MyCars Myanmar

ဥရောပ ဈေးကွက်ထဲ ပွဲဦးထွက်ပြသလာပြီဖြစ်တဲ့ Ford Bronco အသစ် !

Ford Bronco ဆိုတာကတော့ အမေရိက ဈေးကွက်‌ထဲမှာဆိုရင် နာမည်ရလာတာ ဒုတိယမြောက် မျိုးဆက် အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုရှိနေတာကတော့ အဆိုပါကားကို အမေရိက ဈေးကွက်ထဲမှာပဲ သီးသန့် အနေနဲ့ ရနေတာ မျိုးပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် Ford ကတော့ အနာဂါတ် မှာ အဆိုပါ ကားသစ်ကို ဥရောပဆီ ပို့ဆောင် ပေးလာနိုင်ဖို့ အတွက် စဉ်းစားနေပြီ ဖြစ်ပြီး လောလောဆယ်တော့ ဘာမှ အတည်မပြု ထားနိုင်သေးတဲ့ အခြေအနေပဲ ရှိပါသေးတယ်။ ပိုထူးခြား လာတာကတော့ အခု တစ်ပတ်ထဲမှာပဲ ဥရောပဆီ မှာ Ford Bronco ကို ပြသပေးလာတာ ကြောင့် ဒါဟာ အနာဂါတ်မှာ တကယ်ပဲ ဥရောပ ‌ဈေးကွက်ထဲ အထိ မြင်ရတော့မယ် ဆိုတဲ့ သဲလွန်စလား ဆိုတာ ပိုပြီး စဉ်းစားစရာ ဖြစ်လာ နေပါတယ်။ အခု လက်ရှိ မှာတော့ OICA ရဲ့ ၂၀၂၂ ဥရောပ ကားပြပွဲတွေထဲ ပဲရစ် ပြပွဲကြီး ပြီးရင် နောက်တစ်မျိုးဖြစ်တဲ့ 2022 Sofia Motor ကားပြပွဲကြီးမှာတော့ Ford Bronco ကို မြင်လာရတာဖြစ်ပြီး 2.7 Liter V 6 EcoBoost Engine သုံးထား တဲ့ ကားလည်း ဖြစ်ပါတယ်။ သိထားရသလောက် ဆိုရင်တော့ အခုကားက ဥရောပ ဈေးကွက် ထဲမှာ ပထမ ဆုံး စမြင်လာရတဲ့ Bronco ဖြစ်ဖို့ များပါတယ်။ ဒါပေမယ့် တစ်ခုရှိတာ ကတော့ ဒီကားကို Ford ‌ဥရောပ က တရားဝင် တင်သွင်းထားတာ မဟုတ်ပဲ အရောင်း ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဘူဂေးရီယား လူမျိုး တစ်ဦး က တင်သွင်းကာ ချပြထားတာပါ။ ကားကိုတော့ အဆိုပါ ပွဲကြီးထဲ ပြသထားပေမယ့် ရောင်းချရတဲ့ ‌ဈေးနှုန်း ကို မကပ်ထားတာကြောင့် ပြသရုံ သပ်သပ်ပါပဲ။

Photo Credit: motor 1.com

Ford ရဲ့ ပြန်ကြားရေး တာဝန်ရှိသူ တွေကတော့ အခု ကားနဲ့ ပတ်သက်ပြီး Bronco ဥရောပ ဈေးကွက်ထဲ အချိန်မရွေး ရောက်လာ နိုင်သလား ဆိုတာကိုတော့ အတိအကျ ဘာမှ မပြောထားသေးပဲ Icon ဖြစ်နေတဲ့ ကားတစ်စီးကို ပြသထားရုံပါပဲ လို့သာပြန်လည် ဖြေရှင်းထားပါတယ်။ ဒါကြောင့် လောလောဆယ်မှာ ဥရောပ ဈေးကွက်ထဲ ဝင်မဝင် ဆိုတာကို ဘာမှ ရေရေရာရာ အဖြေမပေးထား သေးတာပါ။ တကယ်လို့ ဝင်ရောက်လာခဲ့မယ် ဆိုရင်တော့ ဘယ်တော့ လောက်လဲဆိုတဲ့ အတိအကျ နေ့စွဲတွေကို မသိနိုင်သေးပါဘူး။

Photo Credit: motor 1.com

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ လောက်ကတော့ Ford CEO ဖြစ်သူ Jim Farley က သူ့ အနေနဲ့ ကတော့ ‌ဥရောပ‌ ကို Ford Bronco ပို့ရမယ် ဆိုရင်လည်း သိပ်ပြီး ပြဿနာ မရှိဘူးလို့ ဆိုထားပြီး Land Rover Defender ရဲ့ ပြိုင်ဘက်ကောင်း တစ်စီးတောင် ဖြစ်လာနိုင်ပါတယ်။ 2021 Goodwood Revival ပွဲမှာတော့ သူ့ အနေနဲ့ ဥရောပ ဈေးကွက်ထဲက ပြိုင်ဘက်တွေ အဆင်သင့် ပြင်ထားဖို့ ဆိုတဲ့ အရိပ်အမြွက်လောက် ပြောခဲ့ပေမယ့် လည်း အခုအချိန် အထိကတော့ ဘာမှ မထူးခြားလာခဲ့ သေးတာပါ။ နောက်တစ်ချက် ကတော့ ဥရောပမှာ သီးသန့် ထုတ်လုပ်လာနိုင်တဲ့ အမျိုး အစားအသစ် အနေနဲ့ မြင်ရနိုင်တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၉ တုန်းကလည်း ဥရောပရဲ့ မူပိုင်ခွင့်ရုံးမှာ မှတ်ပုံတင် ထားဖူးတဲ့ မှတ်တမ်း တစ်ချို့ရှိခဲ့ ပါသေးတယ်။ အဆိုပါ မူပိုင်ခွင့်ကိုတော့ အမေရိကမှာ Ford Bronco မထွက် ခင်ကြိုပြီး တင်ထားတာကြောင့် အမျိုးမျိုး စဉ်းစားစရာ ကောင်းနေပြီပဲ ဖြစ်ပါတယ်။

Ref: motor 1.com

Exit mobile version