MyCars Myanmar

တစ်ခါအားသွင်း ၆၄၁ မိုင် အထိ အမြင့်ဆုံး မောင်းနှင်နိုင်မယ့်စွမ်းဆောင်ရည်တွေနဲ့ ပွဲထွက်လာတဲ့ 2023 Zeekr 001!

Geely ရဲ့ လျှပ်စစ်ကား Brand ခွဲတစ်ခု ဖြစ်တဲ့ Zeekr ကတော့ တရုတ် ကားလုပ်ငန်းကြီး တစ်ခုအနေနဲ့ ကားသစ်တွေ ထုတ်လုပ်ရာမှာ အရှိန်ရလာနေပါပြီ။ အခုဆိုရင်လည်း တရားဝင်မိတ်ဆက်ပေးလိုက်တဲ့ Zeekr 001 မှာဆိုရင် 140 kWh ဘက်ထရီ ပမာဏအထိ ပါဝင်လာတာကြောင့် အားတစ်ခါ သွင်းထားရုံနဲ့ ၆၄၁ မိုင်အထိ မောင်းနိုင်မယ်ဆိုတဲ့ စွမ်းဆောင်ရည်မျိုးကို ပါရရှိလာခဲ့ပါတယ်။  ဒီ ပမာဏ အတိုင်းသာ တကယ်ဆိုရင်တော့ ဒါဟာ လက်ရှိ လျှပ်စစ်ကား တွေထဲမှာ အမြင့်ဆုံးသော စွမ်းဆောင်ရည် စံချိန်ပါ ဖြစ်လာတော့မှာပါ။ အခု 2023 Model အနေနဲ့ ပွဲထွက်လာတဲ့ Zeekr 001 ကားကတော့  ဇိမ်ခံ Safari Coupe အမျိုးအစားဖြစ်ပြီး လျှပ်စစ်စွမ်းအင် ပုံစံကွဲ ၂ မျိုးလောက်နဲ့ ထွက်ပေါ်လာ ပါလိမ့်မယ်။ ကားရဲ့ Base Version ကတော့ လျှစ်စစ်မော်တာ တစ်လုံးတပ်ဖြစ်ပြီး 286 hp အထိ စွမ်းဆောင်နိုင်မှာ ဖြစ်ကာ Flagship Model မှာကတော့ 536 hp အထိ စွမ်းဆောင်နိုင်မယ့် လျှပ်စစ်မော်တာ ၂ လုံးတွဲ ကာ ရရှိနိုင်မှာပါ။ အဆိုပါ Flagship ကားဆိုရင် တစ်နာရီ ၆၂ မိုင် နှုန်း ပမာဏအထိ မြန်နှုန်းမြှင့်ဖို့ကို ၃.၈ စက္ကန့် အတွင်းမှာတင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Phot0 Credit: motor 1.com

တရုတ် ဈေးကွက် ထဲမှာတော့ တစ်ကြိမ် အားသွင်းထားရင် ၃၃၉ မိုင် နဲ့ ၄၆၀ မိုင် အထိ အသီးသီး မောင်းနှင်နိုင်မယ့် 86 kWh ၊ 100 kWh ဘက်ထရီတွေကို ရွေးချယ်ဝယ်ယူ နိုင်ပါလိမ့်မယ်။ နောက်ထပ် သီးသန့် ရွေးနိုင်ဦးမယ့် ဘက်ထရီ ကြီးကတော့ 140 kWh အထိ ရှိတာကြောင့် ၆၄၁ မိုင် အထိကို တစ်ခါ အားသွင်းရုံနဲ့ မောင်းနိုင်မှာပါ။ ဒါပေမယ့် အဆိုပါ ဘက်ထရီ ကြီးနဲ့ ကားကတော့ အစီးရေ ၁၀၀၀ ပဲ ကန့်သတ်ရရှိ နိုင်မှာ ဖြစ်ပါတယ်။ ကားရဲ့ ပုံစံအရတော့ မနှစ်က ဧပြီ တုန်းက အစောပိူင်းမြင်ခဲ့ ရဖူးတဲ့ကားနဲ့ အပြင်ပိုင်းမှာ အတူတူလောက်ပဲ ဖြစ်ပြီး ထူးထူးခြားခြားတော့ အများကြီး မပြောင်းလဲလာခဲ့ ပါဘူး။ ကားကတော့ Crossover အသွင်မျိုးနဲ့ Hatchback အမျိုးအစားဖြစ်ပြီး ၁၉၅.၇ လက်မ အထိ ရှည်နေပါတယ်။ ကားကို အရှေ့ဘက်က ကြည့်လိုက်ရင် ရင်းနှီးသလိုလို မြင်နိုင်မယ့် သဘောကတော့ Geely ပဲ ပိုင်ဆိုင်ထားတဲ့ Lynk And Co ကုမ္ပဏီက ကားတွေရဲ့ အရှေ့ဘက် Fascia နဲ့ ဆင်တူနေလို့ပါပဲ။

Phot0 Credit: motor 1.com

အတွင်းခန်းမှာတော့ ၁၄.၇ လက်မ အရွယ် Touchscreen ကြီးကို Center Console ပေါ်မှာ တပ်ဆင်ထားတာ ထင်ထင်ရှားရှား တွေ့ရပါလိမ့်မယ်။ ဒါ့အပြင် ကား စတီယာတိုင် ရဲ့အနောက်က Instrument Cluster ဆိုရင်လည်း ၈.၈ လက်မ အထိကို ရှိတာပဲ ဖြစ်ပါတယ်။ အခု ကားသစ်တွေကိုတော့ တရုတ် ဈေးကွက်ထဲမှာ စတင်မှာယူနိုင်ပြီ ဖြစ်ပြီး အစောဆုံး ဝယ်ယူထားသူတွေကတော့ အခုနှစ် ပထမ ၃ လ လောက်အတွင်းမှာတင်ပဲ စတင်ရရှိလာ နိုင်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ $ 43,487 လောက် အထိ ကျသင့်နိုင်ပြီး ဥရောပ မှာလည်း အဆိုပါ လျှပ်စစ်ကား တွေကို ဆက်လက် ဖြန့်ချီသွားမယ်လို့ ကုမ္ပဏီ ဘက်က ဆိုထားတာကြောင့် မျှော်လင့်ချင်စရာ ကောင်းနေ ပေမယ့်လည်း 140 kWh ဘက်ထရီ နဲ့ ကားတွေတော့ ပါလာပါ့မလား ဆိုတာ မသိရသေးတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com

Exit mobile version