  အသံကို နားဆင်နိုင်တာ မျိုးတို့ပါ လုပ်လို့ ရမှာ ဖြစ်ပြီး အဝေးကနေ ထိန်းချုပ်နိုင်ဖို့အတွက် ရီမုအပြင် အခြားစမတ်ဖုန်းလို အရာမျိုး တွေနဲ့ပါအသုံးပြုလို့ ရကောင်း ရလာနိုင်ပါတယ်။ ဒါ့အပြင် အခု နည်းပညာမှာတော့ ကားရဲ့ ရှေ့မီးနောက် မီးတွေကို အင်ဂျင်သံ အတက်အကျ အလိုက် စလိုက် မီးတွေနဲ့ လှလှပပ ဖန်တီးပေးနိုင်မယ့် စနစ်လည်း ပါဝင် ပါသေးတယ်။ ကားရဲ့ မီးရောင်တွေကလည်း အင်ဂျင် သံအလိုက် လိုက်ပါပြောင်းလဲနိုင်ဦးမှာ ဖြစ်တယ် လို့ အခု နည်းပညာ မူပိုင်ခွင့်မှာဖော်ပြထားပြီး Tesla ရဲ့ Celebration Mode နဲ့လည်း ခပ်ဆင်ဆင်တူကာ အခုစနစ်ရဲ့ အားသာချက်ကတော့ အိတ်ဇောသံနဲ့ပါ ပေါင်းစပ် ပေးထားတာပါ။

Photo Credit: CARBUZZ

အခု စနစ်မှာတော့ အင်ဂျင်အတွက်သာ ပြောထားတယ်ဆိုပေမယ့် အင်ဂျင်ပါတဲ့ကားတွေ အတွက်ပဲ သီးသန့် ရည်ရွယ် ထားတာမျိုး မဟုတ်ပဲ Hybrid နဲ့ လျှပ်စစ် ကားသမားတွေ အတွက်ပါ သုံးနိုင်စေရမယ်လို့ သိရပါ တယ်။ Hybrid ကားတွေနဲ့ လျှပ်စစ်ကားတွေမှာလည်း အခုလို အင်ဂျင်သံ အတက်အကျတွေနဲ့ လှလှပပ သံစဉ်လေးတွေကို ကားရဲ့စပီကာတွေကနေ တစ်ဆင့်ထုတ်လုပ်ပေးနိုင်မှာပါ။ Virtual Revving လို့ အမည် ပေးထားတဲ့ အခုစနစ်မှာတော့ အင်ဂျင်သံ ၊ တာဘိုင်အသံနဲ့ Flux Capacitor အသံတွေကို လျှပ်စစ်ကား တွေမှာ ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ နဂို ပါလာပြီးသား အသံစနစ်တွေကနေ အခုလိုမျိုး အမျိုးမျိုးသော အင်ဂျင်သံတွေကို ဖန်တီးပေးနိုင်မှာဖြစ်ပြီး ဘက်ထရီ လျှပ်စစ် ကားတွေအတွက်ကတော့ သတင်း ကောင်း လို့ပဲဆိုရမှာပါ။ Mustang အင်ဂျင်သမား တွေအတွက်ကတော့ အခုနည်းပညာကို မနာလိုဖြစ်ကောင်းဖြစ် လာနိုင်ပေမယ့် တစ်ခြားသော ကားတွေတိုင်းမှာ အခု နည်းပညာသစ်နဲ့ ပျော်ရွှင်မှုတွေကို ရှာဖွေနိုင်မလား ဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref: carbuzz.com

Exit mobile version