MyCars Myanmar

Electra E5 Crossover ကားသစ်ရဲ့ အတွင်းခန်း ပုံရိပ်တွေကို ချပြလာတဲ့ Buick !

 Buick ကတော့ မိသားစု လျှပ်စစ်ကားတစ်မျိုး ဖြစ်တဲ့ Electra ကို ပြန်လည် ဆန်းသစ်ပြီး Electra E 5 ဆိုတဲ့ Compact Crossover ကားသစ်ကို အခုနှစ်ထဲ တရုတ်ဈေးကွက်မှာ ရောင်းချသွားမယ်လို့ သိရပါတယ်။ Buick ကတော့ အဆိုပါကားသစ်ရဲ့ အပြင်ပိုင်း ဒီဇိုင်းကို မနှစ်က ဒီဇင်ဘာမှာတင် ချပြခဲ့ပြီး အခု တစ်ခေါက်မှာတော့ အတွင်းခန်း ပုံရိပ် တွေကိုပါ မြင်တွေ့လာရတာပါ။ အဆိုပါ ကားကို တရုတ်ဈေးကွက် အတွက်ပဲ ရောင်းချမှာဆိုပေမယ့် နောက်ပိုင်း အမေရိက ဈေးကွက်လောက်အထိ ရောက်နိုင်ဖို့ အတွက် ဘယ်လိုပုံစံတွေ ဖြစ်လာမလဲ ဆိုတာလည်း အခုကားပုံမှာတင် ခန့်မှန်းကြည့်လို့ ရနေတာပဲ ဖြစ်ပါတယ်။ 

Photo Credit: MotorAuthority

 

ကားရဲ့ ပုံစံကတော့ အတော်လေးကို သက်တောင့်သက်သာ ရှိမယ့် ပုံပေါက်တယ် ဆိုပေမယ့် အရမ်းကြီး ထူးခြားလှပ နေတဲ့ ဒီဇိုင်းမျိုးတော့ မဟုတ်ဘူးလို့ ဆိုနိုင်ပါတယ်။ အဓိက သိသာတာကတော့ အတွင်းခန်းထဲက လက်မ ၃၀ အရွယ် Screen မှန်ကွေး ကြီပါပဲ ၊ အဆိုပါ Screen ထဲမှာပဲ Digital Instrument Cluster နဲ့ Infotainment Screen ပိုင်းတို့ကို ပေါင်းထားတာဖြစ်ပြီး Head-Up Display လည်း ပါဝင်လာပါလိမ့်မယ်။ ကြိုးမဲ့ Apple CarPlay နဲ့ ကြိုးမဲ့အားသွင်း စနစ် တွေ ၊ 5G ကွန်ရက်စနစ်နဲ့ အခြား OTA Update တွေအပြင် Bose အသံစနစ် စတာတွေကိုလည်း အတွင်းခန်းမှာ ရနိုင် ဦးမှာပါ။ 

Photo Credit: MotorAuthority

 အခုကားသစ် ကတော့ ၁၉၂.၆ လက်မ ရှည်ပြီး ဘီးနှစ်ခုအကြား အကွာအဝေးကလည်း ၁၁၆.၃ လက်မ အထိ ရှိလို့ နေပါတယ်။ ပုံမှန်အားဖြင့်တော့ 2024 Chevrolet Equinox EV နဲ့ အရွယ်အစား ခပ်ဆင်ဆင်ဖြစ်ပြီး သူ့ရဲ့ ကားတန်းမှာ တော့ အတွင်းခန်း အတော်ကျယ်ကျယ် ဖြစ်လာနိုင်ပါတယ်။ Electra E5 အနေနဲ့ GM ရဲ့ Ultium EV Platform ကို သုံးထားမှာ ဖြစ်တာကြောင့် ဘက်ထရီလည်း ပိုကောင်းလာ နိုင်ပေမယ့် အသေးစိတ် အတိအကျကိုတော့ မသိ ရသေးတာကြောင့် စောင့်ကြည့်ရဦးမှာပါ။ Buick ကတော့ အမေရိက ဈေးကွက်အတွက် ကို ၂၀၂၄ နှောင်းပိုင်းလောက် မှာတင် Showroom ၂ ခုနဲ့ ‌‌ခြေဆန့်ဖို့ ပြင်ဆင်ထားပြီး တစ်ခုကိုတော့ သာမန် အချိုးအစားတွေနဲ့ SUV ကားတွေရောင်းချမှာ ဖြစ်ကာ နောက်တစ်မျိုးမှာတော့ Coupe ပိုဆန်တဲ့ကားတွေကို သီးသန့်ရောင်းမှာ ဖြစ်တယ်လို့ သိထား ရပါတယ်။ 

Ref: MotorAuthority

Exit mobile version