MyCars Myanmar

ပထမဆုံး တရားဝင် Teaser ထွက်ပေါ်လာပြီဖြစ်တဲ့ Ferrari Purosangue SUV ကားသစ်!

Ferrari ဆီက SUV ကားအသစ် အကြောင်းကို သတင်းတွေ ကြားနေခဲ့ရတာ နှစ်အတော်လေးတောင် ကြာ လာခဲ့ပြီ ဖြစ်ပြီး အခု ဆိုရင်တော့ ပထမဆုံးသော တရားဝင် Teaser ပုံရိပ် တစ်ခုကို စမြင်လာရပါပြီ။ အခု ပုံကတော့ ကားသစ်ရဲ့ အပေါ်ပိုင်းကိုမှ အရှေ့ဘက်ကနေ မြင်နေရတဲ့ ပုံရိပ်ဖြစ်ပြီး ပြုံးနေတဲ့ ကားရှေ့မျက်နှာ စာပုံစံ ၊ ခိုင်ခံ့တဲ့ အသွင်အပြင် ကြီးနဲ့အတူ မြင်းနှစ်ကောင်ပုံကိုလည်း အရှေ့မှာ ထင်းထင်းကြီး မြင်ထား ရပါတယ်။ Teaser ပုံရိပ် အဆင့်ပဲရှိသေးတာကြောင့် အဆိုပါ SUV ရဲ့ ကိုယ်ထည်ကို သေချာမမြင်ရ‌နိုင်သေး အောင် ကားရဲ့အနောက်ဘက် အပိုင်းတစ်ခုလုံး ကိုတော့ အရိပ်တွေ များများထည့်ပြီး ဖုံးကွယ်ထားပါသေး တယ်။ ဒါတောင်မှ မီဒီယာ အတော်များများက ပုံကို သေချာအလင်းတင် ပြုပြင်ပြီး ဖော်ပြခဲ့ကြလို့ ဒီလောက် အထိ မြင်လာရတာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ဒါပေမယ့်လည်း ဘယ်လိုပဲကြိုးစားပြီးကြည့်ကြည့် Teaser ပုံရိပ်တစ်ခုသာ ရှိသေးတာကြောင့် အနောက် ဘက် SUV တစ်စီးလုံးကြီးကို သေချာမမြင်ရအောင် လုပ်ထားနိုင်သေးတာ ဖြစ်ပြီး အရှေ့ဘက်ကိုတော့ သေချာကြည့်မယ် ဆိုရင် အသေးစိတ်တွေပါ မြင်နိုင်ပါတယ်။ အခုမြင်ရတဲ့ ကားရဲ့ အရှေ့ပိုင်းပုံကတော့ ကိုယ့်ကား မောင်းနေရင်းနဲ့ ဘက်ကြည့်မှန်ထဲမှာ မြင်နိုင်မယ့် Ferrari SUV ရဲ့ အရှေ့ဘက် မြင်ကွင်းအတိုင်း ပါပဲ။ ဒါပေမယ့် ကြည့်လိုက်တာနဲ့ တင် Ferrari ဆိုတာ ‌သိသာနေစေတာကတော့ စိတ်လှုပ်ရှားစရာ ကောင်း ပါတယ်။ အဆိုပါ ကားသတင်းအကြောင်းကို စကြားခဲ့ရတာ ၂၀၁၈ ကတည်းကဖြစ်ပြီး ကုမ္ပဏီဘက်ကနေ သူတို့ ကားအသစ်ရဲ့ အနာဂါတ် အချိန် အပိုင်းအခြားတွေ အတိုင်းကို ထုတ်ပြခဲ့တာပါ။ ဒါပေမယ့်လည်း အဆိုပါ အချိန်တုန်းကတော့ ကမ္ဘာ့ကပ်ရောဂါ ကြီးလည်း မစသေးပဲ အားလုံး ပုံမှန်အတိုင်း အေးအေးဆေး ဆေး ဖြစ်နေတုန်းပါ။ ဒါကြောင့် ကားလောကကိုလည်း ဘာမှ ကြီးကြီးမားမား မသက်ရောက် သေးတာ ကြောင့် ပုံမှန်ပဲ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလို အခက်အခဲတွေ ကြားထဲ ကပဲ အခုနှစ်ပိုင်း တွေထဲမှာ Ferrari တို့က စမ်းသပ်ခံ Version တွေ ဖန်တီးနိုင်ခဲ့ ပါသေးတယ်။ အခု ပုံနဲ့အတူ ပါ ဝင်လာခဲ့တဲ့ စာသား တစ်ချို့အရတော့ အခုကားက Game Changer ကား ကောင်းတစ်စီးဖြစ်ပြီး အခုနှစ် နှောင်းပိုင်း လောက်မှာ စတင်ပေါ်ထွက် လာတော့မယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

Photo Credit: motor 1.com

လက်ရှိ အချိန်အထိမှာတော့ အဆိုပါ ကားကို စမ်းသပ်နေတဲ့ ပုံရိပ်တွေကအစ အတော်လေး သေချာ ဖုံးကွယ် ထားတာ ဖြစ်ပြီး အခုအချိန် အထိ မြင်ခဲ့ရသမျှ Spy Shots တွေ ဆိုတာကလည်း Maserati Levante ရဲ့ ကိုယ်ထည်ပုံတွေ နဲ့ ရော နေတာပါ။ ဒါ ကြောင့် တစ်ချို့ကလည်း အခု Ferrari SUV အသစ်ဆိုတာ Maserati ကိုပဲ တံဆိပ်ပြောင်းကပ် ထားတာ ပါလို့ တွေးကောင်း တွေးမိနိုင်ကြပေမယ့်လည်း တကယ်တော့ မဟုတ်ပါဘူး။ လက်တွေ့မှာ အခု ကားသစ်ကို Front Mid-Engine ဆိုတဲ့ Platform အသစ်ကို သုံးထား တာဖြစ်ပြီး V 12 Engine သုံးလာမယ်လို့ လောလောဆယ် ခန့်မှန်း ရပါတယ်။ ဒါ့အပြင် 296 GTB မှာတုန်း က မြင်ခဲ့ရဖူး သလိုမျိုး Hybrid V6 Version တစ်မျိုးလည်း တွဲဖက် ပါလာနိုင်ပါသေးတယ်။ မကြာသေးမီ တုန်းကပဲ အဆိုပါ Purosangue SUV အသစ်ကို အများပြည်သူသုံး လမ်းမ တွေထက်မှာ စမ်းသပ်နေတဲ့ ပုံရိပ်တစ်ချို့ မြင်တွေ့ခဲ့ ရသေးပြီး Camouflage တွေတော့ အပြည့်အုပ်ထားဆဲပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခုဆိုရင် Ferrari ကိုယ်တိုင်က တရားဝင် Teaser ပုံရိပ်ကို ချပြလာပြီ ဖြစ်တာကြောင့် မကြာခင်မှာပဲ Camouflage တွေ မရှိသလောက် နည်းသွားတော့မယ့် ကားပုံစံကိုပဲ မြင်ရတော့မယ်လို့ မျှော်လင့် ချင်စရာ ကောင်းလာ ခဲ့ပါပြီ။ ဘယ်လိုပဲ ဖြစ်ဖြစ် Ferrari ဆီက ပထမဆုံး SUV ကားကိုတော့ အခုနှစ်ထဲမှာပဲ သေချာ ပေါက် မြင်ရတော့မှာပါ။

Ref: motor 1.com

Exit mobile version