MyCars Myanmar

XT 4 ကားနဲ့ အရွယ်တူ Electric SUV တစ်စီးကို ချပြလာတဲ့ Cadillac!

လာမယ့် ဆယ်စုနှစ် အကုန်လောက်က စလို့ လျှပ်စစ်ကားသီးသန့် ကုမ္ပဏီအဖြစ် ကူးပြောင်းတော့မယ့် Cadillac ဟာ လက်ရှိမှာတော့ ပထမဆုံးသော လျှပ်စစ်ကားဖြစ်လာမယ့် Lyriq ကို ချပြခဲ့ပြီးဖြစ်ကာ ထုတ် လုပ်ရေး အဆင့်တောင် ရောက်လာနေခဲ့ပါပြီ။ အဆိုပါ ကားကို လာမယ့် မေလ  ၁၉ ရက်နေ့မှာတင် စတင်မှာ ယူနိုင်မှာ ဖြစ်ပြီး တစ်ချိန်တည်းမှာ ပဲ နောက်ထပ် လျှပ်စစ်ကားသစ် တစ်စီးကိုလည်း ဖန်တီးနေပြန်ပါတယ်။ Automotive News ရဲ့ ဖော်ပြချက် အရတော့ အဆိုပါ လျှပ်စစ် ကားသစ်က လက်ရှိ XT 4 ရဲ့ အရွယ်အစား နဲ့ အတူတူပဲ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကားကိုတော့ ကုမ္ပဏီရဲ့ တရားဝင် အရောင်းကိုယ်စားလှယ် တွေဆီ အရင်ဆုံး ပြသထားတယ်လို့ သိထားရပြီး လက်ရှိ XT 4 ကားနဲ့ အတူတူ နှစ်ပေါင်းအတော် ကြာကြာ လောက်အထိတွဲပြီး ရောင်းချလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါကြောင့် Cadillac မှာတော့ သာမန် Combustion Engine ကားရော လျှပ်စစ် စွမ်းအင်သုံး Subcompact Crossover တို့မှာ ရှိလာတော့မှာပါ။

Photo Credit: motor 1.com

လက်ရှိ မှာတော့ အရောင်း ကိုယ်စားလှယ် အတော်များများရဲ့ ထောက်ခံမှုကို မရပဲ ၄၀ ရာခိုင်နှုန်း လောက် က လျှပ်စစ် ကားတွေ ပြောင်းပြီး ရောင်းချကြဖို့ကို မလိုလားပဲ ဖြစ်နေကြတာပါ။ ဒါပေမယ့်လည်း ကုမ္ပဏီ ဘက်ကနေ သာမန် အင်ဂျင်သုံး ကားတွေကို လိုလားသလောက် အထိ ဆက်ထားပေးသွားမှာ ဖြစ်ပြီး GM နဲ့ အခြားသော ဆက်စပ်ရောင်းချနေသူတွေ အကုန်လုံးကို အဆင်ပြေအောင် လုပ်ပေးမှာဖြစ်တယ်လို့ ပြန်လည် ဖြေရှင်းထား ပါတယ်။ လက်ရှိမှာတော့ ပထမဆုံး လျှပ်စစ် ကားသစ် Lyriq အပေါ် အစောပိုင်း ရထားတဲ့ ၂၃၃,၀၀၀ သော စိတ်ဝင်စား သူဦးရေ ဆိုတဲ့ ပမာဏ ကြောင့် ရောင်းအား အကောင်းဆုံး Brand တွေထဲ ပါလာနိုင်ဖို့ အလားအလာတော့ ကောင်းလို့နေပါတယ်။ အဆိုပါ ပမာဏထဲက အနည်းဆုံး ၁၀ % လောက် က အမှန်တကယ် ဝယ်ယူလာနိုင်ပြီး တကယ်လို့သာ တွက်ချက်မှုတွေ မှန်ကန်မယ် ဆိုရင် ပထမဆုံး ထုတ် လုပ်ရောင်းချမယ့် နှစ်မှာတင် အစီးရေ ပေါင်း ၂၅,၀၀၀ လောက် အထိ ရှိနေနိုင်တာ ကြောင့် တကယ်အခြေ အနေ ကောင်းပါတယ်။

Photo Credit: motor 1.com

Cadillac ရဲ့ VP ဖြစ်သူ Rory Harvey ကတော့ ပြုပြင်ပြောင်းလဲရေးတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ အချိန်ကို ရောက်နေပြီဖြစ်တာကြောင့် သူတို့ရဲ့ခေတ်တစ်ခေတ် ရောက်လာတော့မယ်လို့ကို ဆိုထားပါတယ်။ ဒါ့အပြင် လက်ရှိမှာလည်း အကောင်းဆုံး အသစ်လွင်ဆုံးသော သာမန်အင်ဂျင်ကားတွေကိုလည်း ဆက်လက် ရောင်းချ ထားသလို လျှပ်စစ် စွမ်းအင်သုံး အနာဂါတ် ကားသစ် ကားကောင်းတွေကလည်း ဆက်တိုက် ဝင် ရောက်လာတော့မှာ ဖြစ်တယ် လို့ အခိုင်အမာ ဆိုထားတာကြောင့် တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ဖို့ ကတော့ သေချာနေပါပြီ။

Ref: motor 1.com

Exit mobile version