MyCars Myanmar

Apple Car စီမံကိန်း အတွက် Lamborghini ရဲ့ Chassis ပိုင်းအကြီးအကဲကို ခန့်အပ်ခဲ့!

Apple ရဲ့ ကားစီမံကိန်းကတော့ ရပ်တန့်သွားခြင်း မရှိသေးပါဘူး။ အခုဆိုရင်လည်း အဆိုပါ စီမံကိန်းရဲ့ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်အနေနဲ့ Lamborghini မှာ အနှစ် ၂၀ အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝါရင့်ပညာရှင် Luigi Taraborrelli ဆိုသူကို ကားဖန်တီး ထုတ်လုပ်မှုအပိုင်းအတွက် ခေါ်ယူခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။ Taraborrelli ကတော့ Lamborghini မှာ ၂၀၀၈ ခုနှစ်ကတည်းက ယာဉ်တွေရဲ့ Chassis တွေနဲ့ Dynamic အပိုင်းတွေကို သုတေသန ပြု ဖန်တီးတဲ့အပိုင်းမှာ အကြီးအကဲ အဖြစ်တာဝန်ယူခဲ့တာပါ။ သူ့ရဲ့လုပ်ငန်းတာဝန် တွေထဲမှာဆိုရင်တော့ ကားတွေရဲ့ Suspension တွေ ၊ ဘရိတ်တွေနဲ့ ယာဉ်မောင်းအကူ နည်းပညာပိုင်းတွေကို သေချာဖန်တီး ပေးရတာတွေလည်း ပါဝင် ပါတယ်။ အခုလက်ရှိ Lamborghini ရဲ့ နာမည်ကျော်ကားတွေ ဖြစ်တဲ့ Urus ၊ Huracan နဲ့ Aventador တို့ရဲ့ အမျိုးမျိုး သော အမျိုးအစားတွေကို ၎င်းကိုယ်တိုင် ဖန်တီးပေးခဲ့တာဖြစ်ပြီး Centenario နဲ့ Veneno တို့လို သီးသန့် ကားမျိုးတွေ ကိုပါ သူကိုယ်တိုင် ပြုလုပ်ပေးခဲ့ဖူးတာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ထဲမှာတော့ Apple ဟာ သူတို့ရဲ့ ကားထုတ်လုပ်ဖို့ အတွက် နာမည်ကြီး ကားထုတ်လုပ်ရေး တွေနဲ့ ပူးပေါင်း လုပ်ကိုင်ဖို့အတွက် ချိတ်ဆက်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း အများကြီး ထွက်လာခဲ့ ဖူးပါတယ်။ တောင်ကိုရီးယား ကား ကုမ္ပဏီကြီး Hyundai ကလည်း Apple နဲ့ ညှိနှိုင်းမှုတွေ လုပ်ခဲ့ကြောင်း အတည်ပြု ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လုပ်ငန်းဆက်မလုပ် ဖြစ်ပဲ ပျက်ပြယ်ခဲ့ ရပါတယ်။ နောက်ပိုင်းမှာတော့ Apple က Nissan ဆီကို ချဉ်းကပ်ခဲ့ပြန်ပြီး Hyundai နည်းတူပဲ တစ်ဦးတည်းသီးသန့် Apple ကားထုတ်လုပ် သူ အဖြစ် မရပ်တည်လိုဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အငြင်းခံခဲ့ရပြန်ပါတယ်။ နာမည်ကျော် Toyota တို့နဲ့ပါ သတင်းတွေ ထပ်ထွက်ခဲ့ပေမယ့်လည်း အလုပ်မဖြစ် ခဲ့ပြန်ပုံ ရပါတယ်။ ဒီလို အခြေအနေတွေကနေ ပြီးခဲ့တဲ့ ၂၀၂၁ စက်တင်ဘာ အရောက်မှာတော့ Apple ဟာ သူတို့ရဲ့ ကားကို ကိုယ်တိုင်ပဲ ထုတ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး လာမယ့် ၂၀၂၄ အရောက်မှာ ကားကို စတင် ထုတ်လုပ်မယ်လို့လည်း သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်လာခဲ့တာပါ။

Photo Credit: motor 1.com

တစ်ချို့သော သတင်းရင်းမြစ်တွေ အရတော့ Apple Car က လုံးဝကို မောင်းသူမဲ့ စနစ်သီးသန့်ဖြစ်လာနိုင်ပြီး Physical Control ခလုတ်တွေ လုံးဝ မပါလာတော့မယ့်အပြင် စတီယာ တိုင်နဲ့ ခြေနင်းတွေတောင် ပါလာဖို့ရာ အတိအကျ မပြောနိုင်သေးတာ ဖြစ်တယ်လို့ သိရပါတယ်။ Motor 1 ရဲ့ သတင်းတွေအရတော့ Apple ဟာ သူတို့ရဲ့ ကား စီမံကိန်းကို ၂၀၁၅ ခုနှစ် ကတည်းက စတင်နေတာဖြစ်ပြီး ၂၀၁၆ အရောက်မှာတော့ ကားကို လုံးဝမထုတ်လုပ် တော့ဘူးလို့ ဆုံးဖြတ်လိုက်ပြန်ကာ အခု နောက်ပိုင်းမှာတော့ မောင်းသူမဲ့ နည်းပညာ အပိုင်းအထိကိုပါ ပြန်အာရုံစိုက်လာတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် အခု နောက်ပိုင်းမှာတော့ မောင်းသူမဲ့ နည်းပညာအပိုင်းအတွက် ဝန်ထမ်း ၂၀၀ လောက်ကို ပြန်ခေါ်သုံးပြီး အမှန်အကန် ဖန်တီးနေပြီ ဖြစ်တာကြောင့် Apple ကားက အတော်လေးစိတ်ဝင်စားစရာ ကောင်းလာပြီလို့ပဲ ဆိုရတော့မှာပါ။

Ref: motor 1.com

(19) ပိုက်ဆံရှိတောင်ဝယ်လိုမရတဲ့ အလန်းစားကားတွေအကြောင်း – YouTube

Exit mobile version