MyCars Myanmar

လမ်းကြမ်းပိုင်း အတွက် အသင့်ဖြစ်နေတဲ့ All-New Colorado ZR2 ကားသစ်!

ပြိုင်ဘက်တွေက အသစ်အသစ်တွေ ဖြစ်လာအောင် တစ်မူထူးခြားတာတွေနဲ့ အမျိုးမျိုး အဆင့်မြှင့်တင်လာခဲ့ ပေမယ့်လည်း သက်တမ်းရင့်ကားကြီး Chevrolet Colorado ကတော့ ယခင်အတိုင်း ဆက်ရှိနေဆဲပါ။ 2021 Facelift ကားသစ်ကိုတော့ ပုံရိပ်တွေ ပြောင်းလဲပေးထား ခဲ့ပေမယ့် စွမ်းဆောင်ရည်ပိုင်းအရ ကြီးကြီး မားမား ပြောင်းတာ မျိုးတွေ မရှိထားသေးတာကြောင့် မျိုးဆက်သစ် ပြိုင်ဘက်ကောင်း ကားတစ်စီးအနေနဲ့ မြင်ဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ သူတို့ရဲ့ All-New 2023 Colorado မျိုးဆက်သစ် ကို စတင်ပြီး အရိပ် အမြွက် လောက် တော့ မြင်ရပြီဖြစ်ပါတယ်။ ခပ်မြန်မြန်မြင်ရတဲ့ Teaser Video ထဲမှာ ဆိုရင်တော့ ကြီးကြီးမားမား ပြောင်းလဲ သွားတာမျိုးတွေကို သေချာထင်ထင်ရှားရှား မမြင်ထားရသေးပေ မယ့်လည်း အရှေ့ဘက်မှာတော့ ပိုပါးသွားတဲ့ Headlight တွေအပြင် ခပ်ကြီးကြီး Grilleပါဝင် လာမယ် ဆိုတာကိုတော့ သိထားရပါတယ်။

ကားရဲ့ DRL Headlight အသစ်တွေအောက် နားမှာ မြင်ရတာကတော့ ပုံပြန်ပြောင်းထားတဲ့ Air Vents တွေကိုမှ ပိုပြီး Aggressive ဖြစ်အောင် လုပ်ပေးထားတဲ့ ပုံနဲ့မြင်ရမှာပါ။ Grille ခပ်ကြီးကြီး ဖြစ်နေတာက လည်း အတော်လေး ဆွဲဆောင်မှုရှိပြီး မှန်တွေကလည်း လေးထောင့်ကျကျတွေ ဖြစ်လာကာ ကြည့်လိုက်တာ နဲ့ တင် Silverado ခပ်ကြီးကြီး နဲ့တောင် တူနေပါသေးတယ်။ ပိုကောင်းတာကတော့ အခုကားက နဂိုက တည်းက Sport အရသာ ရထားဆဲ မို့လို့ ပိုပြီးတော့ကို ကြည့်ကောင်းသွားတော့တာ ဖြစ်ပါတယ်။ ဘေးဘက် က မြင်ရသလောက် ဆိုရင်တော့ ပိုပြီးတော့ သေသပ် တိကျတဲ့ အသွင်ကို မြင်ထားရတာ ဖြစ်ပြီး ခြုံကြည့်ရ ရင်တော့ ယခင်ကထက် ပိုကြီး လာလောက်ပါတယ်။ ဒါ့အပြင် Spoiler ကိုလည်း Tailgate နဲ့ သေသေ ချာ ချာ ပေါင်းစပ်ပေးထားပြီး ကိုယ်ထည်အရောင်နဲ့ တစ်ထပ်တည်း ဖြစ်နေစေမယ့် Chevrolet ဆိုတဲ့ စာသား အရှည်လေးကိုလည်း ကားအနောက်မှာ ထင်းနေအောင် ထည့်ပေးထား ပါသေးတယ်။ အနောက်ဘက် Fascia မှာ အကြီးမားဆုံး အပြောင်းအလဲကလည်း Taillight တွေပဲ ဖြစ်နေပါတယ်။ Cluster ပိုင်းကတော့ ယခင်ထက် ပိုတောင့်လာတဲ့ အသွင်နဲ့ ‌ယခင် နေရာမှာပဲ ထည့်ပေးထားသလို တကယ်ကို ထင်ရှားတဲ့ အနက် ရောင် ဘီးဖုံးတွေကိုလည်း မြင်ရမှာပါ။

Photo Credit: CARBUZZ

ပုံမှန်အားဖြင့် ဒီ ကားရဲ့ အားအနည်းဆုံး အပိုင်းကို ပြပါဆိုရင်တော့ အတွင်းခန်းပိုင်းက သိပ်ခေတ်မမှီပဲ ဆွဲ ဆောင်မှု အားနည်းနေတာပါ။ Toyota နဲ့ Ford တို့လို အဓိကပြိုင်ဘက်တွေက ပိုဆွဲဆောင်မှုရှိတဲ့ အတွင်း ခန်းတွေကို ပြထားနိုင်တာလည်းဖြစ်ပါတယ်။ ဒါပေမယ့် အခုကားအသစ်ကို မြင်ရသလောက်ကတော့ ယခင် နဲ့ မတူတဲ့ စတီယာတိုင်အသစ် ၊ Gauge Cluster ကိုလည်း ငွေရောင်လိုင်းလေးတွေကွပ်ပြီး လေးထောင့်ကျ ကျ လုပ် ပေးထားတာ တွေ့ရမှာပါ။ ကားတစ်စီးလုံး အသစ် ဖြစ်သွားမှာလား ၊ ဒါမှမဟုတ် ယခင်ကားရဲ့ GMT 31 XX Platform ပေါ်ပဲ အခြေခံ ထုတ်လုပ်လာမှာလား ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီ့မတိုင်ခင် အသစ် ထွက်ထားတဲ့ ကားဆီက 2.5 Liter Four-Cylinder အင်ဂျင်နဲ့ 3.6 Liter V 6 တို့ကို ဆက်ပြီး ယူဆောင်ပေးလာ နိုင်ဖို့တော့ မျှော်လင့်ရပါတယ်။ အခု ကားသစ်ကို မြင်ရဖို့ သိပ် စောင့်ရတော့မှာ မဟုတ်ပဲ လာမယ့် ဇူလိုင်လ ၂၈ ရက် မှာတင် တရားဝင်ကြေညာ မိတ်ဆက်လာတော့မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် လမ်းကြမ်းမောင်း ဈေးကွက်ထဲ အကြမ်းစား ကားအသစ် တစ်စီး ထပ်ဝင်လာပြီလို့ ဆိုနိုင် ပြီး Ranger Raptor အသစ်တို့အတွက် မျက်ခုံးလှုပ်စရာ ဖြစ်လာမလား ဆိုတာတော့ စောင့်ကြည့်ရတော့ မှာ ဖြစ်ပါတယ်။

Ref: carbuzz.com

Exit mobile version