MyCars Myanmar

တရုတ် ဈေးကွက်ကနေ ပေါက်ကြားလာတဲ့ Cadillac GT4 နဲ့ CT6 ကားသစ်ပုံရိပ်များ !

Cadillac ကား ကုမ္ပဏီကြီးကတော့ တရုတ် ကားဈေးကွက် ထဲမှာလည်း အရှိန်မြှင့် ထိုးဖောက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပြီး အခုဆိုရင်လည်း အမေရိက ဈေးကွက်ထဲ မရောက်ခင် တရုတ်ဈေးကွက်အတွက် ကားသစ် ၂ မျိုး ချပြဖို့ ပြင်ဆင် နေတာ တွေ့လာရပါတယ်။ အဆိုပါ ကားသစ် ၂ စီး ရဲ့ ပုံရိပ်တွေကိုတော့ တရုတ်နိုင်ငံရဲ့ စက်မှုနဲ့ နည်းပညာဝန်ကြီး ဌာနဆီကနေ ပေါက်ကြားလာခဲ့ပြီး အမေရိက ဈေးကွက်ဆီကို ရောက်လာမယ်ဆိုရင်လည်း စိတ်ဝင်တစားနဲ့ ဝယ်ဖို့ စာရင်းထဲ စောင့်ကြည့်ခံရမယ့် ကား ၂ မျိုးဖြစ်နိုင်ပါတယ်။ ကား ၂ စီးထဲက တစ်စီးကတော့ CT 6 ကားဖြစ်ပြီး အခုနှစ် အစောပိုင်း ကတည်းကတော့ Camouflage တွေအပြည့်အုပ်ပြီး စမ်းသပ်နေခဲ့ ပါသေးတယ်။ တစ်ခုရှိတာကတော့ အဆိုပါ ကားမော်ဒယ်ကို အမေရိက ဈေးကွက်ထဲမှာ ဆက်ပြီး မရောင်းချတော့တာကြောင့် တရုတ်ဈေးကွက် သီးသန့် ပဲ ဖြစ်လာနိုင်ပြီး Full-Size ဇိမ်ခံ Sedan ကားတွေ နာမည်ရနေဆဲ တရုတ်ဈေးကွက်နဲ့လည်း လိုက်ဖက်နိုင်ပါတယ်။

Photo Credit: motor 1.com

ဒါပေမယ့် အခုကားနဲ့ ပတ်သက်လို့ ပေါက်ကြားလာတာတွေကလည်း ပုံရိပ်တွေ သပ်သပ်ပဲဖြစ်ပြီး အသေးစိတ် အချက် အလက်တွေကတော့ မသိရသေးပါဘူး။ ယခင် ကားမော်ဒယ်ဟောင်းနဲ့ အရှေ့ဘီး အနောက်ဘီး ကြား အကွာအဝေး Wheelbase တူလိမ့်မယ်လို့ သိထားရတာရှိပြီး ကားတစ်စီးလုံးရဲ့ အရွယ်အစားကတော့ အနည်းငယ်သေးသွား နိုင်ပါတယ်။ အင်ဂျင်ပိုင်းကတော့ 2.0 Liter ပမာဏ လောက်ကို သုံးလာမယ်လို့ သတင်းတွေ ထွက်နေတာ ကြောင့်ခန့်မှန်းရမယ် ဆိုရင် 227 hp လောက်အထိ စွမ်းဆောင်နိုင်မယ့် Turbocharged 2.0 Liter Four-Banger အင်ဂျင် အမျိုးအစားဖြစ်ဖို့ များပါတယ်။

Photo Credit: motor 1.com

ပေါက်ကြားလာတဲ့ ကား ၂ မျိုးထဲက နောက်ထပ် တစ်မျိုးကတော့  GT4 ကားဖြစ်ပြီး အမိုးခပ်လျှောလျှော ပြေပြေ လေးနဲ့ Crossover တစ်စီး ဖြစ်ဖို့များပြီး စာရွက်စာတမ်းတွေအရ အသေးစိတ် အချက်အလက်တွေ ကို ခန့်မှန်းရုံလောက်ပဲ ရနိုင်ဦးမှာပါ။ ကားရဲ့ Wheelbase အပိုင်းကတော့ XT4 နဲ့ XT5 ကားတို့ အကြားမှာ ရှိနိုင်ပြီး အချိုးအစားတွေကတော့ အတူတူလောက် ရှိနိုင်ပါတယ်။ အင်ဂျင်ပိုင်းကလည်း CT 6 နဲ့ အတူတူပဲ သုံးပေးလာနိုင်ပြီး စွမ်းဆောင်ရည်ပိုင်းကအစ ထပ်တူကျလာ နိုင်တယ်လို့ ခန့်မှန်းရပါတယ်။ အဆိုပါ Cadillac ကားသစ် ၂ မျိုးလုံး ကိုတော့ SAIC-GM Dongyue Automobile Co., Ltd ကနေ ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ အဆိုပါ ကားကုမ္ပဏီကတော့ အမေရိကန် Brand Cadillac နဲ့ တရုတ်ရဲ့ အကြီးဆုံး ကားကုမ္ပဏီတို့အကြား ပူးပေါင်း ဖွင့်လှစ်ထားတဲ့ ကုမ္ပဏီကြီးပဲ ဖြစ်ပါတယ်။

Ref: motor 1.com

Exit mobile version