နာမည်ကြီး ကားကုမ္ပဏီ BMW ကတော့ သူတို့ရဲ့ ကားတွေအတွင်း Video Games တွေ ဆော့ကစားနိုင်အောင် ယူဆောင်ပေးလာ တော့မယ်လို့ မနှစ်ကပဲ ကြေငြာခဲ့ပါတယ်။ အခုဆိုရင် သူတို့ ကားသစ်တွေထဲက မှန်ခုံး Display ကြီးတွေမှာ Video Games ဆော့နိုင်ဖို့အတွက် AirConsole Game Platform နဲ့ ပူးပေါင်းလာတော့မှာပါ။ အခု ဆိုရင်တော့ လုပ်ငန်း ၂ ခု ပူးပေါင်းပြီး ကားအတွင်း ဆော့နိုင်မယ့် ဂိမ်းတွေ ဖန်တီးနိုင်ဖို့အတွက် ပြိုင်ပွဲတစ်ခုကို တောင် သတ်မှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ Games Developers တွေအနေနဲ့ သူတို့ရဲ့ ဂိမ်းတွေကို ကုမ္ပဏီရဲ့ တရားဝင် Website ဆီ တင်ထားလို့ ရမှာပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲအတွက် ကိုတော့လာမယ့် ဇွန်လ ၈ ရက်နေ့မှာ စတင် မှာ ဖြစ်ပေမယ့် ဂိမ်းတွေ တင်လို့ရမယ့် နောက်ဆုံးရက်ကတော့ ဇွန်လ ၂ ရက် နေ့ပါ။ BMW နဲ့ AirConsole တို့ ကတော့ ဂိမ်းတွေဟာ အမျိုးအစား အစုံအလင်ဖြစ်ဖို့ လိုတယ်လို့ ဆိုထားပြီး ကားအတွင်း ဆော့လို့ကောင်းတဲ့ ဂိမ်းမျိုးတွေ ဖြစ်ရာမှာ ဖြစ် ကာ Smartphone တွေကို ဂိမ်း Controller တွေအဖြစ် ချိတ်ဆက် အသုံးပြုနိုင် အောင်လည်း စီစဉ်လာမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲ စတင်ပြီး အချိန်ကနေ အားလုံး သေချာစိစစ်ပြီးတာနဲ့ လာမယ့် ဇူလိုင် လ ၁၀ ရက် နေ့ အရောက်မှာ ပြိုင်ပွဲအနိုင်ရသူကို ကြေငြာပေးမှာ ဖြစ်ပြီး ဆုကြေး ဒေါ်လာ ၅,၃၂၈ ဝန်းကျင် နဲ့အတူ အောက်တိုဘာ ၉ ရက် နေ့အမှီ ဂိမ်း အစမ်း ထုတ်လုပ်ဖို့ အခွင့်အရေးကိုလည်း ရရှိမှာပါ။ အဆိုပါ ရွေးချယ်ခံလိုက်ရတဲ့ ဂိမ်းတွေရဲ့ အစမ်း Version တွေ အတွက်ကိုတော့ Air Console ဘက်ကနေ အပြည့်အဝအကုန်အကျ ခံပေးသွားမှာဖြစ်ပြီး ဂိမ်းတွေကိုတော့ နိုဝင်ဘာ ၆ ရက် နေ့မှာ ကြေငြာပေးမယ်လို့ သိရပါတယ်။ အနိုင်ရသူတွေ အကုန်လုံးကိုလည်း မြူးနစ်မြို့မှာ ရှိတဲ့ BMW ရဲ့ ရုံးချုပ်ဆီကို ဖိတ်ခေါ် ဂုဏ်ပြုသွားဦးမှာပါ။ အဓိက ကတော့ လျှပ်စစ် ကားခေတ်သစ်တစ်ခု ရောက်လာတော့မယ့် အချိန်မှာ အားသွင်းဖို့ စောင့်ဆိုင်းချိန်အတွင်း အပန်းဖြေနိုင်အောင် ကားကုမ္ပဏီတွေက စဉ်းစား ပေးလာကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကားအတွင်းမှာ တင်ကြည့်နိုင်မယ့် ရုပ်သံ Streaming Service တွေ ၊ အခုလို Video Games တွေနဲ့ နောက် ထပ် Screen တွေကို တိုးချဲ့ ထည့်ပေးတာမျိုးတွေ မြင်လာ နေရတာပါ။ နာမည်ကြီး Tesla တို့ ဆိုရင်လည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ် လောက်ကတည်းက Passenger Play ဆိုတဲ့ ဂိမ်း Service ကို မိတ်ဆက် ထားခဲ့တာ ဖြစ်ပြီးခရီးသည်တွေက ကားရဲ့ Infotainment စနစ်ကနေ ဂိမ်းတွေ ဆော့နိုင်တာပဲ ဖြစ်ပါ တယ်။
ဆွစ်ဇာလန် အခြေစိုက် AirConsole ကုမ္ပဏီ ကတော့ သူတို့ရဲ့ ဂိမ်းတွေကို TV တွေ ၊ Chrome Web Browser တွေ နဲ့ အခြားသော Screen တွေ အထိကို ထိုးဖောက်ရောက်ရှိ နိုင်ဖို့ ပြင်ဆင်နေတာပါ။ ကုမ္ပဏီက ဖြန့်ချီပေးထားတဲ့ ဂိမ်း List ကတော့ အမျိုးအစားပေါင်း ၁၉၀ ကျော်အထိ ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ အခုလိုကား အတွင်းဂိမ်းတွေမှာ ဆိုရင်တော့ အသုံးပြုသူတွေက သူတို့ရဲ့ စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်ပြီး Game ရဲ့ QR Code ကို စကန်ဖတ်ကာ အလွယ်တကူ ပဲ ဆော့ကစားနိုင်ပါလိမ့်မယ်။ BMW အနေနဲ့ အနောက်ခန်း ခရီးသည်တွေအတွက် ဖျော်ဖြေရေးပိုင်း တွေကိုပါ ဆက်တိုက် စီစဉ်ပေးလာတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ တုန်းကလည်း ကားအတွင်း Amazon Fire TV ပါဝင် တဲ့ ၃၁ လက်မ အရွယ် Theatre Screen ကြီးကို မိတ်ဆက် ပေးခဲ့သေးတာ ဖြစ်ပါတယ်။
Ref: motor 1.com