MyCars Myanmar

တစ်မူကွဲပြားတဲ့ ဒီဇိုင်းအလန်းနဲ့ Coastrunner EV လျှပ်စစ်ကားလေး!

ကမ်းခြေသွား လျှပ်စစ်ကားလေးတွေ အတွက် ဈေးကွက်ထဲ နောက်ဆုံး ဝင်ရောက်လာတာကတော့ နယ်သာလန် အခြေစိုက် Coastrunner EV ဆိုတဲ့ ကားလေးတစ်မျိုးပါပဲ။ အဆိုပါ ကုမ္ပဏီ ကတော့ ၂၀၀၉ ခုနှစ် တုန်းက Roadyacht GTS Sports ကားနဲ့ Mirage 18GT Yacht ယာဉ်တွေအတွက်ကိုလည်း ဖန်တီးပေးခဲ့ ဖူးသေးတာပဲ ဖြစ်ပါတယ်။ အခု မြင်ရတဲ့ ဒီဇိုင်းအလန်းနဲ့ လျှပ်စစ်ကားသစ်မှာတော့ တံခါးတွေ လုံးဝမပါ ဝင်ပဲ မြေပြင်အမြင့်တင် ၈.၅ လက်မ အထိရှိပါတယ်။ ကားရဲ့ Chassis ကိုတော့ အလူမီနီယံနဲ့ ပြုလုပ်ထားပြီး အတွင်းခန်းကိုတော့ စတီး Roll Cage အပြင် ဘေး နှစ်ဖက်လုံးမှာလည်း စတီးဘားတွေနဲ့ ကာကွယ်ပေး ထားတာ တွေ့ရဦးမှာပါ။ ကားရဲ့ ပေါ့ပါးတဲ့ဒီဇိုင်းနဲ့ အချိုး အစားကျနတဲ့ ကိုယ်ထည်တွေကြောင့် ကားရဲ့ အလေးချိန်ကလည်း ၁.၇၆၄ ပေါင်ပဲ ရှိတာတွေ့ရပါတယ်။

Photo Credit: AllAutoExperts

အခုကားရဲ့ ဆန်းပြားလှပတဲ့ အပြင်အဆင်တွေထဲက အသိသာဆုံး အပြင်အဆင်တွေကတော့ အချိုးကျကျ ပုံသွင်းထားတဲ့ Fenders ‌တွေ ၊ ဘေးဘက်က အကြမ်းစား အမာသား Side Sills တွေနဲ့ LED မီး ရောင် တွေပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ ၊ ခေါက်သိမ်းလို့ရတဲ့ Canvas အမိုး ဒီဇိုင်း နဲ့ Skid Plate တွေပါတဲ့ ဘန်ဘာအမာစား တွေကအစ တော်တော်လေးကို ကြည့်လို့ ကောင်းနေတာပါ။ ကားရဲ့ အမြင့်ဆုံး မြန်နှုန်းက တစ်နာရီကို ၇၅ မိုင် အထိ ရှိတာဖြစ်ပြီး ကားမှာတော့ လျှပ်စစ်မော်တာတစ်လုံး တပ်ဆင်ပေးထားတာကြောင့် 67 hp နဲ့ 147.5 lb-ft Torque အထိ စွမ်းဆောင်နိုင်တာ တွေ့ရပါတယ်။

Photo Credit: AllAutoExperts

ဘက်ထရီ အနေနဲ့ 20 kWh ရှိတာကြောင့် အကြမ်းဖျဉ်း အနေနဲ့ တစ်ခါအားသွင်းထားရင်ကို ၁၂၄ မိုင်လောက် မောင်းနှင်နိုင်လိမ့်မယ်။ ကားကို အားအပြည့်သွင်းဖို့ ဆိုရင်တော့ နာရီဝက်လောက်ပဲကြာမှာဖြစ်ပြီး ဘယ်လို အားသွင်းခေါင်းကို သုံးလို့ရမလဲ ဆိုတာတော့ မသိရသေးပါဘူး။ အခု Coastrunner EV လျှပ်စစ်ကားသစ်လေးရဲ့ ဈေးနှုန်းကိုတော့ အတိအကျမသိရသေးပေမယ့် ထုတ်လုပ်ရေးတွေ စတင်နေပြီဖြစ်ပြီး တစ်ခု ကံဆိုးတာကတော့ လာမယ့် ၂၀၂၃ အတွက် ကိုအစီးရေ ၁၃ စီးပဲ ထုတ်လုပ်ပေးဦးမှာ ဖြစ်နေတာပါပဲ။

Ref: AllAutoExperts

Exit mobile version