MyCars Myanmar

အတွင်းခန်း ခပ်ကျယ်ကျယ် ပါဝင်လာမယ့် All-New Honda HR-V ကားသစ်!

မျိုးဆက် ၁၁ ခု မြောက် ဖြစ်တဲ့ Civic ကားသစ် အောင်မြင်မှုရခဲ့ပြီး နောက်ပိုင်း Honda တို့ ကတော့ Subcompact Crossover ကားသစ်ဖြစ်တဲ့ 2023 Honda HR-V ကားသစ်ကို အခုလ အစောပိုင်း လောက် ကနေ စတင်ချပြလာခဲ့ ပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာတော့ ကားရဲ့ အပြင်ပိုင်းကို သေချာမြင်လာရတဲ့ Teaser တွေလည်း တစ်စတစ်စ ဖော်ပြ ပေးလာခဲ့ပါတယ်။ ဒါကြောင့် လက်ရှိအချိန်ထိတော့ ကားရဲ့ အတွင်း ခန်းကို သေချာမသိရသေးပဲ ယခင် မျိုးဆက် ကားအဟောင်းနဲ့ ဘယ်လိုတွေ ကွာခြားသွားမလဲ ဆိုတာတော့ သေချာအတည်မပြုနိုင် သေးတာပဲ ဖြစ်ပါတယ်။ Honda ဘက်ကတော့ 2023 HR-V ကားအသစ် ရဲ့ အတွင်းခန်းဟာ ပိုပြီး သက်တောင့်သက်သာ ရှိတဲ့ Cabin အဖြစ်ပါဝင်လာမယ် ဆိုတာ အတည်ပြုပေးထား ပြီး အခု ဆိုရင်တော့ အတွင်းခန်း အကုန် မဟုတ်ရင်တောင် တစ်စိတ် တစ်ပိုင်းလောက် မြင်ရတဲ့ ပုံတွေကို တော့ စတင် မြင်တွေ့လာရပါပြီ။ Honda အနေနဲ့ ကလည်း အခုနှစ် ကို သူတို့အတွက် SUV ကားသစ်နှစ် အဖြစ် သတ်မှတ် ထားတာကြောင့် အခုကားကိုလည်း မကြာမှီပဲ အသေးစိတ် စတင် ချပြလာဖို့ ရှိနေပြီ ဖြစ်ပါ တယ်။

Photo Credit: CARBUZZ

ပုံတစ်ပုံမှာတော့ HR-V ကားသစ်တစ်စီး အနောက်ဘက်မှာ  ပျော်ပွဲစားထွက်တဲ့ ကိရိယာ အပြည့်အစုံကို ထည့်နေတာ ပြထားပြီး စုံတွဲတစ်တွဲက ကားရဲ့ အနောက်ဘက် ဧရိယာကြီး တစ်ခုလုံးကို ထိုင်ခုံတွေခေါက် ပြီး ဖွင့်ထားတာ တွေ့ရပါတယ်။ Subcompact SUV ကားတစ်စီး ဆိုပေမယ့်လည်း ပိုပြီး လက်တွေ့ကျကျ ပုံစံမျိုး ဖြစ်လာလိမ့်မယ်လို့တော့ ယူဆရတာပဲ ဖြစ်ပါတယ်။ တရားဝင် ကြေညာချက်တွေကို စောင့်ဆိုင်းရဦး မှာ ဖြစ်ပေမယ့်လည်း HR-V ဆိုတာ ကတော့ သူ့ရဲ့ ဈေးတူကားတန်း တစ်လျှောက်မှာ အတွင်းခန်း အကျယ် ဆုံးအဖြစ် မှတ်တမ်းရှိထားတာ ကြောင့် အခု ကားကလည်း ကျယ်လာမယ် ဆိုတာ သေချာသလောက်ပါပဲ။ အခု မြင်ရသလောက်ကတော့ ကားရဲ့ အနောက်ဘက် ထိုင်ခုံကို ခေါက်ပြီးပြထားရာမှာ ယခင်မျိုးဆက်ရဲ့ အရွယ်အစားနဲ့ ခပ်ဆင်ဆင်လောက် ရှိနေပြီး တစ်ခု ရှိတာ ကတော့ ဒုတိယ မြောက်ခုံတန်းက ယခင်ကား အဟောင်းလောက်တော့ ပြားအောက် ဖိထားလို့ ရမယ့်ပုံ မပေါက်နေပါဘူး။ ဒါပေမယ့်လည်း ဒါက ကားပုံ ကိုပဲ ကြည့်ပြီးခန့်မှန်းရတာ ဖြစ်နေလို့ အမြင် မှားတာမျိုးလည်း ဖြစ်နိုင်ကာ ယခင် ကားအဟောင်းကလိုပဲ Flip Up-Magic ထိုင်ခုံတွေပဲ ထည့်ပေးလာ လိမ့်မယ်လို့တော့ မျှော်လင့် ရပါတယ်။

Photo Credit: CARBUZZ

အခု နောက်ဆုံး မြင်ရတဲ့ ပုံထဲမှာ လှမ်းတွေ့လိုက်ရတာကတော့ ပုံစံ ပြောင်းလဲထားတဲ့ Center Console ပဲ ဖြစ်ကာ ပစ္စည်း ထားစရာနေရာ လေးကတော့ ယာဉ်မောင်းဘက် ပိုပြီး ရောက်လာတာ တွေ့ရပါတယ်။ ကားထဲမှာ ရေခွက်တွေ ဘာတွေထားဖို့ နေရာကိုတော့ ဂီယာအုံ ရဲ့ အနောက် ၊ ပစ္စည်း ထည့်စရာနေရာ အပေါ်နားလေးမှာ ထည့်ပေးထားတာ တွေ့ရပါတယ်။ ကားရဲ့ အနောက်ဘက် ပစ္စည်းထည့်တဲ့ နေရာကနေပဲ မြင်ရတာကြောင့် ကားရဲ့ Dashboard အပိုင်း ကိုတော့ သေချာ ရှင်းရှင်းလင်းလင်း မမြင်ရသေး ပဲ Civic ကားသစ်က တစ်ချို့ အရာလေးတွေ ပါလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ Honda ရဲ့ နောက်တစ်ခါ ထွက် လာဦးမယ့် Teaser မှာ ဆိုရင်တော့ ကားရဲ့ အရှေ့ဘက် ထိုင်ခုံ အပိုင်းကို ပိုပြလာနိုင်ပြီး Infotainment System အပိုင်းကိုလည်း ပိုတွေ့လာရနိုင်ပါတယ်။ ယခင်တုန်းကတော့ တစ်ခြားသော ဈေးကွက်တွေထဲက HR-V ကို မြင်ခဲ့ ကြရပြီး ဖြစ်ပေမယ့် အခုတစ်ခေါက် အမေရိက ဈေးကွက်ထဲကို ရောက်လာမယ့် HR-V ကားသစ်ကတော့ ပိုပြီး ကွဲပြားလာ ပါလိမ့်မယ်။ ဒါ့အပြင် ကားရဲ့ အင်ဂျင်ပိုင်း လိုမျိုး အသေးစိတ် အချက် အလက်တွေက အစ ပိုပြီးသိဖို့ လိုအပ်နေသေးတာကြောင့် သေချာစောင့်ကြည့်ရဉီးမှာ ဖြစ်ပါတယ်။

Ref: carbuzz.com

Exit mobile version