MyCars Myanmar

အတွင်းခန်းပိုင်းကနေစလို့ ဒီဇိုင်းသစ်တွေ စတင်ပြောင်းလဲလာတဲ့ Audi!

Sphere ဆိုတဲ့ နာမည်တွေနဲ့ Concept ကားသစ် ၄ မျိုးကိုချပြအပြီး မှာတော့ Audi က သူတို့ရဲ့ ရှေ့ဆက်မယ့် အနာဂတ် ဒီဇိုင်းစိတ်ကူးတွေကို ပိုရှင်းအောင် ပြပေးလာပြီ လို့ဆိုလို့ ရနေပါပြီ။ ၂၀၂၅ မှာ သာမန် အင်ဂျင် နဲ့ကားတွေကို နောက်ဆုံးအနေနဲ့ ထုတ်လုပ်ပေးမှာဖြစ်တဲ့အတွက် အဆိုပါကာလ နောက်ပိုင်း လျှပ်စစ် ကားသစ်တိုင်း အတွက် အခု Concept ဒီဇိုင်းတွေကို ရည်ရွယ် ထားတာပဲ ဖြစ်ပါတယ်။ EV Platform အသစ် နဲ့အတူ Overhang ခပ်တိုတို တွေ ၊ Wheelbase အရှည်တွေနဲ့ Aerodynamic ပိုကောင်းစေမယ့် ခပ်ခုံးခုံး ကား ကိုယ်ထည် ပုံစံမျိုးလေးတွေကို Audi ဆီက မြင်လာရဖို့ ရှိနေပါတယ်။ လျှပ်စစ် ကားတွေဘက် တဖြည်းဖြည်း ကူးပြောင်းနေတဲ့ Audi တို့အတွက် အခုကား ဒီဇိုင်းတွေက သိသာတဲ့ အပြောင်းအလဲတွေ ဖြစ်သလို နောက်ထပ် ပြောင်းလဲလာမယ့် အပိုင်းတွေ အဖြစ် ကတော့ အတွင်းခန်းပိုင်းနဲ့ User Interface ပိုင်းတွေ ရှိလာမှာပါ။ Top Gear ကား မဂ္ဂဇင်းနဲ့ Audi တို့ အင်တာဗျူး တစ်ခုထဲ မှာတော့ တာဝန်ရှိသူ Marc Lichte က သူတို့ အနာဂတ် ကား‌တွေရဲ့ အတွင်းခန်း Cabin ပိုင်းမှာ ခုံတွေကို ၁၈၀ ဒီဂရီအထိ လှည့်နိုင်ဖို့ ပြင်ဆင်သွားမယ်လို့ ပြောကြားလာ ခဲ့ပါတယ်။

Photo Credit: motor 1.com

၎င်း က ပြောကြား ရာမှာ တော့ ဟိုးယခင် ကတည်းက သာမန် အင်ဂျင်တွေ ၊ Platform တွေ နဲ့ အတူ ၂ ယောက် စီး ၊ ၄ ယောက် စီး နဲ့ ၇ ယောက် စီး တွေအထိ ထုတ်လုပ်ခဲ့တဲ့ Audi က အခုဆိုရင် အပြင်ပိုင်း ခေတ်လွန် ဒီဇိုင်း သစ် တွေနဲ့ လိုက်ဖက်မယ့် အနာဂတ် အတွင်းခန်း ပုံစံအသစ်တွေကို ကွဲပြားအောင် ချပြလာတော့မှာ ဖြစ်တယ်လို့ ဆိုလာပါတယ်။ ဒါ့အပြင် Audi အနေနဲ့ ကားအတွင်း Software နဲ့ ဆိုင်တဲ့ UI/UX အပိုင်း တွေကိုလည်း ပြင်ဆင် ပေးလာမှာ ဖြစ်တယ်လို့ သိရပါတယ်။ Lichte က ပြောကြားရာမှာတော့ အပြင်ပိုင်း ဒီဇိုင်းအပြင်အဆင်တွေ ဆန်းသစ် ပြောင်းလဲလာပြီးပြီ ဆိုတာနဲ့ အခုလို Software Design ပိုင်းတွေကိုလည်း ကား အတွင်းခန်းနဲ့ လိုက်ဖက် အောင် ပြောင်းလဲပေးလာမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

Photo Credit: motor 1.com

Audi ရဲ့ ရှေ့လာမယ့် လျှပ်စစ်ကားတွေ အများကြီးထဲက ပထမဆုံးသော ကားအဖြစ်ကိုတော့ လာမယ့်နှစ် လောက် မှာ မြင်ရနိုင်တဲ့ All-New A8 နဲ့ စတင်လာဖို့ ရှိပါတယ်။ အဆိုပါ ကားမှာတော့ သာမန် Combustion အင်ဂျင်ကို မမြင်ရနိုင်တော့ပဲ Grandsphere Concept မှာ တွေ့ခဲ့ရတဲ့ Avant-Garde လို ဒီဇိုင်းမျိုးကို စပြီးဖန်တီး ပေးလာ နိုင်တာပါ။ ဒါ့အပြင် အဆိုပါ Full-Size ဇိမ်ခံ Sedan ကားသစ်က မြင်ခဲ့ဖူးတဲ့ Concept တွေနဲ့ အတော် လေးကိုခပ်ဆင်ဆင် ရှိနိုင်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ Audi ရဲ့ နောက်ထပ် လျှပ်စစ် ကားသစ်ကတော့ ၂၀၂၄ မှာ ထွက်လာနိုင်မယ့် A6 E-Tron ဖြစ်ဖို့များပြီး RS6 E-Tron ဆိုတဲ့ ကိုယ်ထည် ခပ်ကျယ်ကျယ် ၊ ဘီး အကြီးကြီးတွေ ၊ Tracks ကျယ်ကျယ်နဲ့ ပိုကောင်းတဲ့ စွမ်းဆောင်ရည် ကားမျိုးကွဲ မျိုးကိုလည်း မြင်ရနိုင်ပါသေးတယ်။ ဒါ့အပြင် လာမယ့်နှစ်မှာ ထွက်လာဖို့ များနေတဲ့ Q6 E-Tron SUV Version အတွက် ကိုလည်း Audi တို့က အားစိုက်နေတာဖြစ်ပြီး အဆိုပါ ကားကတော့ လျှပ်စစ်သီးသန့် ဖြစ်လာမယ့် Porsche Macan နဲ့ အတူတူလောက် ပွဲထွက်လာနိုင်တာပဲ ဖြစ်ပါတယ်။

Ref: motor 1.com

(2) Rolls-Royce ကားတွေဈေးကြီးနေရခြင်းအကြောင်းရင်းများ – YouTube

Exit mobile version