MyCars Myanmar

ပြိုင်ဘက်တွေရဲ့ နောက်ကောက်ချတာကို ခံရဖို့ရှိလာနေတဲ့ Cadillac Escalade !

Cadillac Escalade ဆိုတဲ့ ကားကတော့ ပိုက်ဆံ တော်ရုံချမ်းသာရုံလောက်နဲ့တောင်ဝယ်ဖို့ရာ မလွယ်ကူလှ ပါဘူး။ အဆင့်အတန်း မြင့်လွန်းတဲ့ အသွင်နဲ့ အဆိုပါ ကားကြီးတွေကတော့ ဇိမ်ခံအရသာတွေကို အပြည့်အစုံ ပေးနိုင်ရုံ သာမက အခုဆိုရင် ကျယ်ဝန်းတဲ့ အတွင်းခန်းတွေနဲ့ အတူ မိသားစုစီးဖို့အတွက် အတော်လေး စိတ် ချမ်းသာစရာ ကားတွေအဖြစ် ဖော်ဆောင်ပေးလာနိုင်ခဲ့ပါပြီ။ ဒါတင်ပဲလားဆိုတော့လည်း မဟုတ်သေးပါဘူး။ တစ်ခြားကားတစ်စီး ဒါမှမဟုတ် တစ်ခြားတစ်ခုခုကိုတောင် ကားနောက်ကနေ အသာလေး ဆွဲနိုင်လောက် တဲ့ အထိ ကောင်းလာတဲ့ စွမ်းဆောင်ရည်တွေကလည်း မကြိုက်သူတွေ အဖို့တောင် မျက်စိကျစရာပါပဲ။ အခု လိုစွမ်းဆောင်ရည်တွေနဲ့ ထိပ်တန်းရောက်နေပေမယ့်  အရေးကြီးကားမော်ဒယ်တွေထဲမှာဆိုရင်ထိပ်တန်း ရောင်းအားတစ်ခု ရောက်ဖို့တော့ ကြိုးစား နေရဆဲပါ။ အခု ၂၀၂၂ ရဲ့ ပထမ လေးလပတ် ကာလမှာလည်း Escalade အစီးရေ ပေါင်း ၁၀,၅၀၅ စီး အထိ ရောင်းချ ခဲ့ရပြီး  တစ်ဖက်မှာတော့ ပြိုင်ဘက်အသစ် ဖြစ်လာ တဲ့ Grand Wagoneer ကလည်း အစီးရေ ၃,၁၆၉ စီး အထိ ရောင်းချ ခဲ့ ရတာကြောင့် ပြိုင်ဘက်ကို ပြတ် ပြတ်သားသား မဖြတ်ထားနိုင်တာကိုတော့ တွေ့ရမှာပါ။ ဒါ့အပြင် အံ့အားသင့်ဖို့ ကောင်းတာ ကတော့ Navigator လို ကားအကောင်းစားကြီးက အစီးရေ ၂,၁၄၈ စီး အထိသာ ရောင်းချခဲ့ရတာပါ။

Photo Credit: CARBUZZ

တကယ်တော့ အဆိုပါ Navigator ကားအသစ်ရဲ့ ရောင်းအားက ပြီးခဲ့တဲ့နှစ်ကာလတူရောင်းအားနဲ့ ယှဉ်မယ် ဆိုရင် ၅၆ % အထိ ကျဆင်းသွားတာဖြစ်ပြီး ဒါဟာလည်း အားလုံးကြုံတွေ့နေရတဲ့ Semiconductor Chip ပြား ပြတ်လပ်မှု ပြဿနာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီကြားထဲမှာမှ ဂျပန် ကုမ္ပဏီ အနေနဲ့ကလည်း QX 80 ကားသစ်နဲ့ အတူ အမှီလိုက်လာနေတာကြောင့် Infiniti တို့ တောင် မှ ၁,၀၆၄ စီး လောက်ပဲ ပိုရောင်းရတဲ့ သဘောကိုတွေ့နေရပါတယ်။ တစ်ဖက်မှာတော့ အဆိုပါကားတန်းမှာဆိုရင် Lexus LX ‌တို့လည်းရောင်း အား ကျလာတာတွေ့ရပြီး  Navigator လိုပဲ Chip ပြား ပြဿနာ ရိုက်ခတ်တာကို ခံနေရပုံ ရပါတယ်။ ဒါ့အပြင် တစ်လလောက် အရောင်းပြတ်သွားခဲ့တဲ့ Lexus ကတော့ ဇန်နဝါရီ လ ကုန်ပိုင်း လောက်ကမှ ကား သစ်ကို ချပြနိုင်ခဲ့တာ ဖြစ်ကာ လက်ရှိမှာ အစီးရေ ၅၈၈ စီး အထိ ပဲ ရောင်းချ နိုင်သေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ဝင်စားစရာ ကောင်းတာကတော့ တကယ်တမ်း Escalade ကားကို နောက်ကောက်ချနိုင်ဖို့ နီးနီး ကပ်ကပ် ဖိအား ပေးလာနေတာကတော့ ဂျာမနီ ထုတ်ကားတွေပါပဲ။ Mercedes-Benz GLS-Class နဲ့ BMW X7 တို့ကဆိုရင် Escalade လောက် မကြီးပေမယ့်လည်း သာယာငြိမ့်ညောင်းတဲ့ အရသာနဲ့ စွမ်း ဆောင်ရည် ကောင်းမွန်မှု တို့က ကောင်းကောင်းကြီး ယှဉ်လာနေပါတယ်။

Photo Credit: CARBUZZ

ဒါတင်မကသေးပဲ လက်တွေ့ ရောင်းအားပိုင်းမှာလည်း တိုးတက်လာတယ် ဆိုတာ သက်သေပြနေပြီး Mercedes-Benz GLS-Class Model တွေ ဆိုရင်ကာလတူ ပမာဏထဲမှာ အစီးရေ ပေါင်း ၆,၂၀၃ စီး အထိ ရောင်းချခဲ့ ရပါတယ်။ BMW  X 7 တို့ ကတော့ အစီးရေ ၂၅၉ စီးပဲ ရှိသေးတယ် ဆိုပေမယ့် သူတို့ နှစ်စီး ပေါင်း ရောင်းအားအနေနဲ့ ဆိုရင်တော့ ၆,၄၆၂ စီး အထိ ရှိပြီဖြစ်ပါတယ်။ ဒါဆိုရင်တော့ လာမယ့် လပိုင်းတွေ ထဲမှာ Cadillac Escalade ရဲ့ ရောင်းအားတွေ ယခင် လို ဈေးကွက်ထဲ ပြန်မင်းမူ လာနိုင်မလားဆိုတာ ခန့်မှန်းရ ခက်လို့ နေပါသေးတယ်။ တစ်ဖက်မှာလည်း နောက်ထပ် ကားကောင်း တစ်စီး ဖြစ်တဲ့ Range Rover ကလည်း လူကြိုက်များပြီးသား ဖြစ်နေသလို အမျိုးအစားတူ ထဲကပဲ Escalade V ဆိုတဲ့ ကားအသစ် လည်း ထွက်ဖို့ ရှိနေသေးတာကြောင့် ဈေးကွက် အနေအထားက ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်လာဖို့က သေချာ သလောက်ပါပဲ။ တစ်ဖက်မှာ ထည့်တွက် ရဦးမှာကလည်း Chip ပြားနဲ့ အခြားသော ကုန်ကြမ်း ပစ္စည်းတွေ ရရှိနိုင်မှု အနေအထားတွေ ဖြစ်ပါတယ်။ ဒါ‌ပေမယ့်လည်း ပိုပြီး သတိထားဖို့ ကောင်းတာက ပြိုင်ဘက် ကောင်းတွေရဲ့ ခြေလှမ်းကျဲတွေ ဖြစ်ပြီး GLS Models တွေ ဆိုရင် ယခင်က 450 Guise Engine တွေနဲ့ပဲ ဖြစ်ပေမယ့်လည်း အခုဆိုရင် V 8 အင်ဂျင် တွေနဲ့ပါ ဖြစ်လာတာကြောင့် ဝယ်ယူသူတွေကို ပိုပြီး ဆွဲဆောင်မှု ပေးနိုင် မှာ ကတော့ အသေအချာပဲ ဖြစ်လို့နေပါတယ်။ လောလောဆယ် အနေအထားမှာတော့ ဈေးကွက် ဝေစု စုစုပေါင်းရဲ့ ၃၄.၈ % ကို ကိုင်ထားနိုင်တဲ့ Escalade တို့ ပန်းပန်ထားဆဲလို့ ထင်ရပေမယ့် မကြာခင်မှာ အပြောင်းအလဲတွေ ဖြစ်လာ နိုင်မလား ဆိုတာကတော့ စောင့်ကြည့်ရတော့မှာပါ။

Ref: carbuzz.com

Exit mobile version