MyCars Myanmar

Sport ဆန်တဲ့အရသာနဲ့ မြင်တွေ့လာရတဲ့ 2024 Volkswagen Passat!

ကားဈေးကွက်ထဲမှာ အရွယ်အစား အလယ်အလတ် ရှိတဲ့ Sedan ကားတွေရဲ့ ရောင်းအား ကျဆင်းလာနေ တဲ့ အတွက် ကား ကုမ္ပဏီတွေ အတော်များများကလည်း သူတို့ရဲ့ အဆိုပါကားတွေကို ဈေးကွက်တွေ ကန့် သတ်တာတို့ ဆက်လက် မထုတ်လုပ်တော့တာ မျိုးတွေ အထိရှိလာနေပါတယ်။ နာမည်ကြီး Volkswagen အနေနဲ့တော့ လက်ရှိမျိုးဆက် Passat ကို ဈေးကွက်ထဲ ဦးစားပေးဖို့စီစဉ်နေပေမယ့် သူတို့ရဲ့ နာမည်ကျော် ခဲ့တဲ့ ကားတစ်စီး ကိုလည်း အလွယ်တကူ မပစ်ချခဲ့ရက် ဖြစ်နေတာပါ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ ဥရောပ ‌ကားဈေးကွက်အများစု အရတော့ Volkswagen ဟာ Sedan ကားတွေကို ရပ်တန့်အနားပေးပြီး Wagon အမျိုးအစားတွေနဲ့ပဲ အစားထိုး ပေးလာရဖို့ များနေပါတယ်။ ဒီလိုသာ ဆိုရင်တော့ Wagon ကိုယ် ထည်နဲ့ Passat Variant လို့ လူသိများတဲ့ ကားကတော့ ဥရောပဈေးကွက်မှာတင် Sedan Type ရောင်းအား ကို ပြန်ကျော်လာဖို့ ရှိနေပါတယ်။ အခု ဆိုရင်တော့ အဆိုပါ ရောင်းအား ကောင်းလာနိုင်တဲ့ Passat အသစ် ရဲ့ ကားကိုယ်ထည်ပုံကြမ်းကို ထွက်ပေါ်ထားခဲ့တဲ့ Spy Shots တွေကို အခြေခံကာ ဖန်တီးလာခဲ့ကြပြီ ဖြစ်ပါ တယ်။  အထူးသဖြင့် အဆိုပါ မျိုးဆက်သစ် Passat Variant Wagon ကားကိုတော့ ထုတ်လုပ်ဖို့ အဆင်သင့် ဆိုတဲ့ အနေအထား မျိုးနဲ့ မြို့တွေထဲ မောင်းနှင်စမ်းသပ်နေခဲ့တာ ကြာပါပြီ။ ဒါပေမယ့်လည်း ကားကတော့ ပုံရိပ်ယောင် အဖြစ်နဲ့သာပြသပြီး ဒီဇိုင်း မမြင်နိုင်အောင် မျက်လှည့် ပြထားခဲ့တာ ဖြစ်ကာ အခုတော့ ဒီပုံစံ ကို အနီးစပ်ဆုံး တူညီလာစေဖို့ အတွက် Kolesa.ru တို့က အကောင်းဆုံး ဖန်တီး ပြလိုက်ပါပြီ။

Photo Credit: motor 1.com

အဆိုပါ ပုံကြမ်းမှာကတော့ လက်ရှိ ဈေးကွက်ထဲ ရှိနေတဲ့ Passat မျိုးဆက်ကို အခြေခံ ရေးဆွဲထားတာ ဖြစ်ပြီး အရှေ့ ဘက်မှာတော့ Golf ကားမှာလိုမျိုး အပေါ်ဘက်ကို တက်နေတဲ့ Headlight တွေ ထည့်ပေး ထားပါတယ်။ ဒါ့အပြင် အရမ်းကြမ်းတယ် ဆိုတဲ့ ပုံစံမျိုး မပေါက်ပေမယ့်လည်း တရုတ်ဈေးကွက် ထဲမှာသာ သီးသန့် ရတဲ့ Lamando L တို့လို့ အစိတ်အပိုင်းတွေကိုလည်း ထည့်ထားတာ တွေ့ရပါတယ်။ Render ပုံကြမ်းမှာကတော့ Spy Shots တွေမှာ မြင်ခဲ့ ရတဲ့ အတိုင်းပဲ ပိုပြီးပါးလျပြီး အနောက်ကို လျှောဆင်းသွားတဲ့ အမိုးနဲ့ ပိုရှည်တဲ့ ပြတင်းပေါက်တွေကိုပဲ ဆက်ပြီး မြင်တွေ့လာ ရပါတယ်။ အနောက်ဘက်မှာ ဆိုရင်တော့ Taillight က အပြည့်ဖြစ်လာနိုင်ကာ Tailgate ရော Opening အကျယ်တို့ရော ပါဝင်လာဖို့ များနေပါ တယ်။ အခု ပုံကတော့ ဘယ်လို ကားအမျိုးအစားအတွက် ဆိုတာ အသေးစိတ် ခွဲခြား ရခက်ခဲနေသေးပြီး ပုံကြမ်းအရတော့ R-Line Model ဖြစ်ဖို့ များနေပါတယ်။ လက်ရှိ အချိန်အထိတော့ အဆိုပါ မျိုးဆက်သစ် Passat ကားဖန်တီးနေတာ အစောပိုင်းအဆင့်ပဲ ရှိသေးတာကြောင့် အင်ဂျင်ပိုင်းတွေနဲ့ ပတ်သက်လို့ အနည်း ငယ်ပဲ သိရသေးပြီး Mild-Hybrid Gas အင်ဂျင် ၊ Plug-In Hybrid နဲ့ ဥရောပ အတွက်  ဒီဇယ်အင်ဂျင် အမျိုးအစားတို့လည်း ပါဝင်လာနိုင်တယ်ဆိုတာ လောက်တော့ သိထား ရပါတယ်။  အမေရိက ဈေးကွက်နဲ့ ပတ်သက်လာရင်တော့ အဆိုပါ ကားရဲ့ အနာဂါတ်ကို ကောင်းကောင်းမသိရသေးပဲ Alltrack Version တစ်မျိုးကိုလည်း Crossover အတွက် ထည့်ပေးလာသင့်တယ်လို့ မျှော်လင့် ရပါတယ်။ အဆိုပါ Passat ကား အတွက် ကတော့ အမေရိက ဈေးကွက်မှာ ဆိုရင် အခု ၂၀၂၂ မော်ဒယ်ကစလို့ ရပ်နားလိုက်ပြီ ဖြစ်ပြီး တံခါးလေးပေါက်ပါ ကားကို လိုချင်သေးတယ် ဆိုရင်တော့ ပိုသေးတဲ့ Jetta ဒါမှမဟုတ် Arteon လောက် ကိုပဲ ရှာဝယ်နိုင်တော့မှာပါ။ တကယ်လို့ Passat ဆိုတဲ့ နာမည်နဲ့ ကားကိုပဲ လိုချင်တာ ဆိုရင်တော့ တရုတ် ဈေးကွက် ထဲမှာပဲ အသစ်အနေနဲ့ ကောင်းကောင်းရှာဖွေ နိုင်တော့မှာ ဖြစ်ပါတယ်။

Ref: motor 1.com

Exit mobile version