MyCars Myanmar

စတီယာတိုင်နဲ့ ခြေနင်းတွေပါ မလိုတော့မယ့် မောင်းသူမဲ့ကားများ !

The Cruise AV is designed to operate safely on its own, with no driver, steering wheel, pedals or other manual controls when it goes on the road in 2019.

National Highway Traffic Safety Administration (NHTSA) လို့ လူသိများတဲ့ အဝေးပြေးလမ်းမများ ဆိုင်ရာ အရေး ပါတဲ့ အဖွဲ့အစည်းကတော့ အခုဆိုရင် အနာဂါတ်ရဲ့ မောင်းသူမဲ့ကားတွေမှာပါရမယ့် စည်မျဉ်း စည်းကမ်းတွေကို တရားဝင် ဆုံးဖြတ်လိုက်ကြပါပြီ။ အဆိုပါ စည်းမျဉ်းတွေထဲမှာတော့ ထူးထူးခြားခြားပဲ မောင်းစရာ စတီယာတိုင်နဲ့ နင်းစရာ ဘရိတ်တွေ ၊ လီဘာတွေက အစ လုံးဝမပါတဲ့ အနာဂါတ် မောင်းသူမဲ့ ကားတွေကိုလည်း ခွင့်ပြုပေးထားတာ တွေ့ရပါတယ်။ အခုလို စည်းမျဉ်းကိုတော့ Federal Motor Vehicle Safety Standards တွေအရပါ သတ်မှတ် ပေးထားတာ ဖြစ်လို့ အနာဂါတ်မှာ တကယ်ပဲ အခုလို လုံးဝ ထိန်းချုပ်စရာ မလိုတော့မယ့် ကားတွေအတွက် လမ်းပွင့် သွားခဲ့ ပါတယ်။ ဒါကြောင့် မောင်းသူမဲ့ ကားတွေ အတွက် ကြံစည်နေခဲ့ကြတဲ့ ကုမ္ပဏီတွေအဖို့လည်း ဖန်တီးချင်စရာ လမ်းကြောင်း တစ်ရပ်တော့ ဖြစ်လာခဲ့ ပါပြီ။

Photo Credit: MotorAuthority

တိတိကျကျ ပြောရမယ် ဆိုရင်တော့ အဆိုပါ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေထဲမှာ မောင်းသူမဲ့ ကားတွေ ထုတ်လုပ် ရောင်းချတဲ့ နေရာမှာ လိုက်နာရမယ့် အသေးစိတ် အချက်တွေ အကုန်ပါဝင်ပါတယ်။ NHTSA အနေနဲ့ အခုလို မောင်းသူမဲ့ ကားမျိုးတွေကို အကန့်အသတ်နဲ့ ဖြည်းဖြည်းချင်း စမ်းသပ်စစ်ဆေးခွင့် ပေးထားခဲ့ လွန်ခဲ့တဲ့ ၆ နှစ် လောက် ကတည်းကစလို့ အခု စည်းကမ်းတွေကို သေချာ လေ့လာရေးဆွဲနေခဲ့ တာ ဖြစ်ပြီး အခုမှအတည် ဖြစ်လာ ခဲ့တာပါ။  NHTSA ရဲ့ Deputy Administrator ဖြစ်သူ Steven Cliff ကတော့ ကားတွေကိုထိန်းချုပ် မောင်းနှင်တဲ့ အခါမှာ သာမန် လူသားထိန်းချုပ်မှုကနေ စက်တွေရဲ့ အလိုအ လျောက် ထိန်းချုပ်မှုစနစ်ကို ပြောင်းလာကြရမှာတော့ လူသားတွေအတွက် လုံခြုံရေးကလည်းပုံမှန်အတိုင်း အာမခံနိုင်နေရမှာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ ဒါကြောင့် အခု ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေအရ ဆိုရင်တော့ ကားကုမ္ပဏီ တွေလည်း နောက်ပိုင်းမှာ ပိုပြီး လုံခြုံစိတ်ချရတဲ့ ကားတွေကို စည်းကမ်းနဲ့ အညီ ထုတ်လုပ်လာနိုင်တော့မှာ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

လက်ရှိမှာတော့ Waymo ကုမ္ပဏီကနေ မောင်းသူမဲ့ ကားတစ်ချို့နဲ့ အမေရိကန်မှာ ဝန်ဆောင်မှုပေးနေခဲ့တာ နှစ် အနည်းငယ် လောက်တောင် ရှိနေပြီ ဖြစ်ပြီး Waymo One လို့ အမည်ပေးထားတဲ့ ဝန်ဆောင်မှု ဖြစ်ပါ တယ်။ ဒါပေမယ့် အဆိုပါဝန်ဆောင်မှုက ယာဉ်တွေကတော့ Waymo One ဆီက ယာဉ်တွေဖြစ်ပြီး လူကိုယ် တိုင်တစ်ချို့ အပိုင်းတွေ ထိန်းချုပ်ဖို့ လိုနေသေးတာပါ။ ပြိုင်ဘက် မောင်းသူမဲ့ ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Cruise ကလည်း မောင်းသူမဲ့ တက္ကစီ ဝန်ဆောင်မှုကို စတင်နိုင်ဖို့ အတွက် ခြေလှမ်းပြင်နေပြီဖြစ်ပြီး လူကိုယ်တိုင် လုံးဝထိန်းချုပ်စရာ မလိုမယ့် အထိ ဖြစ်လာလိမ့်မယ်လို့လည်း ကုမ္ပဏီက ပြောကြား ထားပြီးပါပြီ။ Cruise ကုမ္ပဏီ နဲ့အတူ အဓိက ရှယ်ယာရှင် ဖြစ်တဲ့ General Motors တို့ ကလည်း ပြီးခဲ့တဲ့ လပိုင်းတုန်းကမှ လူ ကိုယ်တိုင် လုံးဝထိန်းချုပ်စရာ မလိုအောင် စတီယာတိုင် တွေ ၊ ဘရိတ်လီဘာတွေ လုံးဝမပါတော့တဲ့ ဒီဇိုင်း ကို NHTSA ဆီမှာ မှတ်ပုံတင်ခဲ့သေးတာဖြစ်လို့ အခုတော့ ပိုလမ်းပွင့် သွားပြီလို့ ယူဆရတော့မှာပဲ ဖြစ်ပါ တယ်။

Ref: MotorAuthority

Exit mobile version