MyCars Myanmar

စူပါကားရဲ့ တံခါးဒီဇိုင်းတွေ၊ ‌ဆိုင်ကယ်ဘက်မှန်ပုံမျိုးတွေနဲ့ ပွဲထွက်လာတဲ့ Aehra SUV ကားသစ်!

အီတလီ ကားထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုကတော့ သူတို့အတွက် ပထမဆုံးလျှပ်စစ်ကားကို ဇိမ်ခံ SUV အမျိုးအစား တစ်ရပ်အနေနဲ့ ထုတ်လုပ်ပေးလိုက်ပါတယ်။ Aehra SUV လို့ အမည်ရတဲ့ အဆိုပါကားကတော့ Gullwing လို အတောင်ပံ တံခါးတွေ ပါဝင်လာတဲ့ ပထမဆုံးသော SUV လည်း ဖြစ်လာခဲ့ပြီး Aehra ကားမှာတော့ Elytra လိုတံခါးတွေလို့ သီးသန့် အမည်ပေးထားတာ တွေ့ရပါတယ်။ အဆိုပါ လျှပ်စစ် SUV ကားအတွက် နောက်ထပ် ပိုထူးခြားစေတဲ့ ဒီဇိုင်းကတော့ ဘေးဘက်မှန် ခပ်ပါးပါးတွေဖြစ်ပြီး အရှေ့ရော အနောက်ရောက ခပ်တိုတို Overhang တွေကလည်း ကားရဲ့ ဒီဇိုင်းကို ပိုပြီး ‌ဆွဲဆောင်မှု ရှိလာစေတာပါ။ တကယ်တမ်းအပြောင်းအလဲ ကြီးကြီးမားမား ကတော့ တံခါးတွေဖြစ်နေပြီး ကျန်အပြင်အဆင် တွေကလည်း အတော်လေး လိုက်ဖက် ‌နေပါတယ်။

Photo Credit: AllAutoExperts

ကားရဲ့ ဘက်မှန် ဒီဇိုင်းတွေကို ဆိုင်ကယ်ပြိုင်ဘီးတွေရဲ့ ဒီဇိုင်းအတိုင်း မှီငြမ်းဖန်တီး ပေးထားပြီး Fastback Style ကား ကိုယ်ထည်ကြောင့်လည်း ကားရဲ့ အရှေ့လေကာ မှန်ကနေအမိုးအထိကို အတော်လေး ပြေပြေ ပြစ်ပြစ် ရှိစေပါတယ်။ ကားရဲ့ ခန့်ခန့်ထည်ထည် အပြင်အဆင်ကလည်း တော်တော်လေးကို ကြည့်ရတာ အဆင်ပြေစေပြီး ကားရဲ့ ရှေ့ဘီးနဲ့နောက်ဘီးကြား အကွာအဝေးကပါ ၁၁၈ လက်မ အထိ ရှိထားတာကြောင့် ခန့်ညားတဲ့ အသွင်ကို မြင်ရစေမှာပါ။

Photo Credit: AllAutoExperts

ကားရဲ့ စွမ်းဆောင်ရည်နဲ့ Range တွေကို အသေးစိတ် မသိရသေးပေမယ့် ကားရဲ့ ဒီဇိုင်းအရကို အရှေ့နဲ့အနောက် မှာ Aerodynamic ကောင်းစေမယ့် Aero Components အပိုင်းတွေ ပါဝင်လာတာကြောင့် ကားကို စွမ်းဆောင်ရည် အကောင်းဘက်ပဲ ရောက်နိုင်မှာပါ။ အခု Aehra SUV ကား အတွက်ကို Composite Material သားတွေ အတော် များများနဲ့ ဖန်တီးထားတာကြောင့် ပိုပြီးပေါ့ပေါ့ပါးပါး ရှိနေမယ်လို့လည်း ယူဆရ တာဖြစ်ပါတယ်။ အခု ကားရဲ့ ပုံရိပ် တွေနဲ့ ဒီဇိုင်းပိုင်းတွေကို ကုမ္ပဏီရုံးစိုက်ရာ အီတလီနိုင်ငံ ၊ မီလန်မြို့က‌ နေပြသခဲ့တာပါ။ ဒီကားအပြီး မြင်ရနိုင်တာ ကတော့ နောက်ထပ် စိတ်ဝင်စားစရာ လျှပ်စစ်ကား တစ်စီးပဲ ဖြစ်ပြီး အခု တစ်ခေါက်မှာတော့ Sedan ကားဖြစ်မှာ ဖြစ်ပြီး လာမယ့် ၂၀၂၃ ဖေဖော်ဝါရီ လောက်မှာ ဈေးကွက်ထဲ ဝင်လာနိုင်ပါတယ်။ အခုလို စီစဉ်ထားတဲ့ အတိုင်းသာ အလုပ် ဖြစ်ခဲ့မယ် ဆိုရင်တော့ အခု SUV နဲ့ Sedan ကားတွေကို လာမယ့် ၂၀၂၅ လောက် အရောက်မှာ စတင် ဝယ်ယူ လာနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts

Exit mobile version