MyCars Myanmar

Sport ဆန်ဆန် Crossover တစ်စီးအနေနဲ့မြင်ရမယ့် BMW X5M ကားသစ်!

BMW X5 M ကားသစ်ကတော့ ဒီဇိုင်း လုံးဝအပြောင်းအလဲ အသစ်နဲ့ ပွဲထွက်လာမယ့် ကားမဟုတ်ပေမယ့်လည်း ယခင် Lineup ထက်စာရင်တော့ အသစ်အဆန်း အတော် လေးများလာမှာ ဖြစ်ပါတယ်။ မကြာသေး ခင်ကမှ မြင်ထားရတဲ့ Spy Shots တွေထဲမှာတော့ အဆိုပါ စွမ်းဆောင်ရည်မြင့် ကားရဲ့ Grille လောက်အထိ မြင်သာထင်သာ ရှိလာခဲ့ပါပြီ။ အခုဆိုရင်တော့ အဆိုပါ ကားသစ်ထွက်လာတဲ့အခါ ဘယ်လိုပုံမျိုး ဖြစ်လာ နိုင်မလဲ ဆိုတာကို မြင်ရအောင် Kolesa.ru ကနေ ဒီဂျစ်တယ် ပုံကြမ်းကို ဖန်တီးပေးလာခဲ့ပြီ ဖြစ်ပါတယ်။ အခု ပုံကြမ်းအရတော့ ကားသစ်မှာ ပိုပြီး လေးထောင့်ကျတဲ့ Grille Design နဲ့အတူ Sport ဆန်တဲ့ Crossover တစ်စီး ဖြစ်နေတာ တွေ့ရမှာပါ။ အဆိုပါ Grille ကို အလယ်ကနေ အလျားလိုက် ပိုင်းပေးထားပြီး Headlights တွေ ကတော့ စက်ဖုံးအောက်မှာ ခပ်ပါးပါးပဲ ဖန်တီးထားတာ တွေ့ရပြီး ကားကို Aggressive ပိုဖြစ်စေ‌တာ တော့ တွေ့ရပါတယ်။ Spy Shots တွေထဲမှာတော့ ကားအနောက်ဘက်ပိုင်းကို Camouflage တွေ အတော် ဖုံးအုပ်ထားဆဲဖြစ်တာကြောင့် ခန့်မှန်းဖို့ခက်နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခုပုံကြမ်း ထဲမှာတော့ ပိုပြီး လေးထောင့်ကျတဲ့ Vents တွေနဲ့အတူ ခပ်နိမ့်နိမ့် ဘန်ဘာပုံစံကို ပါလာမယ့် ပုံစံ ထည့်ပြီးရေးဆွဲပေးထားပါတယ်။ ကားရဲ့ အနောက်ဘက်ပိုင်းက ခန့်မှန်းရေးဆွဲ ထားရသေးတဲ့ ဒီဇိုင်း အကြမ်းသာ ဖြစ်တာကြောင့် အပြောင်းအလဲ များများစားစား ပါလာတာကို မတွေ့ရပေမယ့်လည်း Taillight တွေကိုတော့ ပုံစံ ပြောင်းထားနိုင်ကာ အောက်ဘက် ဘန်ဘာနဲ့ Diffuser တွေရဲ့ အပေါ်မှာ Internal Graphics အသစ် တွေ ထည့်ပေးလာမယ်လို့တော့ မျှော်လင့်ရပါတယ်။

Photo Credit: motor 1.com

ဒါ့အပြင် အခုပုံကြမ်း အရတော့ Model ရဲ့ ပိုကြီးလာမယ့် အိတ်ဇော ၄ ခု‌တွဲကိုလည်း မျှော်လင့်လို့ ရလာနိုင်ချေရှိပါတယ်။ ကားအနေနဲ့ ကတော့ Mid-Cycle Refresh အနေနဲ့ထွက်ပေါ်လာမှာဖြစ်လို့ စက်ပိုင်းဆိုင်ရာ အပြောင်းအလဲ ကြီးကြီး မားမားတွေ မရှိလာနိုင်သေးပါဘူး။ လက်ရှိ ကားမော်ဒယ်မှာတော့ Twin-Turbocharged 4.4 Liter V8 Engine သုံးထားတာကြောင့် အခု X5 M အသစ်မှာလည်း အတူတူပဲ ဆက်ဖြစ်လာ နိုင်ပြီး စွမ်းဆောင်ရည်ပိုင်းကတော့ 617 hp လောက်အထိ ရှိထားတာလည်း ဖြစ်ပါတယ်။ ကားရဲ့ အတွင်းခန်း ဒီဇိုင်းကိုတော့ လက်ရှိ အချိန်အထိ မမြင်တွေ့ ရသေးတာကြောင့် ပုံကြမ်းထဲမှာ လည်း မဖော်ပြထား သေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် X5 နဲ့ X5 M ကားသစ်တွေကတော့ အခြား သော BMW ရဲ့ Mid-Cycle Update တွေလိုပဲ Brand ရဲ့နောက်ဆုံးပေါ် iDrive8 Infotainment စနစ်ကို ရလာနိုင်ပါတယ်။ အဆိုပါ စနစ်မှာတော့ Dashboard အပြည့်နီးပါး တပ်ဆင်ထားမယ့် Screen ကြီးကြီး ကိုလိုအပ်တာကြောင့် ကားရဲ့ Dashboard ပုံစံလည်း အပြောင်းအလဲ ရှိလာဖို့ များနေပါတယ်။ BMW အနေနဲ့ကတော့ X5 M ကား သစ်ရဲ့ အသေးစိတ် အချက်အလက်တွေကို ပွဲမထုတ်ခင်အထိ သဲလွန်စတောင် မပေးထားသေးပဲ ပိုထူးခြားတာကတော့ M Version မထွက်ခင် လပိုင်းလောက် ဆိုကြိုမြင်ရတတ်တဲ့ X5 Version ကိုပါ မချပြထား သေးတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခု ၂၀၂၂ ရဲ့ ဒုတိယ နှစ်ဝက် အပိုင်းအခြား ကာလထဲ အရောက်မှာ BMW ဘက်က သတင်းတွေကို ဆက်တိုက် နားစွင့်နေရတော့မှာဖြစ်ပြီး X5 နဲ့ X5 M ၂ စီးလုံးကို လာမယ့်နှစ် အချိန်တစ်ခုမှာ အတူတူ စတင် ရောင်းချလာနိုင်မယ်လို့ ခန့်မှန်း ရပါတယ်။

Ref: motor 1.com

Exit mobile version