MyCars Myanmar

ဒီဇိုင်နာ တစ်ဦးရဲ့ ခန့်မှန်းလက်ရာနဲ့ လှပနေတဲ့ 2025 Toyota Celica ကား ဖြစ်နိုင်ဖွယ်ဒီဇိုင်း!

Toyota ရဲ့ Celica ကားလေးကို သဘောကျ နှစ်ခြိုက်ကြသူတိုင်းကတော့ တစ်ချိန်ချိန်မှာ ကုမ္ပဏီ ဘက်ကနေ မျိုးဆက်သစ် ကားလေးအဖြစ် ထုတ်ပြလာဦးမယ်လို့ ယုံကြည် မျှော်လင့်ထားကြဆဲ ဖြစ်ပါတယ်။ အခုလို မျှော်လင့် နေကြတဲ့ Celica ကား ပရိသတ်တွေထဲ Professional Car Designer တစ်ဦးဖြစ်သူ Alexis Poncelet ဆိုသူလည်း အပါအဝင်ပါပဲ။ ဒါကြောင့် သူ့ရဲ့ကား ဒီဇိုင်းပညာနဲ့ အဆိုပါ Celica ကားသစ်ရဲ့ ဖြစ်နိုင်ဖွယ်ဒီဇိုင်းကို ခန့်မှန်း ဖန်တီးပြခဲ့ပါတယ်။

Photo Credit: AllAutoExperts

လောလောဆယ်မှာတော့ Poncelet က တရုတ်ရဲ့ ကားထုတ်လုပ်ရေးလုပ်ငန်းကြီး GAC မှာ အလုပ်လုပ်ကိုင်နေတာ ဖြစ်ပေမယ့် အားလပ်ချိန်တွေမှာ ဆိုရင်တော့ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ကိုယ်ပိုင်ဒီဇိုင်း ပုံရိပ် တွေကို ဖန်တီး နေကြလည်း ဖြစ်ပြန်ပါတယ်။ ဒါကြောင့် အခု နောက်ဆုံးမှာ Celica T250 လို့ အမည်ပေးထားတဲ့ ဒီဇိုင်း ကိုဖန်တီးပြထားပြီး အတော်လေးလည်း အချိန်ပေးခဲ့ ရတယ်လို့ သိရပါတယ်။ Poncelet ကတော့ အခု ဒီဂျစ်တယ် ကားလေး ရဲ့ Bosozoku Version ကိုလည်း ဖန်တီးပေးခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ အဆိုပါ ဒီဂျစ်တယ် ကားလေးကိုပဲ ဒီဇိုင်း ပိုကောင်းလာအောင် ပြန်လည် ပြင်ဆင်မှုတွေလုပ်ဖို့ ဆုံးဖြတ်ခဲ့ ပြန်ပါတယ်။ ဒီဂျစ်တယ်နဲ့ ဖန်တီးထားတဲ့ အဆိုပါ ကားဒီဇိုင်းလေးကတော့ သာမန်ထက် ပိုရှည် ၊ ပိုကျယ်သလို ကိုယ်ထည်ကလည်း ပိုနိမ့်တာ တွေ့ရမှာပါ။ Greenhouse နဲ့ ကိုယ်ထည် အပြင်အဆင် ဒီဇိုင်း တွေကလည်း ပြီးခဲ့တဲ့ ၇ ခုမြောက် မျိုးဆက် Toyota Celica ကိုမှ တကယ့်ကို ခေတ်လွန် အပြင်အဆင် ဖြစ်သွားစေတော့တာပဲ ဖြစ်ပါတယ်။ အဓိက ကတော့ ကားရဲ့ အမှတ်ရစရာ လက်ရာနှစ်ခုအဖြစ် Greenhouse နဲ့ အပြင်ဘက် ဒီဇိုင်းတို့က သက်သေပြနေခဲ့တာပါ။

Photo Credit: AllAutoExperts

ကားမှာ တပ်ဆင်ပေးထားတဲ့ အတော်လေး ကြီးမားတဲ့ ကာဗွန်ဖိုက်ဘာ Splitter ၊ အတော်လေးရှည်တဲ့ ဘေးဘက် Side Sills တွေအပြင် ဘေးဘက်မှာပဲ တပ်ဆင်ပေးထားတဲ့ အိတ်ဇောပိုက် တွေကြောင့် ကားကို အရှေ့တည့်တည့် ကနေ ကြည့်လိုက်တာနဲ့တင် အတော်လေးကို ခပ်ကျယ်ကျယ် ကိုယ်ထည်ပုံပေါက်စေတာပဲ ဖြစ်ပါတယ်။ အနောက်ဘက် မှာလည်း Celica ကားသစ် အတွက် စိတ်ကူးယဉ် ပုံဖော်ထားတဲ့ အလျား လိုက် LED Taillight တွေ ၊ လုံးဝ အသေတပ်ဆင်ပေးထားမယ့် အနောက်ဘက်က တောင်ပံကြီးအပြင် Diffuser လည်း ပါဝင်လာသေးတာ ကြောင့် အတော်ကို ပြီးပြည့်စုံတဲ့ ဒီဂျစ်တယ် ကားဒီဇိုင်း တစ်ခုအဖြစ် မြင်တွေ့နေနိုင်တာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts

Exit mobile version