MyCars Myanmar

အတော်လေး လက်ဝင်တဲ့ Fast And Furious ရုပ်ရှင်ထဲက Dodge Charger သစ်သားကား ပုံတူလေး!

ကား‌တွေနဲ့ ပတ်သက်တဲ့ ရုပ်ရှင်အကြောင်းကို ပြောပါဆိုရင်တော့ ချန်ထားလို့မရတာ Fast And Furious ရုပ်ရှင် စီးရီး ကိုပါပဲ။ ဒါပေမယ့် အခု ရုပ်ရှင်ထက် ပိုမိုက်ပိုလန်းတဲ့ အရာတစ်ခုကိုလည်း မြင်လာရပါတယ်။ အဲ့ဒါကတော့ ရုပ်ရှင်ထဲက Dodge Charger ကားကို လက်မှုနဲ့ပဲ ပြန်လည်ဖန်တီးထားတဲ့ အသေးစိတ် အပြင်အဆင်တွေနဲ့ သစ်သားကား ပုံစံတူ တစ်စီးပဲ ဖြစ်ပါတယ်။ အဆိုပါ သစ်သားကားလေး ကိုတော့ Awesome Woodcraft ကနေ ဖန်တီးထားတာဖြစ်ပြီး ယခင်ကတည်းကလည်း ၎င်းတို့ဆီကနေ အတော်လေး အံ့အားသင့်ဖို့ ကောင်းတဲ့ သစ်သား ကား ပုံစံတူလေးတွေကို မြင်ခဲ့ရဖူးပါတယ်။ Fast and Furious 8 ရုပ်ရှင်ထဲက မင်းသားကြီး Dominic Toretto ရဲ့ ရေခဲပြင်တွေထက် မောင်းနှင်ပြထားတဲ့ Dodge Charger ကားကို အခုတစ်ခေါက်မှာ ပြန်လည်ဖန်တီး ထားတာ ဖြစ်ပြီး ကိုယ်ထည်ပိုင်းတွေနဲ့ အသေးစိတ်နေရာ အတော်များများမှာ တော်တော်လေးကို အံ့အားသင့်ဖို့ ကောင်းတဲ့ အပြင်အဆင် လက်ရာတွေကို မြင်ရမှာပါ။

Photo Credit: motor 1.com

ယခင်လက်ရာတွေမှာ မြင်ခဲ့ရတဲ့အတိုင်း သစ်သားအပိုင်းအစတွေကို စနစ်တကျ ထွင်းထုထားတဲ့ လက်ရာတွေကိုပဲ မြင်ရတာဖြစ်ပြီး အမိုး ၊ အရှေ့ဘက် Grille နဲ့ Trunk တွေကိုက အစ အတော်လေး ချောချောမွေ့ မွေ့ ချိတ်ဆက် ဖန်တီးထားပါတယ်။ တံခါးတွေကိုတော့ သာမန်ကိုယ်ထည်ကနေ ဖြတ်ထုတ်ပြီး သီးသန့်သစ်သား တံခါးတွေ အနေနဲ့ ဖန်တီးကာ ပြန်ကပ်ပေးထားတာ ဖြစ်ပါတယ်။ ဘီးတွေကလည်း သစ်သားဝင်ရိုး ပေါ်မှာ အတော်လေးကို ခိုင်ခိုင် မာမာကပ်ပေးထားပြီး အတွင်းခန်းကအစ တော်တော်ကောင်းတဲ့ အသေးစိတ် အပြင်အဆင်တွေကိုထည့်ပေးထား ပါတယ်။ ကိုယ်ထည်နဲ့ Chassis ကိုလည်း အတော်လေး ခိုင်ခိုင်မာ မာကပ်ပေးထားပြီး Stain အရသာလေးတွေ ကလည်း Charger ကို ကြည့်ရတာ ဂန္ဓဝင်ဆန်တဲ့ အလှတွေ ပေးစွမ်းလာ နိုင်စေပါတယ်။

 

သေချာတာကတော့ အခုကားလေးကို မြင်ရတာနဲ့တင် သစ်သားကို ဘယ်လိုပုံဖော်မလဲ ၊ လွယ်ပါ့မလားလို့ စဉ်းစား နေမိလောက်ပါတယ်။ သေချာတာကတော့ အဆင့်ဆင့် ဖန်တီးကြရတာ တကယ်ကို မလွယ်ကူတာ ဖြစ်ပါတယ်။ အခု ကားလေးအကြောင်း ရိုက်ပြထားတဲ့ ၁၂ မိနစ်စာ Video လေးမှာတော့  ပုံသွင်း ၊ ဖြတ်တောက် စတဲ့ အပိုင်းတွေကို ဆက်တိုက်ပြထားပြီး Charger ကားရဲ့ အတော်လေး အနုစိတ် လက်ဝင်တဲ့ Beltline နဲ့ အနောက်ဘက် Pillars တွေ ကိုလည်း တော်တော်ကို ဖန်တီးယူထား ရပါတယ်။ အခုလို ပုံစံနဲ့ ကားရဲ့ အပြင်ဘက်ကို ဖန်တီးတာတော့ ဟုတ်ပြီ ဆိုပေမယ့် အတွင်းဘက် တံခါးဘောင်ဘက်တွေ ထဲအထိ ဘယ်လိုဖန်တီးထားသလဲ ဆိုတာတော့ တကယ်အံ့ဩ စရာဖြစ်ပြီး Video ထဲမှာတော့ အသေးစိတ် မဖော်ပြထားတော့ပါဘူး။ Fast And Furious ရုပ်ရှင်နဲ့ ပတ်သက်လို့ ကတော့ လတ်တလောမှာ နောက်ထပ် ရုပ်ရှင်တစ်ကားအတွက် ဖန်တီးနေပြီဖြစ်ပြီး နောက်ဆုံးရုပ်ရှင် ဖြစ်လာ ဖို့လည်း များနေပါပြီ။ နှစ်ပေါင်း ၂၀ ကျော်လောက် အထိ အသက်ဆက်လာတဲ့ အဆိုပါရုပ်ရှင်ထဲက ကားတွေအကုန် ကိုသာ သစ်သားမော်ဒယ် ပုံစံတူလေးတွေ ဖန်တီးမယ်ဆိုရင် တော်တော်လေးကို များပြားတဲ့ ကားတွေ ဖန်တီးယူရမှာတော့ သေချာပါတယ်။

Ref: motor 1.com

Exit mobile version