MyCars Myanmar

အတွင်းခန်း အပြောင်းအလဲများစွာ ပါလာနိုင်တဲ့ Bentley Bentayga LWB ကားသစ် !

ကားသစ်တွေ ထုတ်ပြီဆိုရင် တစ်ခြား ကားတွေထက် Long Wheelbase နဲ့ ခပ်ကြီးကြီးတွေက ဖုံးရဖိရ အခက်ဆုံး ပါပဲ။ အထူးသဖြင့် အဆိုပါ ကားတွေရဲ့ ကိုယ်ထည် ဖွဲ့စည်းပုံကြီးတွေနဲ့ တံခါးခပ်ကြီးကြီးတွေကို ဖုံးအုပ်ထားနိုင်ဖို့ Camouflage တွေလည်း အလုံအလောက် မတတ်နိုင်တာမျိုးပါ။ အခုဆိုရင်လည်း ပြီးခဲ့တဲ့ ၂၀၂၁ နှောင်းပိုင်း လောက်ကတည်းက Bentley ရဲ့ Bentayga LWB ကား အမျိုးအစားကို စတင်မြင်တွေ့ လာခဲ့ကြရတာဖြစ်ပြီး ဘီး နှစ်ဘီး ကြားထဲက ခပ်ရှည်ရှည် ကိုယ်ထည်ကတော့ လုံးဝကို ဖုံးကွယ်မရတာပဲ ဖြစ်ပါတယ်။ အဆိုပါ အတွင်းခန်း ခပ်ကျယ်ကျယ် ပါလာမယ့် ကားသစ်ကို တရားဝင် ကြေညာထားတာမျိုး မလုပ်ရသေးပေမယ့် Kolesa.ru အနေနဲ့ ကားရဲ့ ပုံကြမ်းကို ဒီဂျစ်တယ် နည်းပညာနဲ့ ဖန်တီး ချပြလာခဲ့ပါပြီ။ Bentayga ကားအသစ်အနေနဲ့ ပြောင်းလဲလာတဲ့ အပိုင်းတွေများမှာ ဖြစ်ပေမယ့် ဒီဇိုင်း ပိုင်းကတော့ အများ ကြီး မပြောင်းလဲပဲ ကြည့်လိုက်တာနဲ့တင် Bentley ဆိုတာ သိသာနိုင်ပါတယ်။ မြင်ထားခဲ့ရတဲ့ Spy Shots တွေ အရဆိုရင်လည်း ကားရဲ့ အရှေ့နဲ့ အနောက်ဘက် ဒီဇိုင်း တွေက သာမန် Bentayga နဲ့ အတူတူပဲ ဖြစ် လာနိုင်ပါတယ်။ အဆိုပါ သာမန် ကားမော်ဒယ် အတွက်ကိုလည်း ၂၀၂၁ အတွက် Mid-Cycle Update အဖြစ် ထုတ်ပေးထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါတွေကို အခြေခံပြီး အခုပုံကြမ်း ထွက်ပေါ်လာတာ ဖြစ်ပေမယ့် လည်း တရားဝင် မချပြခင် အထိတော့ အမျိုးမျိုး ပြောင်းလဲ လာနိုင်ပါသေးတယ်။ တကယ်လို့ ဒီဇိုင်းပိုင်း အပြောင်းအလဲတွေ များလာမယ် ဆိုရင်တော့ ကားသစ်ရဲ့အတွင်းခန်းမှာပဲဖြစ်လာနိုင်ပြီး အရှေ့ အလယ်ပိုင်း ဈေးကွက်တွေနဲ့ တရုတ်ဈေးကွက် တွေထဲကလို အနောက်ဘက် ခရီးသည်ခန်း အတွက်ကို ပိုပြီး ကျယ်ကျယ် ဝန်းဝန်း ဖန်တီးပေးလာနိုင်ဖို့ ရှိပါတယ်။ အထူးသဖြင့် တရုတ်ဈေးကွက်မှာက အခြားဘယ် ကမ္ဘာ့ ဈေးကွက် မှာမဆို မရနိုင်တဲ့ ခပ်ရှည်ရှည် ကားအကြီးစားတွေကို အများအပြား တွေ့ရလေ့ရှိတာ ဖြစ်ပါတယ်။ အဆိုပါ ဈေးကွက်ထဲမှာတော့ Mercedes ဆိုရင်လည်း E-Class အရှည်ကို ထုတ်လုပ်ပေးခဲ့သလို BMW ကလည်း LWB 5 Series တွေ အနေနဲ့ ထုတ်ပေးခဲ့ဖူးပါတယ်။ အခု ကားအသစ်မှာလည်း Bentley အနေနဲ့ အနောက် ဘက်ခရီးသည် နေရာထဲမှာ အဆင့်မြင့် နည်းပညာ လုပ်ဆောင်ချက်တွေ အများအပြား ထည့်ပေးထားနိုင်ဖို့ လိုအပ်ပါတယ်။

Photo Credit: motor 1.com

ကားက အရှည် ဖြစ်သွား လိမ့်မယ်ဆိုပေမယ့် အင်ဂျင်ပိုင်းကတော့ အပြောင်းအလဲဖြစ်ဖို့ နည်းပါးပြီး ဒီဇိုင်း ပိုင်းလိုမျိုးပဲ အတူတူသုံး ပေးလာနိုင်ပါတယ်။ သာမန် Bentayga မှာ တုန်းကတော့ အင်ဂျင် ၃ မျိုးနဲ့ ရနိုင်ပြီး အခု ကားသစ်မှာလည်း ဒီအတိုင်း ပဲ ဖြစ်နိုင်ပေမယ့် V 12 Engine ကိုတော့ Speed အမြင့်အနေနဲ့ မြင်ရဖို့ မမျှော်လင့် ထားသင့်သေးပါဘူး။ အဲ့ဒီအစား Bentley အနေနဲ့ အခုကားသစ်မှာ Hybrid V6 နဲ့ Twin-Turbo V6 အင်ဂျင်တွေကို ရွေးချယ်လို့ရအောင် ထည့်ပေးထား နိုင်ပါတယ်။ အဆိုပါ ကားအသစ်ကို ဘယ် တော့လောက်တရားဝင် ချပြလာမလဲ ဆိုတာ မသိရသေး ပေမယ့်လည်း ကုမ္ပဏီ ဘက်ကတော့ လာမယ့် မေလ ၁၀ ရက်နေ့မှာ အနည်းငယ်လောက် ပြသမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အတွင်း ခန်းပိုင်းနဲ့ ပတ်သက်လို့တော့ ခရမ်းရောင် Cabin ပုံလေးတွေလည်း ကြိုတင်ထွက်ရှိထားတာကို မြင်ထားရပြီး တကယ် သာ ထွက်လာမယ် ဆိုရင်လည်း ဇိမ်ခံ နည်းပညာ အများအပြားကို ကောင်းကောင်း ပေါင်းစပ် ပေးထားနိုင် ပါတယ်။ အခု Wheelbase အရှည် Bentayga ကား အသစ်ထွက်ဖို့ ဆိုတာတော့ ယခင်ကတည်း က အချိန် အတော် ကြာကြာ သတင်းတွေ ထွက်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၆ တုန်းက သူတို့ရဲ့ ပထမ ဆုံး SUV ကား ထွက်ရှိလာဖို့ ကို အခုလိုပဲ အချိန်ကြာကြာ ယူခဲ့ရပါသေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ထွက်လာ မယ် ဆိုကတည်းက ကားသစ်ကလည်း သာမန် Bentayga ရဲ့ အောင်မြင်မှုအတိုင်း ဆက်ရနိုင်ဖို့ ရှိနေတာ ကတော့ သေချာပါတယ်။

Ref: motor 1.com

Exit mobile version