MyCars Myanmar

လိုချင်စရာ တွေအပြည့်နဲ့ ချစ်စရာ ကောင်းနေမယ့် 2024 Toyota Compact Cruiser ကားလေး!

ဟိုက်ဒရိုဂျင် အမျိုးအစားတွေနဲ့ Hybrid ကားတွေအပေါ် ခဏလောက် လှည့်မကြည့်ထားသေးတဲ့ Toyota ကုမ္ပဏီကြီး ကတော့ အခုဆိုရင် လျှပ်စစ်ကားတွေ ဘက်ကိုပဲ အများနည်းတူ ဦးလှည့်လာနေပါပြီ။ အဆိုပါ လျှပ်စစ်ကား ဈေးကွက် ထဲ တိုက်ရိုက် ပြောင်းလဲလာနိုင်တာကတော့ 2023 Toyota Compact Cruiser အသစ်ဖြစ်ပြီး ၂၀၁၄ ကတည်းက ဈေးကွက်ထဲ မရတော့တဲ့ FJ Cruiser ‌ကားလေးနေရာမှာ အစားထိုးဝင်လာမယ့် အမှတ်တရ ကားလေးဖြစ်လာ နိုင်ပါတယ်။ အဆိုပါ Compact Cruiser ကားလေးကတော့ ပုံတွေထဲ မြင်ရသလောက် ခပ်သေးသေး လျှပ်စစ် Off- Road ကားကောင်းလေးတစ်စီး ဖြစ်ပြီး Suzuki Samurai ကားလေးတို့လို ၁၉၉၀ ခုနှစ်တွေဆီက အရသာလေး ရအောင်လည်း ပြန်ဖန်တီး ပေးထားနိုင်တာ တွေ့ရပါတယ်။ အဆိုပါ ကားလေးမှာတော့ တံခါးလေးပေါက်ပါပြီး မြေပြင် ကနေ အတော်လေးလွတ်တဲ့ ခပ်မြင့်မြင့် အနေအထားရှိနေကာ Bumpers တွေ All-Terrain တာယာတွေနဲ့ အတော် လေး ကြည့်ကောင်းတဲ့ Skidplate တွေလည်း ပါဝင်လာနိုင်ကာ လမ်းကြောင်း မောင်းကောင်းတဲ့ ပုံစံလေးဖြစ်တယ် ဆိုတာတော့ သေချာပါတယ်။ လက်ရှိမှာတော့  လျှပ်စစ်ကား ဈေးကွက် ခိုင်ခိုင်မာမာ စတင်ဝင်လာနေပြီ ဖြစ်တဲ့ Toyota က လာမယ့် ၂၀၂၅ အရောက်မှာ လျှပ်စစ်ကားသစ် ၁၀ မျိုးအထိ ချပြနိုင်မယ်လို့ ကတိပေးထားကာ အခု Compact Cruiser လေးကလည်း အဆိုပါ ကားတွေထဲက တစ်စီး ဖြစ်နိုင်ပါတယ်။ လက်ရှိ ထွက်ထားတဲ့ လျှပ်စစ်ကား 2023 Toyota bZ4X မှာတော့ ယခင် Toyota ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ပုံစံမျိုးတွေကိုပဲ သုံးထားခဲ့တာပါ။

Photo Credit: Motor Trend

ဒါပေမယ့် အခု Compact Cruiser အသစ်မှာတော့ ယခင်မြင်ထားရတဲ့ Concept ပုံရိပ်တွေအရ လမ်းကြမ်းမောင်း ပရိသတ်တွေ လုံးဝ အကြိုက်တွေ့နိုင်တဲ့ဘက်ကို ဦးစားပေးဖန်တီး ပေးထားနိုင်ပါတယ်။ အထူးသဖြင့် ယခင် Land Cruiser တို့လို ပုံမျိုးကိုမှ အခုလက်ရှိ ခေတ်ပေါ်သစ်လွင်တဲ့ အပြင်အဆင်တွေနဲ့ ဆန်းသစ်ပေးလာတာ မျိုးဖြစ်နိုင်နေ ပါတယ်။ လက်ရှိမှာတော့ အဆိုပါ Compact Cruiser ရဲ့ သုံးလာမယ့် အပိုင်းတွေ အကြောင်း သေချာမသိရ သေးပေမယ့်လည်း bZ4X နဲ့ Subaru Solterra တို့မှာ သုံးထားခဲ့တဲ့ Toyota ရဲ့ e-TNGA Platform အသစ်ကိုပဲ အခြေခံသုံးလာနိုင်မယ်လို့ မျှော်လင့် ရပါတယ်။ အဆိုပါ Compact Cruiser မှာတော့ လျှပ်စစ်မော်တာ ၂ လုံးတပ်ပြီး All-Wheel Drive စနစ်နဲ့ ပွဲထွက်လာ နိုင်တာကြောင့် 250 hp ဝန်းကျင် စွမ်းဆောင်ရည် လောက်ကိုတော့ မျှော်လင့်လို့ရလာနိုင်ပါတယ်။ တကယ်သာ ဒီလို ဆိုရင်တော့ တစ်ခါ အားသွင်းထားရင် အများကြီး မောင်းနိုင်တဲ့ ပမာဏမျိုးတော့ မျှော်လင့်ထားလို့ မရနိုင် လောက်သေးပါဘူး။ အကြောင်းကတော့ ဒီထက် ပိုပြီး Aerodynamic ပိုင်း ပိုကောင်းတဲ့ bZ4X တောင်မှ တစ်ခါ အားသွင်းထားရင် ၂၂၂ မိုင် အထိပဲ ရထားတာကြောင့် ဖြစ်ပါတယ်။

Ref: MotorTrend

(20) ကမ္ဘာ့ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေနဲ့ သူတိုစီးတဲ့ ကားအကောင်းစားတွေ -၂ – YouTube

Exit mobile version