MyCars Myanmar

ချစ်စရာကောင်းတဲ့ ကားသေးလေး All New Citroen My Ami Tonic!

သီးသန့် ကားသေးလေးတွေ အနေနဲ့ ထုတ်လုပ်ခဲ့တဲ့ My Ami Buggy ကားလေးတွေ အောင်မြင်မှုရခဲ့အပြီးမှာတော့ Citroen အနေနဲ့ My Ami Tonic ဆိုတဲ့ ကားသစ်တစ်မျိုးကို ကြေညာလိုက်ပါတယ်။ အဆိုပါ ကားလေးကတော့ သူတို့ရဲ့ ချစ်စရာ လျှပ်စစ်ကားသေးလေးတွေထဲ နောက်ဆုံးပေါ် Version အသစ်အနေနဲ့ ထွက်ပေါ်လာတာဖြစ်ပြီး အသက် ၁၄ နှစ် ကနေ ၇၇ နှစ် အရွယ်အထိ အရုပ်လေး တစ်ရုပ်လို မောင်းနှင်နိုင် မယ့် ကားလေးတစ်စီး လို့တောင် တင်စား ဖော်ပြထားပါတယ်။ Citroen ရဲ့ ချစ်စရာ ကားသေးသေးလေးတွေထဲမှာမှ တော်တော်လေးကို ကွဲထွက်နေမယ့် အပြင်အဆင် ကာလာအရောင်အသစ်နဲ့ My Ami Tonic ဆိုတဲ့ ကားလေးကို မြင်ထားရပါတယ်။ အဓိက ကတော့ အဆိုပါ ကားလေးမှာ ကာကီရောင်လေးနဲ့ လိမ္မော်ဖောက်တဲ့ အဝါရောင်လေးတွေကို လိုက်ဖက်စွာ သုံးပေးထားတာပါပဲ။

Photo Credit: AllAutoExperts

My Ami Buggy ကားလေးနဲ့ အခု My Ami Tonic ဆိုတဲ့ ကား ၂ စီးမှာတော့ တူညီတဲ့ အနက်ရောင် ခပ်မှောင်မှောင် Headlights ဘောင်တွေ ၊ ပလတ်စတစ် ဘီးဖုံးလေးတွေ ၊ အရှေ့အနောက် Skid Plate ပုံစံတွေနဲ့ ဘေးဘက်က Extensions တွေကို ထည့်သွင်း အသုံးပြုထားတာ ဖြစ်ပါတယ်။ ကားရဲ့ ပြတင်းပေါက်က Decal Display တွေကို တော့ Stellantis ကုမ္ပဏီ ကြီးရဲ့ ADN ( Automotive Design Network ) ဆိုတဲ့ ပုံစံကို အသုံးပြုပေးထားပါတယ်။ ပိုစိတ်ဝင်စားဖို့ ကောင်းတဲ့ တစ်ချက်ကတော့ ယာဉ်မောင်းခုံဘက်က (+) သင်္ကေတလေးနဲ့ ခရီးသည်ခုံဘက်က (-) သင်္ကေတလေးတွေကတော့ ကားရဲ့ ဘက်ထရီငုတ်လေးတွေကို ကိုယ်စားပြုထားတဲ့ အချက်ပါပဲ။ စမတ် ဖုန်းထည့်ပြီး ချိတ်လို့ရမယ့် စနစ်အပြင် အခြားသော Standard Feature အစုံအလင်လည်း ပါဝင်လာခဲ့ပြီး ခွက်တွေနဲ့ ချိတ် တွေထည့်စရာတွေလည်း နေရာအတော် စုံလာ ပါတယ်။

Photo Credit: AllAutoExperts

အခု အထူးထုတ်အနေနဲ့ သေချာ ပြင်ဆင်ပေးလာတဲ့ My Ami Tonic ကားသေးလေးကတော့ ယခင် Khaki နဲ့ Vibe Models တွေအစား ထုတ်လုပ်ပေးထားတဲ့ Lineup အမြင့်ဆုံး ကားလေးဖြစ်လာ ခဲ့ပါတယ်။ ကားရဲ့ အရှေ့ဘက် ဘီးလေးတွေကိုတော့ 8 hp ရှိတဲ့ လျှပ်စစ်အင်ဂျင်နဲ့ မောင်းနှင်တာဖြစ်ပြီး Standard 5.5 kWh Lithium-Ion Battery တွေကိုလည်း တပ်ဆင် ပေးထားတာကြောင့် တစ်ခါ အားသွင်းထားရင် ၄၃ မိုင်အထိ မောင်းနှင်နိုင်မှာပါ။ အခု ကားလေး ကိုတော့ ယူရို ၈,၉၉၀ ဝန်းကျင်နဲ့ ပြင်သစ် ၊ အီတလီ ၊ ပေါ်တူဂီ ၊ ဘယ်လ်ဂျီယံ ၊ ယူကေ ၊ ဂရိ ၊ မိုရိုကို နဲ့ တူရကီနိုင်ငံ ဈေးကွက်တွေထဲမှာ ဝယ်ယူရရှိ နိုင်မှာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts

Exit mobile version