MyCars Myanmar

ဒီဂျစ်တယ်ပုံကြမ်း ထွက်ပေါ်လာပြီဖြစ်တဲ့ 2024 Audi Q5 !

နာမည်ကျော် Audi ဆီကနေ အခုနောက်ပိုင်း ထွက်လာမယ့် ကားတိုင်းကတော့ အမျိုးအစားအလိုက် နောက်ဆုံးသော ဓာတ်ဆီ ဒီဇယ်အင်ဂျင် ကားမျိုးဆက်တွေ ဖြစ်လာ နိုင်ပါတယ်။ ကုမ္ပဏီ ဘက်ကတော့ သူတို့ရဲ့ သာမန် အင်ဂျင်သုံး ကားတွေကို လာမယ့် ၂၀၃၃ မှာတင် ရပ်တန့်ပစ်ဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပြီး တရုတ်ဈေးကွက် ထဲမှာတော့ ဈေးကွက်ဝယ်လိုအားပေါ် မူတည်ပြီး နည်းနည်းဆွဲဆန့်ထားနိုင် ပါသေးတယ်။ အခုဆိုရင်တော့ TFSI နဲ့ TDI အင်ဂျင်တွေရဲ့ နောက်ဆုံးသော ကားမျိုးဆက်ဖြစ်လာနိုင်တဲ့ တတိယမြောက် မျိုးဆက် Q5 ကားကို လာမယ့် ၂၀၂၃ မှာတင် ထုတ်လုပ် ပေးလာတော့မှာ ဖြစ်ကာ အခုဆိုရင်တော့ Spy Shots တွေအပေါ် အခြေခံ ဖန်တီးထားတဲ့ Digital ပုံကြမ်း တစ်ခုတော့ ထွက်ပေါ်လာ ခဲ့ပါပြီ။ ကားရဲ့ အရှေ့ ဘက် Fascia ပိုင်းမှာတော့ Audi ရဲ့ မကြာသေးမီကမှ မြင်ထားရတဲ့ လျှပ်စစ် Crossover Q4 E-Tron ဆီ က ဒီဇိုင်းပုံစံတစ်ခု နှစ်ခုလောက် ပြန်လည်ယူဆောင် လာနိုင်ပါတယ်။ Camouflage အုပ်ထားတဲ့ စမ်းသပ် ဆဲ ယာဉ်အဆင့်တွေမှာ ကတည်းကကို အခု ကားရဲ့ ကိုယ်ထည် အရွယ်အစားက ယခင်ထက် ကြီးလာတာ သိသိသာသာပဲ ဖြစ်ပြီး ဘက်ကြည့်မှန်တွေကိုလည်း A-Pillar အောက်နားမှာ တပ်ဆင်ထားပါတယ်။ ယခင် Q5 မျိုးဆက်တုန်း ကတော့ အဆိုပါ ဘက်ကြည့်မှန်တွေက ယာဉ်မောင်း နားနည်းနည်း ပိုနီးတာကို သတိပြု မိမှာ ပါ။

Photo Credit: motor 1.com

နောက်ထပ် အပြောင်းအလဲ တစ်ရပ်ကတော့ တံခါးလက်ကိုင်တွေကို ယခင်မျိုးဆက်ထက် နည်းနည်းအပေါ် ထပ်တင် ပေးလိုက်တာဖြစ်ပြီး အပေါ်က Character Line တွေ ကလည်း ယခင် ထက်အောက် လေးနည်းန ည်းကျလာ ပါတယ်။ အနောက်ဘက် ကတော့ ခပ်ကျဉ်းကျဉ်း အသွင်နဲ့ Conventional ပိုဆန်တဲ့ နောက်ဖုံး ကို တွေ့မြင်ရပြီး ယခင် မျိုးဆက် ၂ ခုရဲ့ ဒီဇိုင်းကို ပြန်ပြောင်းလဲ ပေးထားတဲ့ သဘောလည်း ဖြစ်ပါတယ်။ Prototype အဆင့် မြင်ထားရတုန်းက Taillight တွေ မပါဝင်သေးပေမယ့်လည်း Light Bar တစ်ခုထဲမှာပဲ အဆိုပါ မီးအိမ်တွေကို ပေါင်းထည့်ထားလိမ့်မယ် ‌လို့တော့ ခန့်မှန်းရတာပဲ ဖြစ်ပါတယ်။ ပညာရှင် တစ်ချို့က တော့ အခု ကားအင်ဂျင်ကို အသစ် ထွက်လာမယ့် Audi A 4 B10 နဲ့ အတူတူ သုံးထားနိုင်တယ်လို့ ခန့်မှန်း ထားကြပြီး MLB Platform နဲ့ မျိုးဆက်သစ် ဓာတ်ဆီ ၊ ဒီဇယ်အင်ဂျင် တွေကိုလည်း လျှပ်စစ် စွမ်းအင်နဲ့ ပေါင်းကာ ထည့်ပေးထားနိုင်တယ်လို့ ဆိုနေကြပါတယ်။ အခုလိုမျိုး လျှပ်စစ် စွမ်းအင် ပေါင်းစပ် ပေးလာတာ‌ ကတော့ အနာဂါတ် လျှပ်စစ် စွမ်းအင်သီးသန့် အတွက် အသားကျဖို့ ရည်ရွယ်ပြီး လွန်ခဲ့တဲ့ တစ်နှစ် လောက် က ကားတွေမှာ ကတည်းက Audi တို့ ဖန်တီး လာခဲ့တာပါ။

Photo Credit: motor 1.com

PHEV မဟုတ်တဲ့ သာမန် Hybrid အင်ဂျင်နဲ့ကား‌တွေမှာတော့ 48 Volt-Mild Hybrid Setup ကိုထည့် သွင်း ထားပါတယ်။ ပလပ်ထိုးအားသွင်းနိုင်မယ့် Hybrid လျှပ်စစ်ကားပိုင်ရှင်တွေကတော့ သူတို့ရဲ့ ကားတွေ အတွက်လည်း ပိုကောင်းတဲ့ လျှပ်စစ် Range ရနိုင်ဖို့အတွက် ပိုကြီးတဲ့ ဘက်ထရီတွေ ပါလာလိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။ Audi Sport ဆိုရင် RS Q5 ကို ကောင်းကောင်း ပြန်လည် ပြင်ဆင် အဆင့်မြှင့်တင် နေတာကြောင့် ပိုစိတ်ဝင်စားဖို့ ကောင်းတဲ့ Mk 3 ကားတွေ ဆိုရင်ရော ဘာဆက်ဖြစ်လာမလဲ စိတ်လှုပ်ရှား စရာ ကောင်းပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အခု ဖော်ပြခဲ့တဲ့ ကားကိုလည်း Digital ပုံရိပ်အပြင် နောက်လာ မယ့် လပိုင်းတွေထဲမှာ Camouflage နည်းလာမယ့် တစ်ကယ့် ကားအစစ်ကို တဖြည်းဖြည်းချင်း မြင်ရတော့ မှာ ဖြစ်တာကြောင့် စိတ်ဝင်စားဖွယ် စောင့်ကြည့်ရတော့မှာ ပါ။

Ref: motor 1.com

Exit mobile version