Hyundai Kona ကားအသစ်ကို အေးခဲနေတဲ့ ရာသီဥတုထဲ စမ်းသပ်နေခဲ့တဲ့ ပုံရိပ်တစ်ချို့ အခုနှစ် အစောပိုင်းတုန်းက ပဲ ထွက်ပေါ်လာ ခဲ့ပါသေးတယ်။ အဆိုပါ ပုံရိပ်တွေမှာတုန်းကတော့ Camouflage တွေအပြည့် အုပ်ထားဆဲ ဖြစ်တာ ကြောင့် ဒီဇိုင်းပိုင်းကိုရိုးရိုးပဲ ခန့်မှန်း ကြည့်လို့ ရနိုင်ခဲ့တာပါ။ ဒါပေမယ့် အခုဆိုရင်တော့ NYMammoth ဆိုတဲ့ Digital Artist တစ်ယောက်ကနေ အခု ကားရဲ့ ဒီဂျစ်တယ် ပုံကြမ်းတစ်ရပ်ကို ချပြလာခဲ့ပြီဖြစ်ပြီး သေချာတာကတော့ Split Headlight Design ဖြစ်လာတဲ့အပြင် ယခင် Venue တို့မှာလိုမျိုး Hyundai SUV တွေထဲကဒီဇိုင်း အပြောင်းအလဲတွေ များလာတာကိုလည်း တွေ့မြင်ထားရပါတယ်။ အနက်ရောင် ဘီးအကာတွေကတော့ အရှေ့ဘက် ဘန်ဘာနဲ့ ဆက်ထားတဲ့အသွင် ဖြစ်သွားကာ Headlight ကြီးကတော့ Faux Air Vent နဲ့ အတူတူ ဖန်တီးပေးထားပါတယ်။ ဒါ့အပြင် A ပုံစံ Grille ကလည်း ယခင်ကထက်ကို ပိုကြီးနေခဲ့တာကြောင့် ကားကတော့ ကြည့်လိုက်တာနဲ့တင် ပိုပြီး Aggressive ဆန်တဲ့ မျက်နှာစာရုပ်ထွက်ဖြစ်လာနေခဲ့ပါတယ်။ LED Daytime Running Lights တွေကိုလည်း အနက်ရောင် Strip နဲ့ တွဲဖက်ထားတာကြောင့် အရှေ့ဘက်က Staria Minivan မှာ တုန်းက မြင်ခဲ့ရတဲ့ခေတ်လွန် ဒီဇိုင်းလိုမျိုးတောင် ဖြစ်လာခဲ့ပါတယ်။ အရှေ့ဘက် ဘန်ဘာအောက်က Air Vents တွေကလည်း ငွေရောင် အနားသတ် လေးတွေနဲ့ အတော်လိုက်ဖက်နေကာ Vast ကို ဖြတ်ပြီး အနက်ရောင်တွေနဲ့ ဆင်ထားတာ ကလည်း Grille နဲ့ ပါတွဲပြီး သားဖြစ်နေတဲ့ အပြင်အဆင် ဖြစ်နေပါတော့တယ်။
တကယ်လို့ နောက်ဆုံး တရားဝင်ထွက်ပေါ်လာမယ့် ဒီဇိုင်းကသာ အခုအတိုင်း ထပ်တူညီနေခဲ့မယ် ဆိုရင်တော့ Hyundai အနေနဲ့ သာမန် ကနေ ခွဲထွက်လာတဲ့ ခန့်ညားထည်ဝါပြီး အကြမ်းခံ ဒီဇိုင်းမျိုး ဘက်ကို ပိုသွားနေပြီ ဆိုတာ သေချာလာပါလိမ့်မယ်။ ဒါပေမယ့်လည်း မနှစ် ကမှ အဆိုပါ ကားရဲ့ Refresh Model ကို ရထားတာကြောင့် အရမ်းကြီး မော်ဒယ်အသစ် တစ်ရပ်လို အများကြီး ပြောင်းလာဖို့တော့ မျှော် လင့်လို့ မရသေးပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် အသစ်ထွက်လာမယ့် Kona ကတော့ Spy Shots တွေကတည်းကတောင် ခပ်ကြမ်းကြမ်း အနောက်ဘက် ဒီဇိုင်း ၊ ခပ်ပါးပါးလျလျနဲ့ အပေါ်ဘက်နားမှာ တပ်ဆင်ထားမယ့် Taillamps တွေ ပါလာမယ် ဆိုတာတော့ သိထားနှင့်ပြီး ဖြစ်ပါတယ်။ လက်ရှိမှာတော့ Hyundai အနေနဲ့ အခု ကားတစ်စီးတည်းကိုပဲ အဆင့်မြှင့်တင် ပြောင်းလဲပေးနေတာ မဟုတ်ပဲ Range အမြင့် ကားတစ်စီး ဖြစ်တဲ့ Palisade ကိုလည်း အသစ် ထုတ်လုပ်ဖို့ စမ်းသပ် နေပြီ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်း အရတော့ လက်ရှိ Brand ထဲမှာ အကောင်းဆုံး ဖြစ်နေတယ်လို့ ဆိုလို့ရတဲ့ Tucson SUV ရဲ့ ပုံစံကိုပဲ ဆက်တိုက် လိုက်လာနိုင်ဖို့ ရှိပါတယ်။
လက်ရှိမျိုးဆက် Kona ကိုတော့ ပုံစံ ၃ မျိုး ရွေးချယ်နိုင်အောင် စီစဉ်ပေးထားပြီး Base Model ရဲ့ MSRP ဟာ ဆိုရင် တော့ $ 21,300 ပဲ ကျသင့်တာပါ။ ဘက်ထရီ ပါဝင်လာတဲ့ နောက်တစ်မျိုးကတော့ $ 34,000 ဖြစ်လို့ ပို ဈေးကြီးပါတယ်။ ဒါပေမယ့်လည်း တကယ်ကိုရွေး ချယ် လို့ကောင်းတဲ့ လျှပ်စစ်ဘက်ထရီ ကားတစ်စီး အနေနဲ့ ကတော့ ဒီဈေးတန်းက မဆိုးလှဘူးလို့ ပြောလို့ရပြီး အားနည်းချက်လေး တစ်ခု ကတော့ ဘက်ထရီပိုင်း မီးလောင်နိုင်ခြေရှိနေတယ် ဆိုတဲ့ မသေချာတဲ့ တစ်ချက်ကြောင့် တစ်ချို့ကားတွေ ပြန်သိမ်း ခဲ့ရဖူးတာပါပဲ။ ဒါကိုမှ စွမ်းဆောင်ရည် အကောင်းဆုံးကိုပဲ လိုချင်ပါတယ် ဆိုသူတွေ အတွက်တော့ $ 34,200 နဲ့ Kona N ရှိနေပြီး ခပ်မြင့်မြင့် ကိုယ်ထည် နဲ့အတူ 276 hp အထိ ရှိတဲ့ ကားကောင်းတစ်စီး ဖြစ်ပါတယ်။ သေချာယှဉ်ကြည့်မယ် ဆိုရင် လည်း အဆိုပါ ကားကတော့ ရေရှည်အတွက် ကောင်း တဲ့ ကားတစ်စီးလို့ ဆိုနိုင်ပြီး Golf GTI နဲ့တောင် ယှဉ်လာတဲ့ ကား ဖြစ်ပါတယ်။ တကယ်တော့ နောက်ထပ်မျိုးဆက်သစ် Kona ကားတွေ အတွက်ကို ယခုလက်ရှိ Kona မျိုးဆက် တွေရဲ့ စွမ်းဆောင်ရည် ရောင်းအားတွေ အပေါ်ကပဲ ဆက်လက် ဆုံးဖြတ်သွားနိုင်ပြီး ဘယ်လိုပဲ ဖြစ်ဖြစ် အခုဒီဇိုင်း အတိုင်းသာ ဆိုရင်တော့ ဈေးကွက်ထဲက အနိုင်ရသူတစ်ဦးဖြစ်လာနိုင်မှာ အသေအချာပါပဲ။
Ref: carbuzz.com
