MyCars Myanmar

600 hp စွမ်းဆောင်ရည်နဲ့ ပေါ့ပေါ့းပါးပါး ထွက်ပေါ်လာတဲ့ Canoo လျှပ်စစ်ကားလေး!

လျှပ်စစ်ကား ကုမ္ပဏီသစ်တွေထဲက တစ်ခုဖြစ်တဲ့ Canoo ကတော့ အခုဆိုရင် Cannot Light Tactical Vehicle လို့ အမည်ရတဲ့ ကားတစ်စီးကို မိတ်ဆက်လာခဲ့ပါတယ်။ အဓိက ကတော့ အမေရိကရဲ့ စစ်တပ်ကနေ လျှပ်စစ် စွမ်းအင်နည်းပညာကို ဘယ်လောက်အထိ သုံးနေပြီလည်း ဆိုတာကို အခုကားလေးက သက်သေခံလာတဲ့ သဘော ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

လက်ရှိ အချိန်ထိတော့ စမ်းသပ်ဆဲနဲ့ သရုပ်ပြဖို့လောက်ပဲ ထုတ်လုပ်ထားသေးတဲ့ အဆိုပါ ကားလေးဟာ ကုမ္ပဏီ ကနေ နောက်ထပ် ထွက်လာဦးမယ့် Pickup ကားတစ်စီးနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် အခုကားလေး က Single Cab အမျိုးအစားဖြစ်ပြီး ပိုမြင့်တဲ့ Suspension နဲ့ ၃၂ လက်မအရွယ် All-Terrain တာယာတွေကိုလည်း တွဲသုံးပေးထားပါတယ်။ စွမ်းဆောင်ရည် ပိုင်းမှာတော့ 500+ hp အထက်ထိကို ရှိနေတဲ့ Basic Model အပြင် All- Wheel Drive စနစ်နဲ့ ကားမျိုးကွဲ ဆိုရင်တော့ 600 hp ‌လောက် အထိကို စွမ်းဆောင်သွားနိုင်မှာလည်း ဖြစ်ပါတယ်။ အခု ကားသစ်လေးမှာတော့ D-Ring Attachment လို့ ခေါ်လို့ရမယ့် အရှေ့ ဘက် ဘန်ဘာအသစ် ပါဝင်လာခဲ့ပြီး အခြားသော ပြင်ဆင်မှုလေးတွေ လုပ်ထားတာကို တွေ့ရနိုင်ပါသေးတယ်။ အနောက်ဘက် မှာကတော့ ကိုယ်လို သလို စိတ်ကြိုက်ပြင်ဆင်လို့ ရစေမယ့် Bed ပုံစံကိုထည့်ပေးထား ပြီး ကားရဲ့ ကိုယ်ထည်ပိုင်းကတော့ ခရီးသည်တွေ လုံခြုံဖို့နဲ့ ဘက်ထရီပိုင်း မထိခိုက်စေဖို့ ရည်ရွယ်တာ တွေ့ရမှာပါ။

ဒါ့အပြင် အခုကားမှာ သုံးထားတဲ့ ကာဗွန် Kevlar အပိုင်းတွေကလည်း ကားရဲ့ အတော်လေး ပြောင်းလွယ်‌ပြင်လွယ် တဲ့ အောက်ခြေပြား Platform နဲ့ပါ အတော်လေး လိုက်ဖက်နေတာ တွေ့ရပါတယ်။ အဆိုပါ Platform ကလည်း Pickup ကားပဲဖြစ်ဖြစ် ၊ အောက်ခြေပြား Truck ကားတို့အပြင် ကုန်တင် Van ကားအဖြစ်နဲ့ပါ မျိုးစုံ ထုတ်လုပ် နိုင်သေးတာ ဖြစ်ပါတယ်။ အခု ကားသစ်လေးကတော့ ကုမ္ပဏီ အတွက်ကိုလည်း နည်းပညာပိုင်းအရ တကယ်ကို အရေးပါတဲ့ ကားလေးဖြစ်လာနေပြီ ဖြစ်ပါတယ်။

Ref: AllAutoExperts

Exit mobile version