MyCars Myanmar

ခန့်ခန့်ညားညား လျှပ်စစ်ကားသစ်ကြီး တစ်စီးအနေနဲ့ မြင်ရမယ့် 2024 Lancia Ypsilon!

Lancia ရဲ့ အဆိုအရတော့ Brand New ကားသစ်အဖြစ်  Lancia Ypsilon ကားသစ်ကို ၂၀၂၄ မှာ ချပြ ပွဲထုတ်လာမယ်လို့ သိရပါတယ်။ အခုဆိုရင်တော့ အဆိုပါ ကားအတွက် ကြိုတင်ခန့်မှန်း ပြင်ဆင်ကြည့်ကြတဲ့ ဒီဂျစ်တယ် ပုံရိပ်ကြမ်း တစ်ရပ်က ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ ပုံကြမ်းအရတော့ အီတလီ ရဲ့ နာမည်ကျော်ကား ကုမ္ပဏီ တစ်ရပ်အနေနဲ့ လန်းလန်းဆန်ဆန်း ၊ ခန့်ခန့်ညားညား ဒီဇိုင်းပုံစံသစ်တစ်ရပ်ကို ချပြလာဖို့ ရှိနေတာပါပဲ။

Photo Credit: AllAutoExperts

Stellantis ကုမ္ပဏီ ရဲ့ Platform ပေါ်မှာ အခြေခံ ပွဲထုတ်လာမယ့် အဆိုပါ Lancia Ypsilon ကားသစ်ကိုတော့ လျှပ်စစ် စွမ်းအင် သီးသန့်သုံး Supermini ကားလေးအနေနဲ့  မြင်ရနိုင်ပါတယ်။ ဒါ့အပြင် Maltese Design ရဲ့ ဒီဇိုင်း ပိုင်း အပြင်အဆင်အသစ် တွေနဲ့ Crossover ပုံစံလေးလည်း ပေါက်လာနိုင်တာ တွေ့ရမှာပါ။ ကားရဲ့ အရှေ့ဘက် Fascia ပိုင်းကတော့ တကယ်ကို ရိုးရိုးရှင်းရှင်းပဲ ပြင်ဆင်ထားတာ ပုံကြမ်းထဲမှာ မြင်တွေ့ရပြီး LED Headlamps ခပ်ပါးပါး ၊ မီးရောင်လေးတွေနဲ့ Grille တို့လည်း ပါဝင်လာဖို့ ရှိပါတယ်။ ကားရဲ့ ဘန်ဘာမှာလည်း လေဝင်ပေါက်လေး တွေ ခပ်ပါးပါးပါဝင်ပြီး အင်ဂျင်စက်ဖုံး တစ်လျှောက်မှာလည်း Dynamic Lines ခပ်လန်းလန်းလေးတွေကို ထည့်ပေးထားဖို့များတာ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

အခု ပုံကြမ်းအနေနဲ့တော့ တကယ်ကြီးမားတဲ့ အနောက်ဘက် လေကာမှန်ကြီး ပါဝင်လာပြီး ၊ Lancia ရဲ့ Supermini ကားတွေထဲမှာ အမှတ်သညာ တစ်ခုလည်း ဖြစ်တာကြောင့် တကယ့်လက်တွေ့မှာလည်း မှန်ကန် လာနိုင်ပါတယ်။ အဆိုပါ ကားမှာသုံးလာမယ့် Stellantis ရဲ့ eCMP Platform ကိုတော့ DS 3 E-Tense ၊ Peugeot e-2008  နဲ့ Opel Mokka-e ဆိုတဲ့ ကားတွေမှာလည်း စတင်အသုံးပြုခဲ့ပြီး ဖြစ်ပါတယ်။ အခု ထွက်လာမယ့် ကားသစ်မှာတော့ ဒီဇိုင်းပိုင်းတင်မကပဲ  စက်ပိုင်းဆိုင်ရာအရကို တော်တော်လေး ‌အပြောင်းအလဲ လုပ်လာနိုင်ပါတယ်။ တကယ်သာဆိုရင်တော့ စွမ်းဆောင်ရည်ပိုင်းကတော့ 154 hp နဲ့ 191.8 lb-ft Torque လောက် အထိကို တိုးတက်လာနိုင်ပြီး 54 kWh Battery ကြောင့်လည်း တစ်ခါအားသွင်းထားရင် မိုင် ၂၅၀ လောက်အထိ မောင်းနိုင်မယ် လို့ သိထားရတာကြောင့် လက်တွေ့ကိုတော့ စောင့်ကြည့်ကြရမှာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts

Exit mobile version