တစ်ကမ္ဘာလုံး ကားဈေးကွက်တွေ ဘယ်လောက်ပဲ အပြောင်းအလဲ ကြမ်းနေပါစေ နာမည်ကျော် Toyota Corolla တို့ရဲ့ ဆက်တိုက်အောင်မြင်မှု တွေကတော့ တသမတ်တည်းပါပဲ။ အောင်မြင်ပြီးသား ကားကိုမှ ဒီအ ရှိန်ကို ဆက်ထိန်းထားနိုင်ဖို့အတွက် ကုမ္ပဏီကလည်း အခုကားကိုအဆင့်မြင့်သထက်မြင့်အောင် အင်ဂျင်အ သစ် ဒီဇိုင်းအသစ်တို့နဲ့ ထပ်မံ ထုတ်လုပ်ပေးလာ ခဲ့ပြန်ပြီ ဖြစ်ပါတယ်။ အခုမြင်ရတဲ့ Corolla Facelift က အသစ်ကတော့ ဂျပန် ဈေးကွက်ထဲ အခု နှစ်နှောင်းပိုင်း လောက်မှာ စတင်ထွက်ပေါ်လာမယ်လို့ သိထားရပြီး အဆိုပါ ကားအသစ် ထွက်မလာခင် လက်ရှိ ဈေးကွက်ထဲရှိနေတဲ့ ကားတွေကို Countdown ပုံစံမျိုးနဲ့ ရောင်း အား အရင်မြှင့်တင်ဖို့ ရှိတယ် လို့လည်း သိရပါတယ်။ ကားသစ် တွေကိုတော့ ဘယ်လောက်အထိ ထုတ်လုပ် မလဲဆိုတာ မသိရသေးပေမယ့် မှာယူ ပေါ်မူတည်ပြီး Corolla Hatch နဲ့ Sedan ကားတွေကို ရောင်းအား ချိန်ညှိထုတ်လုပ်လာနိုင်ပါတယ်။
အခု ကားအသစ်ရဲ့ အမြင်ပိုင်းအရ အပြောင်းအလဲတွေကို ကြည့်မယ် ဆိုရင်တော့ Headlight နဲ့ Taillight တွေ အပြင် ကားရဲ့ အရှေ့ဘက်က Grille အပိုင်းတွေမှာ ပြောင်းလဲမှုတွေနဲ့ ဒီဇိုင်းသစ်တွေ ဖြစ်လာလိမ့်မယ် လို့ သိရပါတယ်။ ဒါ့အပြင် ကားရဲ့ အရောင်ပိုင်းတွေမှာလည်း ယခင်ကထက်ပိုပြီး အရောင်စုံအောင် ရွေးချယ် လာနိုင်ပြီး Cabin ကလည်း ပိုပြီး ခေတ်မှီ အသုံးတည့်လာမှာ ဖြစ်ပါတယ်။ ယာဉ်မောင်းရဲ့ ထိုင်ခုံကိုတော့ အခြားသော ခုံတွေထက် နောက်မှီစရာ ပိုကောင်းတဲ့ Headrest တွေ ပြောင်းပေးလာဖို့လည်း ရှိနေပါတယ်။ အဆိုပါ ကားသစ်အတွက် စိတ်ဝင်စားဖို့ အကောင်းဆုံး အပြောင်းအလဲ တစ်ရပ်ကတော့ 1.8 Liter Four-Cylinder Engine ကို ထပ်ပြီး မသုံးစွဲလာတော့တာပဲ ဖြစ်ပါတယ်။ အဆိုပါ အင်ဂျင်အစား Hybrid 1.5 Liter Three-Cylinder Dynamic Force အင်ဂျင်ကို အသုံး ပြုလာနိုင်ပြီး Yaris ကားမှာ သုံးထားတာနဲ့ အတူတူ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်လည်း စွမ်းဆောင်ရည်ကအစ 114 hp အထိ ရှိလာနိုင်ပြီး လက်ရှိရရှိ ထားပြီးသားဖြစ်တဲ့ Turbocharged 1.2 Liter Four-Cylinder အင်ဂျင်ကိုလည်း နောက်ထပ် ရွေးချယ် စရာ တစ်ခုအနေနဲ့ ထားပေးထားနိုင်ပါသေးတယ်။
အခု ဖော်ပြထားတဲ့ အပြောင်းအလဲတွေကတော့ လက်ရှိ ဂျပန်ဈေးကွက် အတွက် သီးသန့်ပဲ ရှိနေသေးပြီး အမေရိကန် နိုင်ငံ မစ္စစ္စပီ ဒေသက စက်ရုံထုတ် ကားအသစ်တွေအတွက် ဆိုရင်တော့ ဈေးကွက် ပေါ်လိုက်ပြီး အခြားသော မတူညီ တဲ့ ပြောင်းလဲမှုတွေ ရှိလာနိုင်ပါသေးတယ်။ တစ်ခုစိတ်ဝင်စားဖို့ ကောင်းတာကတော့ ဂျပန် ဈေးကွက်ရဲ့ Corolla တွေမှာ မရတော့တဲ့ Naturally Aspirated 2.0 Liter Four-Cylinder Gasoline Engine ရဲ့ သက်တမ်းပါပဲ။ အဆိုပါ အင်ဂျင်ကို အခြားသော ဈေးကွက်တွေထဲမှာ ဆက်လက် ထည့်သွင်းလာမလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။ Toyota Corolla နဲ့ ဆက်စပ်တဲ့ အခြားသော စိတ်ဝင်စားစရာ ကားအနေနဲ့ ဆိုရင်တော့ မကြာသေးမီကမှ Teaser တွေ အများအပြား ချပြထားတဲ့ GR Corolla Hot Hatch ကားအသစ်ရှိပြီး လတ်တလောမှာတော့ အဆိုပါ ကားအသစ် နဲ့ပတ်သက်လို့ ဘာမှ တိတိကျကျ မသိရသေးတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ ကားမှာ ဆိုရင်တော့ GR Yaris ရဲ့ Turbocharged 1.6 Liter Three-Cylinder အင်ဂျင်ကတော့ All-Whell Drive စနစ်နဲ့ Automatic Transmission ဂီယာ စနစ်တို့ကို ရွေးချယ်ပြီး ပေါင်းစပ် ထည့်သွင်းပေးလာနိုင်ပါတယ်။ GR Corolla အနေ နဲ့ ဆိုရင် တော့ 300 hp လောက်အထိ စွမ်းဆောင်လာနိုင်မယ့် ကားဖြစ်မယ်လို့ ယုံကြည်မျှော်လင့်ရမှာပဲ ဖြစ်ပါတယ်။
Ref: carbuzz.com
