MyCars Myanmar

800 hp အထိ စွမ်းဆောင်နိုင်မယ့် CR-V Hybrid ပြိုင်ကားဖန်တီးနေတဲ့ Honda!

ကားလောကရဲ့ နောက်ဆုံးသော သက်တမ်း ၁၀ နှစ် လောက်အတွင်း ဖြစ်ပေါ် တိုးတက်ပြောင်းလဲ လာခဲ့သမျှ တွေထဲက အရူးသွပ်ဆုံးသော ၊ မဖြစ်နိုင်ဆုံးသော ဖန်တီးမှု တစ်ရပ်လို့ ဆိုနိုင်မယ့် ကားတစ်မျိုးကိုတော့ Honda ကဖန်တီးနေပါတယ်။ ဒါကတော့ CR-V လိုကား တစ်စီးကို 800 hp အထိ စွမ်းဆောင်နိုင်မယ့် ပမာဏ နဲ့ ဖန်တီးပြနေတဲ့ CR-V ပြိုင်ကားတစ်မျိုးပါပဲ။ ဒီကားနဲ့ ပတ်သက်လို့ အတိအကျ ဘယ်လိုမျိုးဖန်တီးထားတာလဲ ဆိုတာကိုတော့ ‌လာမယ့် ဖေဖော်ဝါရီ လ ၂၈ ရက် နေ့မှာ တရားဝင်စတင် ချပြလာ ပါလိမ့်မယ်။ လောလောဆယ် မှာတော့ အဆိုပါ ကားကို CR-V Hybrid ပြိုင်ကားလို့ ခေါ်ဆို ထားနိုင်ပြီး Honda ရဲ့ Performance Development And Development Centers တွေဆီက အင်ဂျင်နီယာတွေ၊ ဒီဇိုင်း ပညာရှင်တွေအဖို့ တကယ့် လက်ရာကောင်း ဖန်တီးမှု တစ်ရပ်ဆိုတာ သေချာနေပါပြီ။

 

အခုလို SUV တစ်စီးကို ပြိုင်ကားအဖြစ် အကြမ်းစား ပုံဖော်ပေးနေတဲ့ Honda ရဲ့ အခုကားသစ် စီမံကိန်းထဲက Teaser ပုံရိပ် တစ်ချို့အရတော့ ကားရဲ့နေရာ တိုင်း ပါဝင်လာနေတဲ့ ကာဗွန်ဖိုက်ဘာ တွေကို မြင်ရပါလိမ့်မယ်။ အထူးသဖြင့် အရှေ့ဘက် Fascia နဲ့ ဘေးဘက် အနောက်ဘက်တံခါး တွေမှာဖြစ်ပြီး တံခါး အရှေ့ဘက်တွေမှာ လည်း Butterfly ပုံစံ Carbon တွေ ထည့်သုံးပေးထား ပါတယ်။ အနောက်ဘက်ကိုတော့ လုံးဝ အလုံပိတ် ဒီဇိုင်းအဖြစ် ပြောင်းပေးထား လိုက်ပြီး ယခင် အနောက်ဘက် ကလေးထိုင်ခုံတွေ အစားကိုလည်း အင်ဂျင်တွေ Chassis တွေက ပုံပြောင်းနေရာယူထား ပါတယ်။ လောလောဆယ် ပုံတွေ အရ ဖြစ်နိုင်ချေရှိတာ ကတော့ ကားရဲ့ အင်ဂျင် အသစ်ဟာ NSX ဆီမှာ သုံးဖူးတဲ့ V6 Hybrid အင်ဂျင် ပါပဲ။ အခု Teaser Video ရဲ့ တစ်ချို့ သော အပိုင်းတွေ မှာ ဆိုရင်လည်း V6 အင်ဂျင် တွေရဲ့ အမှတ်သညာ တီးလုံးသံတွေကိုပါ နောက်ခံ ထည့်ပေးထားတာကို သတိထားမိတာကြောင့် ပိုဖြစ်လာနိုင်ချေရှိ‌လို့ နေပါ တယ်။

Photo Credit: motor 1.com

အခုကားသစ်မှာ သိသိသာသာကို ပိုလာတာ ‌တွေကတော့ တစ်စီးလုံးရဲ့ ကာဗွန် ဖိုက်ဘာ အပိုင်းတွေ ချည်းပဲ ဖြစ်ပြီး အနောက်ဘက်မှာလည်း အတောင်ပံ အကြီးကြီး တစ်ခု ပါလာပါသေးတယ်။ ဒါ့အပြင် SUV တစ်စီးကို ပြိုင်ကား ပုံပေါက်လာအောင် လုပ်ရတာဖြစ်လို့ အမိုးကိုင်းတွေကိုလည်း ပေါ့ပေါ့ပါးပါးဖြစ် အောင် ဖန်တီးရသေးတာ ဖြစ်ပါတယ်။ နောက်ထပ် Scoops ‌တွေ ၊ လေဝင်ပေါက် တွေနဲ့ NACA Ducts အပိုင်းတွေကို တော့ Porsche 911 GT3 RS လိုမျိုး ယူသုံးထားပြီး အတွင်းခန်းထဲ မှာတော့ Formula one ရဲ့ စတီယာတိုင် ကို သုံးထားတာပါ။ လောလောဆယ် မှာတော့ အခုလောက်ပုံတွေကလွဲလို့ 800 hp အထိ စွမ်းဆောင်နိုင်တဲ့ Hybrid SUV ပြိုင်ကား တစ်စီးလို့ပဲ ဖော်ပြထားတာကြောင့် လာမယ့် ဖေဖော်ဝါရီ ၂၈ ‌ရက် အရောက် မှာမှ သေချာ သိရမှာပဲ ဖြစ်ပါ တယ်။

Ref: motor 1.com

Exit mobile version