Renault ရဲ့ တန်ဖိုးနည်းကား Brand အခွဲတစ်ခုဖြစ်တဲ့ Dacia ကုမ္ပဏီကတော့ အခုဆိုရင် ဘယ်တုန်းကမှ မလုပ်ခဲ့ ဖူးပဲ လုံးဝကွဲထွက်နေတဲ့ Manifesto ဆိုတဲ့ Concept တစ်ခုကို ချပြကာ ကားလောကကို အံ့အား သင့်လာစေခဲ့ ပါတယ်။ လက်ရှိမှာတော့ အခုမြင်လိုက်ရတဲ့ Concept ဟာ ထုတ်လုပ်ဖို့ အဆင့်မဟုတ် သေးပေမယ့်လည်း နောက်ပိုင်းမှာတော့ အဆိုပါ လျှပ်စစ်လမ်းကြမ်း မောင်းကားကို စွန့်စားသွားလာရတာ ကြိုက်တဲ့သူတွေ အတွက် ထုတ်လုပ် ပေးလာနိုင်ပါတယ်။ အဆိုပါ ကား Concept ရဲ့ အရှေ့ဘက်မှာတော့ လုံးဝပုံစံ ပြောင်းလဲထားတဲ့ DC Logo ကို ထည့်ပေးထားပြီး အနောက်ဘက်မှာတော့ DACIA ဆိုတဲ့ စာသား ကို သုံးပေးထား ပါတယ်။ ရိုးရှင်းလေး ပိုဆန်းလေးဆိုတဲ့ အယူအဆကို သုံးထားတဲ့ အခုကား Concept မှာတော့ တံခါးတွေ ၊ ဘောင်တွေ ၊ ပြတင်းပေါက် တွေနဲ့ လေကာမှန်တွေကအစ ထူးထူးခြားခြား ဘာဆိုဘာမှ မပါလာခဲ့ပါဘူး။ ဒါ့အပြင် ရှေ့မီးကြီးကိုလည်း အကြီးကြီး တစ်လုံးတည်း ထည့်ပေးထားလိုက်ပြီး Infotainment Screen တွေဘာတွေ မသုံးထားတဲ့ ပုံစံကလည်း Ford Bronco မှာတုန်းကလိုမျိုး ချွေတာပေး ထားတဲ့ ပုံပေါက်ပါတယ်။ အဆိုပါ Screen အစား ယာဉ်မောင်းမယ့်သူရဲ့ စမတ်ဖုန်းကိုသာ အစားထိုး အသုံးပြုနိုင်ပြီး ဒါကလည်း Sandero Supermini Trim အနိမ့်ကားတွေနဲ့ Logan Subcompact Sedan ကား တွေမှာဆီက ပုံစံကိုယူထားပြန်တာ ဖြစ်ပါတယ်။
Photo Credit: motor 1.com
စွန့်စွန့်စားစား သွားလာရတာ ကြိုက်သူတွေအတွက် အကြမ်းခံတဲ့ ကားတစ်စီးဆိုတာ သေချာစေမယ့် အပြင်အဆင် တွေလည်း ပါလာပါသေးတယ်။ အထူးသဖြင့် အတွင်းခန်းကို လိုသလို ဖြုတ်ဆေးလို့ ရနိုင်တာမျိုး တွေဖြစ်ပြီး ထိုင်ခုံ ကာဗာတွေကိုလည်း ချွတ်ကာ Sleeping Bag လို ပုံပြောင်းလိုက်လို့ ရဦးမှာပါ။ ပိုပြီး အကြမ်းခံကာ ပုံပြောင်းလို့ ရနိုင်ဖို့အတွက် Dacia အနေနဲ့ကားရဲ့ အမိုးကိုလည်း ဖြုတ်တပ်လို့ရတဲ့ ဘားတွေနဲ့ Modular အမိုး ပုံစံ လုပ်ပေးထား ပါတယ်။ နောက်ထပ် အလွယ်တကူ ဖြုတ်တပ်လို့ ရသေးတာကတော့ ဘက်ထရီတွေပဲ ဖြစ်ပြီး အခုခေတ် လျှပ်စစ် ကားသစ်တွေလိုပဲ Bidirectional Charging စနစ်ရတာဖြစ်လို့ ကားကနေလည်း အခြားအရာတွေကို ပြန်အားသွင်း ပေးနိုင် ဦးမှာပါ။ ကားရဲ့ အရှေ့မှာပါတဲ့ တစ်ခုတည်းသော မီးကြီးကလည်း ဓာတ်မီးလိုမျိုး အလင်းအား ကောင်းကောင်းနဲ့လိုတဲ့ နေရာတွေကိုထိုးကြည့်ဖို့ သုံးနိုင် ပါသေးတယ်။
ကားမှာပါတဲ့ ကိုယ်ထည်ဘောင် အနည်းငယ်ကိုတော့ ပြန်လည် အသုံးပြုထားတဲ့ ပလတ်စတစ်တွေနဲ့ပဲ ဖန်တီးထား ပြီး အတွင်းခန်းကိုတော့ Dashboard ပေါ်မှာ Cork တွေ သုံးပေးထားပါတယ်။ နောက်ထပ် ထူးခြား တာ ကတော့လေမလို တာယာတွေကို ဖန်တီး ပေးထားတာဖြစ်ပြီး သစ်တောထဲ မောင်းသွားလို့ ဘီးပေါက်မှာမျိုးလည်း မစိုးရိမ်ရတော့မယ့် ကားပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ တာယာတွေကတော့ ဘယ်လိုမြေ မျက်နှာပြင်မျိုး မဆို အကြမ်းခံနိုင်ပြီး မြေပြင်နဲ့ အတော်လေး ကွာနေတဲ့ ကားကိုယ်ကလည်း ဘယ်သွားသွား အဆင်ပြေတယ်ဆိုတဲ့ ပုံစံ ကို ပိုပြီးမြင်ယောင်လာစေမိပါတယ်။ အခု Manifesto Concept လိုမျိုး အတော်လေး နီးနီးစပ်စပ် တူမယ့် ထုတ်လုပ် တဲ့ အဆင့် ကားတစ်စီးကို Dacia တို့သာ အမှန်တကယ် ဖန်တီးပေးလာနိုင်ရင် အတော်လေး စိတ်ဝင်စားစရာ ကောင်းမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လောလောဆယ် မှာတော့ ဈေးကွက်ထဲက ဈေးအသက်သာဆုံးသော ကားတွေဘက်ကိုသာ ပိုပြီး ဦးစား ပေး ထုတ်လုပ်ပေးနေဦးမှာပဲ ဖြစ်ပါတယ်။
Ref: motor 1.com
