MyCars Myanmar

လာမယ့် ရက်သတ္တပတ်ကစလို့ Mercedes Benz အဖြစ် ပြောင်းလဲသွားတော့မယ့် Daimler !

ပြီးခဲ့တဲ့ အောက်တိုဘာ လတုန်းပဲ ရာစုနှစ်တစ်ခုနီးပါး ရပ်တည်လာခဲ့တဲ့ ကုမ္ပဏီတစ်ခုရဲ့ အပြောင်းအလဲ ကိုတော့ Daimler က ကြေညာခဲ့ပါတယ်။ အဓိက ကတော့ ကုမ္ပဏီ ရဲ့ ရှယ်ယာရှင်တွေက ကုမ္ပဏီနာမည် ကို Mercedes Benz Group AG အဖြစ်ပဲ ပြန်ပြောင်းဖို့ ဆန္ဒပြုခဲ့ ကြတာပါ။ အဆိုပါ နာမည် အောက်မှာပဲ Mercedes-Benz၊ Mercedes-AMG၊  Mercedes-Maybach နဲ့ Mercedes-EQ တို့ဆိုပြီး အခွဲ ၄ ခု ထပ်မံ ပါဝင်လာမှာပါ။ ယခင်က ရှိခဲ့တဲ့ ဘတ်စ်နဲ့ ကုန်တင်ကား အပိုင်းတွေကတော့ မနှစ်ကတည်းက သီးသန့် ဖြစ် နေခဲ့ပြီးပါပြီ။ အခုလို အပြောင်းအလဲတွေ ဘာလို့ ဖြစ်ပေါ်လာရလဲ ဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်း နေပါတယ်။ အခုဆိုရင်တော့ ပြင်ဆင်ချိန်ရဖို့ အတွက် ကြိုတင် သတ်မှတ်တဲ့ အနေနဲ့ အခု လာမယ့် ဖေဖော် ဝါရီလ ၁ ရက် နေ့ကစလို့ နာမည်ပြောင်း၊ Brand ပြောင်းတာတွေကို အတည် သတ်မှတ်တော့မှာပါ။ Mercedes CEO Ole Kaellenius ကတော့ အခုအချိန်မှာ ကုမ္ပဏီရဲ့အခွဲပေါင်းများစွာကို စနစ်တကျအဆင့် မြှင့်ရမယ်လို့ ဆိုထားပါတယ်။ ကုမ္ပဏီရဲ့ တန်ဖိုးကိုဖော်ပြထားခြင်း မရှိသေးပေမယ့်လည်း ဒေါ်လာ ၈၅.၇၀ ဘီလီယံ လောက်အထိ ရှိလာလိမ့်မယ်လို့ခန့်မှန်းရပါတယ်။ အဆိုပါပမာဏအတိုင်း အခုလာမယ့် ရက်သတ္တ ပတ်က စလို့ တိုးတက်ပြောင်းလဲ သွားတော့မလား ဒါမှမဟုတ် ကုမ္ပဏီတန်ကြေးက အမှန်တကယ် ဘယ် လောက် ပြောင်းလဲသွားမှာလဲ ၊ ဘယ်လောက်ရော အချိန်ထပ်ယူဦးမှာလဲ ဆိုတာတွေကတော့ သေချာပေါက် စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

တစ်ဖက်မှာတော့ Daimler Truck AG အနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ လတုန်းက သီးသန့်ရပ်တည် ခဲ့စဉ်တုန်း ကတော့ ရှယ်ယာ အမြတ်တွေ အနည်းငယ် တိုးတက်ခဲ့တာကြောင့် ရလဒ်ကောင်းတယ်လို့ ဆိုလို့ ရပါတယ်။ တစ်ချိန်တည်းမှာ ပဲ Mercedes Benz တို့ရဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းက ရှယ်ယာတန်ဖိုးကလည်း လွန်ခဲ့တဲ့ ၂၀၁၅ ကတည်းက နေ အကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အခုလိုမျိုး Mercedes Benz Group အသစ်တစ်ခု အဖြစ်သာ ပြောင်းသွားမယ် ဆိုရင် ရှယ်ယာ ဈေးကွက်ထဲမှာ နောက်ထပ် Tesla တို့ Lucid တို့လို အင်အားပိုကောင်းလာလိမ့်မယ်လို့ ယူဆရပါ တယ်။ ဒါပေမယ့် Tesla နဲ့ Lucid တို့ ဆိုတာကတော့ ကားလောကထဲကို ဝင်ရောက်လာကတည်းက လျှပ်စစ်ကား ကုမ္ပဏီတွေ အနေနဲ့သာ တိုက်ရိုက်ဝင်ရောက် လာတာ ဖြစ်ပြီး မာစီးဒီး တို့ကတော့ အခုမှ သာမန် ICE အင်ဂျင် သုံး ကားတွေကနေ လျှပ်စစ်ကားခေတ် သစ် တစ်ခုဆီ ‌ခြေလှမ်း လှမ်းနေဆဲ ဖြစ်ပါတယ်။ Mercedes EQS နဲ့ EQE တို့လို လျှပ်စစ် ကားသစ်တွေက ခြေလှမ်းသစ် ခြေလှမ်းကောင်း တွေဖြစ်ပေမယ့် အများကြီး ဆက်လျှောက်ရဦးမှာကတော့ သေချာပါတယ်။ ဒီ အချက်တွေကြောင့်ပဲ ဈေးကွက်ထဲ မာစီးဒီး ကုမ္ပဏီ အသစ်ရဲ့ တန်ဖိုးကလည်း ဘယ်လောက် အထိရှိမလဲ ဆိုတာ အကန့်အသတ်နဲ့ ခန့်မှန်းနေရဆဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

ဒါပေမယ့် ကုမ္ပဏီရဲ့ ဈေးကွက် တန်ဖိုးတွေနဲ့ ပတ်သက်ပြီး သိပ်ပြီးထုတ်ပြောလို့ မကောင်းသေးတဲ့ နောက် ထပ် အကြောင်းရင်းတစ်ရပ်ကတော့ Defensive လို့ခေါ်တဲ့ ကိုယ်ပိုင်ဈေးကွက် ကာကွယ်ရေးဗျူဟာ ကြောင့် ဖြစ်နိုင်ပါတယ်။ လက်ရှိမှာတော့ Mercedes အပါအဝင် BMW တို့လို ဇိမ်ခံ နာမည်ကြီး ကား ကုမ္ပဏီ အတော်များများ ကတော့ Tesla တို့ ကုမ္ပဏီ အသစ်တွေရဲ့ ဈေးကွက်ဝေစု တစ်ဟုန်ထိုး တက်လာ တာတွေကို ကာကွယ်နိုင်ဖို့ ကြိုးစားနေရချိန်လည်း ဖြစ်ပြန်တာပါ။ တစ်ချို့ ဈေးကွက်သုံးသပ်သူတွေ က လည်း Tesla ရဲ့ တန်ဖိုး တွက်ချက်မှုတွေ အရ Tesla ဟာ သိပ်ပြီး တိုးတက်ဖို့ အလားအလာ မရှိတဲ့ တစ်ချို့ သော ဂျာမနီ ကားလုပ်ငန်းတွေဆီကနေ ရှယ်ယာ ဈေးကွက်တွေကို အနိုင်ယူလာနိုင်တယ်လို့လည်း ယူဆ ထား ကြပါတယ်။ အခုလိုမျိုး Rebrand ပြန်လုပ်ခြင်း အားဖြင့် မာစီးဒီးတို့ တကယ်ပဲ လမ်းကြောင်းမှန်ပေါ် ပိုရောက်လာနိုင်မလား ဆိုတာ မသေချာသေးပေမယ့်လည်း အသစ် ထွက်လာမယ့် ထုတ်ကုန်တိုင်းကတော့ အရေးကြီးနေတာ အမှန်ပါပဲ။ ဈေးကွက်ထဲကို လက်ရှိ မိတ်ဆက် ပြသထားတဲ့ မာစီးဒီးရဲ့ လျှပ်စစ်ကားတွေ ကလည်း တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းတယ် ဆိုတာ သက်သေပြ ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် လည်း ဘယ်လိုပဲ ဖြစ်ဖြစ် နောက်ထပ် ထူးခြားဆန်းသစ် ကောင်းမွန်ပြီး စိန်ခေါ်နိုင်မယ့် မာစီးဒီးကားအသစ် တွေ ဈေးကွက်ထဲ ထပ်ရောက်လာနိုင်ဦးမှာ ဖြစ်လို့ စောင့်ကြည့်ရမှာပါ။

Ref: carbuzz.com

Exit mobile version