MyCars Myanmar

Logo အသစ် ပြောင်းလဲလိုက်တဲ့ Buick !

ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်း စိတ်ပျက်စရာ နည်းနည်းကောင်းခဲ့တဲ့ အမေရိကန် ဇိမ်ခံကား ကုမ္ပဏီတွေ အကြောင်း ကို တွေးကြည့်ရင်တော့ Chrysler နဲ့ Buick တို့က သေချာပေါက် ပါဝင်ပါလိမ့်မယ်။ Buick ကတော့ GM ရဲ့ လက် အောက်ကနေ နှစ်ပေါင်းများစွာအတွင်း ဇိမ်ခံ အမေရိကန် ကားကုမ္ပဏီကြီး အဖြစ်က နေ ဖြည်းဖြည်းချင်း ကျရိပ်ပြလာ ခဲ့တာ ဖြစ်ပါတယ်။ မနှစ်က ဆယ်စုနှစ်မှာ ဆိုရင်တော့ Opel ဆိုတဲ့ တံဆိပ် နဲ့ တစ်ချို့ကားတွေကို ဆက်လက် ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်းမှာတော့ Opel အနေနဲ့ Groupe PSA ဆီကို ရောင်းချခဲ့ရပြန်ပါတယ်။ နောက်ပိုင်းမှာတော့ Stellantis ဆီကို ရောက်ရှိသွားခဲ့ပြီး အခုဆိုရင် GM တို့ကပါ Encore GX တို့လို ကားမျိုးတွေ ထုတ်လုပ်ပေးဖို့ ပြန်လည် အာရုံစိုက် လာခဲ့ပြန်ပါတယ်။ ဒါပေမယ့်လည်း နောက်ထပ် လျှပ်စစ်ကားခေတ်သစ် တစ်ခုကို ကူးပြောင်းနေပြီ ဖြစ်တာကြောင့် Brand ကို တော်တော်လေး ဆန်းသစ်နိုင်ဖို့ အတွက်ကို ကြိုးစားနေတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ အရသာ အသစ်တွေပါ ခံစားနိုင်ဖို့ အတွက် Logo အသစ်ကိုပါ ဖန်တီးလိုက်ပြီ ဖြစ်ပြီး Buick Brand ရဲ့ နောက်ထပ် ပုံစံအသစ် စက်စက် တစ်ခုကို မြင်တွေ့လိုက်ရပြီပဲ ဖြစ်ပါတယ်။ လက်ရှိ အချိန်အထိတော့ အဆိုပါ Logo အသစ်နဲ့ ပတ်သက်ပြီး ဘာမှ တရားဝင် ကြေညာချက် မထွက်လာသေးပဲ မူပိုင်ခွင့် တင်ထားတာသာ တွေ့သေးတာကြောင့် ဆက်ပြီး စောင့်ကြည့် ရဦးမှာပါ။

Photo Credit: CARBUZZ

Buick ရဲ့ ဒိုင်းကာ ၃ ခု ပုံစံ Logo ကတော့ ၁၉၅၉ ကတည်းက အသုံးပြုလာခဲ့တာ ဖြစ်ပြီး ၁၉၃၇ ခုနှစ်မှာ တော့ ဒိုင်းကာ တစ်ခုတည်းလို ပြန်ပြောင်းလိုက်ပါတယ်။ အခု မူပိုင်ခွင့် တင်လာတဲ့ ဒီဇိုင်းမှာတော့ သိထား ရသလောက် ဒိုင်းကာ ၃ ခု ကိုပဲ သီးခြားစီ ခွဲထုတ်ကာ ကပ်လျက်ထားတဲ့ ပုံစံမျိုး ဖြစ်နေပြီး မူပိုင်ခွင့် တင်တဲ့ ရက်ကိုတော့ မတ်လ ၁၆ ရက်နေ့ လို့ ဖော်ပြထားပါတယ်။ အဆိုပါ Logo ကိုတော့ ကားမှာတင် မဟုတ်ပဲ အခြားအမျိုးမျိုးသော ထုတ်ကုန်တွေ ဖြစ်တဲ့ ကီးချိန်းတွေ ၊ မျက်မှန်တွေ ၊ မတ်ခွက်တွေ ၊ ဂေါက်ရိုက်တံ တွေ ၊ အင်္ကျီ‌တွေနဲ့ ထီးတွေမှာပါ သုံးဖို့ တင်ထားတာတွေ့ ရပါတယ်။ နောက်ပိုင်း အသေးစိတ် အချက်အလက် တွေ ထဲမှာတော့ အဆိုပါ တံဆိပ်ကို မော်တော်ယာဉ် အမျိုးမျိုး ၊ လျှပ်စစ် ကားသော့တွေ အထိ အသုံးပြုဖို့ ဖော်ပြထားပါတယ်။ ဒီဇိုင်းကတော့ အတော်လေး ရိုးရှင်းပြီး နောက်ခံ အရောင်နဲ့ အဖြူအမဲ ပုံစံလေးလည်း သုံးပေးလာနိုင်ဖို့ ရှိပါတယ်။

Photo Credit: CARBUZZ

အခု Logo အသစ်ကို ဘယ်တော့ အတည်ပြု ကြေညာလာမလဲ ဆိုတာ မသေချာသေးပေမယ့် Regal ကား အမျိုးအစား အသစ်ကိုတော့ လာမယ့် ၂၀၂၃ အရောက်မှာ ချပြလာမှာ သေချာနေတာကြောင့် အဆိုပါ ကား နဲ့အတူ တံဆိပ်အသစ် ပါလာနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ အဆိုပါ တံဆိပ်အသစ်ကို ကုမ္ပဏီရဲ့ အခြား SUV တွေအထိ ချဲ့ထွင် ပေးလာနိုင်ပြီး လျှပ်စစ်ကား အနာဂါတ်နဲ့ ပတ်သက်ပြီး ကြေညာထားတာတွေနဲ့ ချိန်ထိုး မျှော်လင့်ရဦးမှာ ဖြစ်ပါတယ်။ အခုနှစ် အစောပိုင်းတုန်းက‌ပဲ Buick အနေနဲ့ GM ရဲ့ Super Bowl တစ်စိတ်တစ်ပိုင်းအဖြစ် လျှပ်စစ်ကား အမျိုး အစားအသစ် တစ်ရပ်ကိုချပြခဲ့ဖူးပြီး Electra Concept နဲ့အတူ တူဖြစ်ကာ Buick ရဲ့ Flagship ကားကောင်း တစ်စီးဖြစ်လာ နိုင်ပါတယ်။ တစ်ချို့ သတင်းတွေမှာတော့ အခု Electra ကား ထွက်ပေါ်လာရင် Logo အသစ် ၊ လျှပ်စစ် စွမ်းအင် ၊ ရုပ်ထွက် အသစ်တို့နဲ့ အတူ မြောက် အမေရိကဈေးကွက် အထိကို ရောက်လာနိုင်တယ်လို့လည်း သိရပါ တယ်။

Ref: https://carbuzz.com/news/buick-has-a-new-logo

https://www.youtube.com/watch?v=AUSD3ktCh0g

Exit mobile version