MyCars Myanmar

ဟိုက်ဒရိုဂျင် အင်ဂျင်နဲ့ အနာဂတ်မှာ မြင်ရနိုင်တဲ့ Alpine Alpenglow Concept!

နောက်တစ်ပတ်ထဲ ကျင်းပမယ့် ပဲရစ်ကားပြပွဲကြီး ထဲမှာ ဒီဇိုင်း ခပ်ဆန်းဆန်း ၊ ပေါ့ပေါ့းပါးပါး ကားကိုယ်ထည်နဲ့ အတူ A110 လို ကား Concept တစ်မျိုးကို Alpine ကုမ္ပဏီက ချပြဖို့ ရှိနေပါတယ်။ အဆိုပါ ကားကို တော့ Alpine Alpenglow Concept လို့ အမည်ပေးထားပြီး ထူးခြားချက်ကတော့ ပြန်လည် အစားထိုး အသုံးပြုထားတဲ့ ကာဗွန် တွေကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် လိုက်ဖက်နေမယ့် ကားတစ်စီး ဖြစ်နေမှာပါ။ Alpine ကုမ္ပဏီ ကတော့ Toyota လိုပဲ ဟိုက်ဒရိုဂျင် စွမ်းအင်သုံး အင်ဂျင်နဲ့ လျှပ်စစ်စွမ်းအင်တို့ ပေါင်းစပ်ပြီး အနာဂတ်ကားတွေကို ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခု မြင်ရတဲ့ Hydrogen ကားသစ်မှာ ဆိုရင်လည်း 700 Bar အထိ သိမ်းဆည်းနိုင်မယ့် ဟိုက်ဒရိုဂျင် ၂ ကန်အထိ ပါဝင်ပြီး ဘယ်အင်ဂျင်ကားတွေထက်မဆိုကို အတော်လေး ကောင်းမွန်လာမယ့် စွမ်းအင်ကို ပေးလာနိုင်မှာပါ။

Photo Credit: AllAutoExperts

အခု ကား Concept ရဲ့ ဒီဇိုင်းပိုင်းကို သိသိသာသာ ထူးခြားသွားစေတာကတော့ အနောက်ဘက် အပိုင်းက Dynamic Rear Spoiler အလန်းစားကြီးပဲ ဖြစ်ပါတယ်။ ပိုပြီး ထူးခြားတာကတော့ ကားရဲ့ အတွင်းခန်းကို ခြေနင်းတွေ ၊ အင်ဂျင် စက်ဖုံးတွေအထိကို ဖောက်ထွင်းမြင်နေရတဲ့ ဒီဇိုင်းနဲ့ဖန်တီးထားတာပါပဲ။ ကားရဲ့ တစ်စီးလုံး ဒီဇိုင်းပုံစံကို ခြုံကြည့်မယ်ဆိုရင်တော့ လာမယ့် ၂၀၂၄ လောက်မှာ ရောက်လာမယ့် LMDh ပြိုင်ကား အသွင်ကို ကြိုမြင်ရသလို ဖြစ်တယ်လို့တောင် ဆိုလို့ရပါတယ်။ အရှေ့နဲ့ အနောက်ဘက်မှာ မြင်ရတဲ့ အလင်းရောင် Lighting Signature အလှ အပ လေးတွေကလည်း Alpine ရဲ့ အနာဂတ်ကားသစ်တွေမှာ မြင်ရ နိုင်မယ့် အသွင်တစ်မျိုး ဖြစ်လာနိုင်ပါတယ်။

Photo Credit: AllAutoExperts

နောက်တစ်မျိုး ထူးခြားတာ ကတော့ ပုံမှန်မဟုတ်တဲ့ ဘီးတွေ ဖြစ်ပြီး Snowflake တို့လို ဒီဇိုင်းမျိုး ဖြစ်ကာ ဘီးတွေ က အစ ဖောက်ထွင်းမြင်ရတဲ့ ပုံစံပဲ ဖြစ်ပါတယ်။ လက်ရှိ အချိန်အထိကိုတော့ ကုမ္ပဏီဘက်ကနေ ဟိုက်ဒရိုဂျင် သုံး ကားတွေကို စီးပွားဖြစ် ထုတ်လုပ် မိတ်ဆက်ဖို့ မရှိသေးပေမယ့်လည်း လျှပ်စစ်ကားသစ် ၃ မျိုး ကိုတော့ လာမယ့် ၂၀၂၅ က စလို့ ဈေးကွက်ထဲ ပို့ဆောင်ပေးနိုင်ဖို့ ရှိပါတယ်။ အဆိုပါ ကားတွေထဲမှာ ဆိုရင်တော့ Renault 5 Supermini ကားရဲ့ လျှပ်စစ်မျိုးကွဲ ၊ GT X-Over Crossover နဲ့အတူ Lotus ကုမ္ပဏီ နဲ့ ပူးပေါင်းထုတ်လုပ်မယ့် Sports Car အသစ်လည်း ပါဝင်မှာ ဖြစ်ပါတယ်။

Ref: AllAutoExperts

Exit mobile version