MyCars Myanmar

ဖြစ်နိုင်ဖွယ်ရှိတဲ့ Bentley Mulliner ရဲ့ Batur အမိုးဖွင့်ကား!

အမေရိကန် နိုင်ငံ Pebble Beach မှာ ပြုလုပ်ခဲ့တဲ့ နာမည်‌ကျော် Monterey Car Week ကားပြပွဲ ကြီးထဲ အာရုံစိုက်စရာ ကားကောင်းတစ်စီး ဖြစ်ခဲ့တာကတော့ Bentley Mulliner Batur ပါပဲ။ ဗြိတိန် နာမည်ကျော် Bentley အတွက် တကယ်ကို ဒီဇိုင်း အလှည့်အပြောင်းနဲ့ ကားတစ်စီး ဖြစ်ထားရုံမက အနာဂတ် လျှပ်စစ်ကားကဏ္ဍအတွက်လည်း အချိုးအကွေ့ ကားတစ်စီး ဖြစ်လာပါတယ်။ အဆိုပါ ဒေါ်လာ ၂ သန်းအထိ တန်ကြေး ရှိတဲ့ Coupe ကားသစ်ကိုတော့ အစီးရေ ၁၈ စီးပဲ ထုတ်လုပ်မှာ ဖြစ်တယ်လို့ ကြေညာခဲ့ပြီး အကုန်လုံးကတော့ သာမန် အမိုးအမာစားတွေနဲ့ပါပဲ။ ဒါပေမယ့် Bentley Continental GT ကားမှာတုန်း ကတောင် အမိုး ဖွင့် Version ရှိခဲ့တာ ကြောင့် အခုမြင်ထားရတဲ့ Batur ကားမှာပါ အမိုးဖွင့်ကား ရှိလာဦးမယ်လို့ ယူဆလာ ကြပါတယ်။ အခု ဆိုရင် တော့ တကယ်သာ အဆိုပါ အမိုးဖွင့် ကားရှိလာခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက်အတွက် X-Tomi Design က နေ ပုံကြမ်းတစ်ရပ် ချပြလာခဲ့ပါပြီ။

Photo Credit: motor 1.com

အဆိုပါ ပုံကြမ်းကတော့ တရားဝင် ထွက်ပေါ်ထားတဲ့ ပုံကြမ်းမဟုတ်ပေမယ့်လည်း မြင်ထားရပြီး ဖြစ်တဲ့ Bentley Mulliner Batur ရဲ့ အသေးစိတ် အပြင်အဆင်တွေ အကုန်လုံးကိုတော့ ပြန်ပြီး ထည့်သွင်းပေးလာခဲ့ ပါတယ်။ အမိုးဖွင့်ကိုမှ ကားရဲ့ အရှေ့ A-Pillar နေရာကနေ အနောက်ဘက် အထိကို အမိုးဖွင့် ပုံစံဖန်တီး ကြည့်ထားတာဖြစ်ပြီး အတော်လေးတော့ ကြည့်ကောင်းနေတာ သိသာနေပါတယ်။ ဒါပေမယ့် လက်ရှိ Batur ကားရဲ့ အနောက်ဘက်  အပိုင်းလေးကိုတော့ ပုံစံ‌နည်းနည်း ပြောင်းရနိုင်ဖွယ် ရှိပါတယ်။ ဒါ့အပြင် ရိုးရိုး Coupe  ပဲ ဖြစ်ဖြစ် အမိုးဖွင့်ပဲ ဖြစ်ဖြစ် Batur ရဲ့ အရသာ အသစ်တွေကိုတော့ အရှေ့ဘက် Fascia ဘက်မှာ ပိုခံစား လို့ရနိုင်ပါတယ်။ အဓိက ကတော့ အရင်က Bentley ရဲ့ အမှတ်သညာဖြစ်တဲ့ ရှေ့မီးကြီးအဝိုင်းတွေ မရှိတော့ပဲ LED Accents တွေနဲ့ Triple-Beam Light တွေအစားထိုးလိုက်တာမျိုး ဖြစ်ပါတယ်။ Grille ကလည်း ဒီဇိုင်းအသစ်မှာတော့ ပိုပြီး နီးနီးကပ်ကပ် လေးရှိလာပါတယ်။

Photo Credit: motor 1.com

Bentley ရဲ့ ဒီဇိုင်း ဒါရိုက်တာဖြစ်သူ Andreas Mindt ကတော့ အခု Batur ကားကို တာဝန်ယူ ဖန်တီးခဲ့တာ ဖြစ်ပြီး VW နဲ့ ၂၅ နှစ် တာ အလုပ်လုပ်ခဲ့ဖူးသူလည်း ဖြစ်ကာ ၂၀၂၁ မှာမှ Bentley ဆီ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအင်သုံး Audi E-Tron ကားကလည်း ၎င်းရဲ့ လက်ရာပါပဲ။ Batur ကတော့ Bentley ရဲ့ အနာဂတ် လျှပ်စစ်ကားတွေ အတွက် မှန်းဆကြည့်စရာ ကားကောင်း တစ်စီး ဖြစ်လာနေပြီး လတ် တလောမှာတော့ Twin-Turbocharged 6.0 Liter W 12 Engine ကြီး သုံးထားပါတယ်။ လျှပ်စစ်ကားတွေ အဖြစ် လာမယ့် ၂၀၃၀ လောက် အရောက်မှာ ကူးပြောင်းတော့မယ့် Bentley မှာတော့ အခု ပုံကြမ်းထဲ မြင်ရတဲ့ အတိုင်းအမိုးဖွင့် လျှပ်စစ် ကားတစ်စီး ရှိနေနိုင်မယ်လို့ မျှော်လင့် ရတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com

Exit mobile version